Wednesday, July 16, 2014

ကျိုက်မှော်ဝန်းရေလယ်စေတီတော်တွင် ဘုရားဖူးများ အန္တရာယ်ကင်းစေရန် ဆောင်ရွက်ပေးနေဟုဆို


ရန်ကုန်၊ဇူလိုင် ၁၅- ရန်ကုန်တိုင်း ဒေသကြီး ကျောက်တန်းမြို့နယ် ကျိုက်မှော်ဝန်း ရေလယ်စေတီတော် တွင် မိုးရာသီကာလ ဘုရားဖူးများ အန္တရာယ်ရှိနိုင်သဖြင့် အန္တရာယ်ကင်း လုံခြုံစွာ ဘုရားဖူးနိုင်ရေးအတွက် ဂေါပကအဖွဲ့မှ လုံခြုံရေးအပြည့်ဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ကျောက်တန်းရေလယ်ဘုရား ဂေါပက အဖွဲ့မှအတွင်းရေးမှူးဦးလှသွင်မှ ပြောသည်။
''ဘုရားဖူးတွေ လုံခြုံစွာ ဖူးမြော် နိုင်ဖို့ သမ္ဗာန်တိုင်းမှာ အသက်ကယ် အင်္ကျီတွေလဲ ထားရှိထားပါတယ်။ မိုး လေဝသအခြေအနေကမှောင်မည်း နေတာတို့၊ မိုးလေတွေ အရမ်းကြီးတဲ့ အခါတွေဆို သမ္ဗာန်တွေကို ခေတ္တ ဆိုင်းငံ့ထားပါတယ်။ နေ့တိုင်း ပုံမှန် တော့ ဖူးမြော်နိုင်စေရန် နံနက် ၆ နာရီမှ ညနေ ၆နာရီအထိ ဖွင့်လှစ် ပေးထားပါတယ်''ဟု ကျောက်တန်း ရေလယ်ဘုရားဂေါပကအဖွဲ့မှ အတွင်း ရေးမှူး ဦးလှသွင်က ပြောသည်။
ယခုနှစ်တွင် ကျိုက်မှော်ဝန်း ရေလယ်ဘုရားတွင် ယခင်နှစ်များ ထက်ပို၍ ရေများကြောင်း၊ ဇူလိုင် ၁၄ရက်တွင်လည်း ကျောက်တန်းမြို့ တွင် ဒီရေများတက်သဖြင့် ကမ်းနား တစ်လျှောက် လမ်းများပေါ်သို့ ပင် လယ်ရေ တက်ရောက်ခဲ့သော်လည်း ကျိုက်မှော်ဝန်းရေလယ်စေတီတော် ရင်ပြင်ပေါ်သို့ တက်ရောက်ခြင်းမရှိ ဘဲ ကုန်းတော်ဖောင်း ရစ်စိန်တောင် များအောက်တွင် သာရှိနေကြောင်း သိရသည်။
''ညီမတို့လို သန်လျင်မှာ ကျောင်း တက်နေတဲ့ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ လျှောက် လည်စရာဆိုလို့ ကျိုက်ခေါက်ဘုရား တို့၊ ကျောက်တန်းရေလယ်ဘုရားတို့ပဲ သွားတာပါ။ မိုးရာသီမှာ သူငယ်ချင်း တွေကလဲ မိန်းကလေးတွေဆိုတော့ ရေလယ်ဘုရားဆို မသွားရဲကြဘူး လေ။ အန္တရာယ်များလို့ပါ။ ဂေါပက အဖွဲ့က လုံခြုံစွာ ဖူးမြော်နိုင်ရန် ယခု လို သတိပေးတယ်ဆိုတာ စိတ်အေး ချမ်းစွာ ဖူးမြော်နိုင်တာပေါ့''ဟု သန် လျင်မြို့မှ မသဉ္ဇာက ပြောသည်။
ကျောက်တန်းရေလယ်ဘုရား ကို သာသနာနှစ် ၂၁၅ခုနှစ်တွင် ပါဒ နိုင်ငံတော်ကို ထူထောင်ခဲ့သော ဘောဂသေနမင်းက ဆရာရသေ့ ပေးအပ်လာသော ဆံတော်နှင့် ဓာတ် တော်များကို ဌာပနာပြီး သာသနာ သက္ကရာဇ် ၂၃၈တွင် အဓိဋ္ဌာန် သုံး ချက်ဖြင့် တည်ထားကိုးကွယ်ခဲ့သည်။
ယင်း အဓိဋ္ဌာန်သုံးချက်မှာ စေတီ တော်ရင်ပြင်ကို ရေမလွှမ်းမိုးနိုင်စေ သတည်း၊ လာသမျှ ရဟန်း၊ ရှင်လူ အပေါင်း ရင်ပြင်တော်အပေါ်တွင် နေလောက်စေသတည်း၊ စေတီတော် ပြုပြင် လှူဒါန်းသူသည် ယခုလက်ရှိ တွင်ပင် လောကီအကျိုးစီးပွား တိုးတက် ပါစေသတည်းဟူ၍ဖြစ်သည်။ ၁၃၅၁ ခုနှစ်မှ ၁၃၅၉ခုနှစ်အထိ ကျပ်သိန်း ပေါင်း တစ်ထောင့်ငါးရာဖိုး အကုန် အကျခံကာ ဘက်စုံပြုပြင်မွမ်းမံခဲ့ ကြောင်းလည်းသိရသည်။
TST

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ