Wednesday, July 23, 2014

ချစ်သူအမိန့်



ချစ်သူအမိန့်


လူနဲ့ပတ်ဝန်းကျင် တွဲဂုဏ်ဆိုပေမယ့်
မင်းကိုချစ်ခဲ့မိတဲ့ အချိန်ကစပြီး
ပတ်ဝန်းကျင်ဆိုတာကို
ဖယ်ထုတ်ထားခဲ့မိတယ်
အရာရာတိုင်းရဲ့
တန်ခိုးရှင်ဟာ မင်းကိုပဲဖြစ်စေချင်တယ်။

မင်းရဲ့အနားမှာ
ပီတိတွေနဲ့ ကလေးငယ်တစ်ဦးလို
မင်းပြောသမျှကို
ကြည်နူးစွာ နားထောင်ရင်း
နေရတဲ့ ဘ၀တစ်ခုကို
ပိုင်ဆိုင်ချင်တာဟာ
မင်းကို ချုပ်ကိုင်အမိန့်ပေးဖို့
မဟုတ်ဘူးဆိုတာကို
ချစ်ရတဲ့သူ တစ်ယောက်
နားလည်နိုင်ပါစေ။
                       လရိပ်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ