Wednesday, July 23, 2014

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူတို့တစ်တွေ လိုင်ဇာသို့ ရောက်ရှိကြပြီ

ပြည်တွင်းငြိမ်းချမ်းရေးအတွက် သူတို့တစ်တွေ လိုင်ဇာသို့ ရောက်ရှိကြပြီ
=======================================

ရန်ကုန်၊ ဇူလိုင် ၂၂- တတိယ အကြိမ်ကျင်းပပြုလုပ်မည့်တိုင်းရင်း သားလက်နက်ကိုင်ခေါင်းဆောင်များ ညီလာခံသို့ တက်ရောက်ရန်အတွက် တိုင်းရင်းသားခေါင်းဆောင်များ ကချင် လွတ်မြောက်ရေးအဖွဲ့အစည်း (ကေ အိုင်အို)ဌာနချုပ် လိုင်ဇာမြို့သို့ ဇူလိုင် ၂၂ရက်တွင် ရောက်ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
တိုင်းရင်းသားလက်နက်ကိုင် ၁၇ဖွဲ့မှ ခေါင်းဆောင်များသည်မြစ် ကြီးနားမြို့မှတစ်ဆင့် လိုင်ဇာမြို့သို့ သွားရောက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
''မနေ့က NCCT အဖွဲ့တွေ နဲ့အခြားတိုင်းရင်းသားခေါင်းဆောင် တချို့တော့ လိုင်ဇာကိုထွက်သွားကြ ပြီ။ ဒီနေ့မှမြစ်ကြီးနားရောက်တဲ့ ခေါင်းဆောင်တချို့ကတော့ နက်ဖြန်ကျမှ ကျွန်တော်တို့နဲ့အတူသွားကြ မယ်လို့သိရတယ်''ဟု လိုင်ဇာညီလာ ခံသို့ သတင်းသွားရောက်ရယူမည့် မြစ်ကြီးနားမြို့တွင် ရောက်ရှိနေသည့် ပြည်တွင်းသတင်းထောက်တစ်ဦးက ဆိုသည်။
တိုင်းရင်းသားထိပ်သီးခေါင်း ဆောင်များညီလာခံအား ကေအိုင်အို ဌာနချုပ် လိုင်ဇာမြို့တွင် ဇူလိုင်၂၄ ရက်မှ၂၆ရက်အထိ ကျင်းပမည်ဖြစ်သည်။
ယင်းညီလာခံတွင် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးအတွက် လက်မှတ် ရေးထိုးနိုင်ရန်အတွက် ဆက်လက် ဆွေးနွေးကြမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များ၏ ထိပ်သီးညီလာခံ အား ၂ဝ၁၃နိုဝင်ဘာလဆန်းတွင် လိုင်ဇာမြို့တွင် ကျင်းပခဲ့ပြီး ဒုတိယအကြိမ်ညီလာခံအား ၂ဝ၁၄ဇန်နဝါရီ လအတွင်း၌ ကေအင်န်ယူနယ်မြေ တပ်မဟာ(၇) လော်ခီးလာတွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းညီ လာခံများမှရရှိလာသည့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေးစာချုပ် မူကြမ်းအား ပထမအကြိမ်လိုင်ဇာ ညီလာခံမှဖွဲ့စည်းလိုက်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိ နှိုင်းရေးအဖွဲ့ NCCT နှင့်အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေးကော်မတီ UPWC မှရေးဆွဲထားသည့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်းနှင့် ပူးပေါင်း၍ စာချုပ်မူကြမ်းတစ်စောင် တည်းဖြစ်စေရန်အတွက် နှစ်ကြိမ်တိုင် ဆွေးနွေးခဲ့ပြီး ယင်းဆွေးနွေးပွဲမှ သဘောတူရရှိလာသည့်အချက်များ အားတိုင်းရင်းသားထိပ်သီးညီလာခံ တွင် ဆက်လက်ဆွေးနွေးသွားကြမည် ဖြစ်သည်။
အစိုးရနှင့် NCCT တို့ပူးပေါင်း ရေးဆွဲနေသည့် တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲရေးစာချုပ်မူကြမ်း အခန်း ခုနစ်ခန်းမှ အချက်ပေါင်း ၁၂၂ချက်ရှိ သည့်အနက်အချက်ပေါင်းသုံးဆယ် ခန့် ဆက်လက်ဆွေးနွေးရန်ကျန်ရှိ နေသေးကြောင်း သိရသည်။
''အဓိကကျန်နေတဲ့အချက်တွေ က နည်းစနစ်ပိုင်းဆိုင်ရာအချက်တွေ မဟုတ်တော့ဘူး။ မူဝါဒဆိုင်ရာကိစ္စ တွေဖြစ်နေတယ်။ ကျန်တဲ့အချက် တွေကို လိုင်ဇာမှာကျင်းပမယ့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ် သီးညီလာခံမှာမှ ဆုံးဖြတ်လို့ရမယ်''ဟု NCCT အဖွဲ့ဝင်ချင်းအမျိုးသား တပ်ဦး၏ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျှံမှုန်းဆာခေါန်း က ပြောသည်။
ယခင်ညီလာခံနှစ်ကြိမ်တွင် တက် ရောက်ခဲ့ခြင်းမရှိသည့်'ဝ'အဖွဲ့ UWSA နှင့်မိုင်းလားအဖွဲ့တို့မှာ ယခုညီလာခံ သို့ တက်ရောက်နိုင်ရန်မသေချာသေး ကြောင်း သိရသည်။
LA

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ