Sunday, July 27, 2014

မယ်စကြာဝဠာမြန်မာ သျှားထွဋ်အိန္ဒြာ သရဖူဆောင်းပြီ


ကမ္ဘာ့ မယ်စကြာဝဠာပြိုင်ပွဲမှာ ၂ဝ၁၄အတွက် မြန်မာနိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်မယ့် Miss Universe Myanmar အဖြစ် အလှမယ် သျှားထွဋ်အိန္ဒြာကို ဇူလိုင် ၂၇ရက်နေ့က သရဖူချီးမြှင့် ရွေးချယ်လိုက်ပါပြီ။ သရဖူပြန်သိမ်းခံရတဲ့ ဖြစ်ရပ်တွေဟာ အခု မယ်ရွေးပွဲကိုရော ရောင်ပြန်ဟပ်နေလား။
အလှမယ်တွေနဲ့ Miss Organization တွေကြား ပဋိပက္ခဖြစ်ရတာဟာ နားလည်မှုလွဲတာ၊ သဘောထားမတိုက်ဆိုင်တာတွေလည်း ပါသလို မြန်မာပြည်မှာ Miss ပြိုင်ပွဲတွေ ပြန်ကျင်းပတာ မကြာသေးတာကြောင့် အလုပ်သဘော နားမလည်တဲ့အပိုင်းတွေ ပါဝင်မယ်လို့ National Director ဒေါ်စိုးယုဝေက ပြောပါတယ်။
ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကို နိုဝင်ဘာနောက်ဆုံးပတ်နဲ့ ဒီဇင်ဘာလဆန်းတွေမှာ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်အတွက်တော့ ကျင်းပမယ့်အချိန်နဲ့ နေရာကို မထုတ်ပြန်သေးပေမယ့် ကြိုတင်ပြင်ဆင် လေ့ကျင့်မှုတွေ သေသေချာချာလုပ်သွားမယ်လို့ သူက ပြောပါတယ်။
အမျိုးသားဇာတ်ရုံမှာ ကျင်းပတဲ့ Miss Universe Myanmar 2014 ပြိုင်ပွဲမှာ Title ဆုရှင် ခါးနံပါတ် ၁၈ သျှားထွဋ်အိန္ဒြာနဲ့အတူ ပထမဆုအဖြစ် ရေပန်းစားနေတဲ့ ယွန်းမှီမှီကျော်၊ ဒုတိယဆုကို ရွှေစင်ကိုကိုတို့ ရရှိခဲ့ကြပါတယ်။ ဒီအလှမယ် ရွေးပွဲမှာ အဆိုတော် စည်သူလွင်၊ သျှီ၊ နီနီခင်ဇော်နဲ့ နေတိုးတို့က သီချင်းတွေနဲ့ သီဆိုခဲ့ကြသလို အလှမယ် ပြိုင်ပွဲဝင်တွေကလည်း ကချင်ရိုးရာဝတ်စုံတွေနဲ့ ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။
၂ဝ၁၄အတွက် မယ်စကြာဝဠာမြန်မာဆုရှင် သျှားထွဋ်အိန္ဒြာက ပြိုင်ပွဲဝင် ၂ဝထဲက နောက်ဆုံး ဆန်ကာတင် ၅ယောက်ထဲ ပါဝင်ခဲ့ချိန်ထိ Crown ရမယ်လို့ မမျှော်လင့်ခဲ့ဘဲ အခုလို ရွေးချယ်ခံခဲ့ရတာမို့ အရမ်းကို ဝမ်းသာပီတိဖြစ်ရတယ်လို့ ပြောပါတယ်။
နိုင်ငံကိုယ်စားပြုအဖြစ် နိုင်ငံတကာမှာ သွားရောက်ယှဉ်ပြိုင်ဖို့အတွက် မြန်မာပြည်သူတွေရဲ့ အားပေးမှု လိုအပ်သလို သူကလည်း အစွမ်းကုန်ကြိုးစားသွားမယ်လို့ ကတိပေးခဲ့ပါတယ်။ ၂ဝ၁၃မှာတော့ အလှမယ် မိုးစက်ဝိုင်က သရဖူရခဲ့ပြီး ဒီနှစ်ဟာ ဒုတိယမြောက်ရွေးတာလည်း ဖြစ်ပါတယ်။
kamayut media

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ