Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Wednesday, July 30, 2014
ကိုယ်စီတာဝန်ကျေပွန်စို့
အချုပ်အခြာအာဏာပိုင်နိုင်ငံဆိုသည်မှာ ပိုင်နက်နယ်မြေ၊ လူဦးရေ၊ အစိုးရ၊ အချုပ် အခြာအာဏာ၊ နိုင်ငံ တကာအသိအမှတ်ပြုမှုများဆိုသည့်စံနှုန်းနှင့် ကိုက်ညီရမှာဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ပိုင်နက် နယ်မြေ တိတိကျကျရှိ သည်။ လူဦးရေသည်လည်း သန်းခြောက် ဆယ်ကျော်ရှိသည်။ အုပ်ချုပ်သည့်အစိုးရလည်း ရှိသည်။ အချုပ်အခြာအာဏာပိုင်ဆိုင်သည်။ ကမ္ဘာမှာ မြန်မာဟု ဂုဏ်ယူဝံ့ကြွားနိုင်သည့် ဂုဏ်ယူ စရာနိုင်ငံဖြစ်သောကြောင့် နိုင်ငံတကာ၏ အသိအမှတ်ပြုမှုလည်း ခံယူနိုင်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းကိုပြန်ပြောင်းလေ့လာကြည့်မည်ဆိုလျှင် မြန်မာနိုင်ငံသမိုင်းမတင်မီခေတ်၊
ရှေးဟောင်းခေတ်မြန်မာနိုင်ငံ၊ ကျေးပိုင်ကျွန်ပိုင်စနစ်များ ရောနှောနေ သောမြေရှင်ပဒေသရာဇ် ခေတ် (ခေတ်လယ်)၊ မြေရှင်ပဒေသရာဇ်ခေတ်(ခေတ်နှောင်း)၊ဗြိတိသျှကိုလိုနီခေတ်၊လွတ်လပ်ရေးရပြီး ပြည်ထောင်စြု မန်မာနိုင်ငံတော် ဟု ခေတ်(၆)ခေတ်ကို လေ့လာတွေ့ရှိရပါသည်။ မြန်မာ့နိုင်ငံရေးခရီးသည် ပန်းမွေ့ ယာရွှေကော်ဇော ခင်းထားသည့် လမ်းပေါ်သို့ ငြင်သာသိမ်မွေ့စွာလျှောက်လှမ်းခဲ့ရသည် မဟုတ် ပါ။ နှစ်ပေါင်းကြာ ရှည်ကာ အဆိုးသံသရာထဲမှာ တ၀ဲလည်လည်ဖြစ်နေရသဖြင့် တစ်ဦးနှင့်တစ်ဦးသံသယ စိတ်ဖြင့် အကောင်းမမြင်နိုင်ကြပါ။တစ်ဦးနှင့်တစ်ဦးချစ်ကြည်ရင်းနှီးမှုပျက်ပြားကာ သွေးကပြော သောစကား ထက် ဘေးပြောသည်ကို ယုံခဲ့ကြပါသည်။ ထို့အတွက်ကြောင့်လည်း ခေတ်ဟောင်းမှာတ၀ဲလည်လည်ဖြစ်ခဲ့ ရသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ခဲ့ရပါသည်။
နိုင်ငံတစ်နိုင်ငံ၏ခေတ်ပြောင်းလျှင်စနစ်ပါလိုက်လံပြောင်းလဲတတ်သည်ကို တွေ့ရမည် ဖြစ်ပါသည်။
ခေတ်ပြောင်းလဲလျှင် စနစ်ပါပြောင်းလဲမှဖြစ်ပါသည်။ ရှေးခေတ်က စနစ်များကို ယနေ့ခေတ်ထိ ဆက်လက် ကျင့်သုံးနေမည်ဆိုပါက အံမ၀င်ခွင်မကျနိုင်သည်များရှိနိုင်ပါသည်။ သို့သော် ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံတော်သစ်ကိုတည်ထောင်ပြီဆိုကတည်းက ဒီမိုကရေစီနိုင်ငံ နှင့်လိုက်လျောညီ ထွေဖြစ် ရလေ အောင်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို တစ်ဆင့်ချင်းတစ် ဆင့်ချင်းလုပ်ဆောင်နေပါပြီ။ သို့သော် ဒီမိုကရေစီ သည် ခရီးဆုံးပန်းတိုင် မဟုတ် လျှောက်လှမ်း ရမည့် ခရီးဖြစ်သည့်အတွက် ခုရေတွင်းတူး ခုရေကြည်သောက်၍ မရနိုင်ပါ။ ကူးပြောင်းခြင်းတွင် ကောင်းသည့်ဘက်ကို ကူးပြောင်းခြင်းဖြစ်လျှင် သင့်လျော်သော်လည်း ကူးပြောင်းရင်းနှင့်လမ်းကြောင်းလွဲမသွားဖို့ သတိထားရမှာဖြစ် ပါသည်။ လမ်း လျှောက်တတ်စကလေးငယ်တစ်လျှောက် လမ်းလျှောက်သလို စမ်းတ၀ါးဝါးဖြင့်လျှောက်လှမ်း ရင်း မတော်လဲသွားမှာစိုးရိမ်ရပါသေးသည်။ ဒီမိုကရေစီပန်းတိုင်ကို လျှောက်လှမ်းနေခြင်းမှာလည်း လမ်းလျှောက်တတ်စကလေးငယ်များကဲ့သို့ မလျှောက်တတ်ပါက ခြေချော်လဲမှာစိုး ထိတ်ရပါသေးသည်။ သို့အတွက်ကြောင့် မည်သည့်အလုပ်ကိုလုပ်ကိုင်စေကာမူ အထူး သတိထားဖို့လိုအပ်ပါသည်။
သို့သော်…. တစ်နေ့ တစ်လံ ပုဂံဘယ်ရွေ့မလဲဆိုသည့် ထုံးကိုနှလုံးမူကာ ကျွန်ုပ် တို့မြန်မာနိုင်ငံ သားချင်းချင်း ချစ်ကြည်ရင်းနှီးကာ အတူတကွပူးပေါင်းလက်တွဲကာ အတူတူချီ တက်သွားမည်ဆိုပါက ဒီမိုကရေစီပန်းတိုင်ကို မဝေးတော့သောတစ်နေ့မှာရောက်ရှိတော့မည်မှာမလွဲ ဧကန်အမှန်ပင်။ထိုပန်းတိုင် ကိုရောက်ဖို့ဆိုရာမှာလည်း တူညီသောရည်မှန်းချက်ရှိဖို့လိုအပ်ပါသေးသည်။
ကမ္ဘာပေါ်ရှိနိုင်ငံတိုင်းလိုလိုသည် မိမိနိုင်ငံနှင့်လိုက်လျောညီထွေဖြစ်မည့်၊ ခေတ်စနစ်နှင့်လိုက်လျော ညီထွေဖြစ်မည့် စနစ်များရွေးကောက်ပွဲပုံစံများ ကို အဓိကထားကျင့်သုံးနေကြသည်ဖြစ်ရာ မြန်မာနိုင်ငံ အနေဖြင့်လည်း မိမိနိုင်ငံနှင့်လိုက်လျော ညီထွေဖြစ်မည့်ရွေးကောက်ပွဲစနစ်ကိုရွေးချယ် ကျင့်သုံးရမှာဖြစ်ပါ သည်။ ယခုအခါတွင် လွှတ်တော်ထဲ တွင် ရွေးကောက်ပွဲ စနစ်နှင့်ပတ်သက်ပြီး အငြင်းပွားနေကြသည် ကို တွေ့ရှိနေရပါ သည်။ မြန်မာနိုင်ငံသည် နိုင်ငံက သေးငယ်သလောက် လူဦးရေမှာလည်း သန်း(၆၀)ကျော် သာရှိပါသည်။ သန်း(၆၀)ကျော်သောလူဦးရေတွင် ပါတီပေါင်းက (၆၀)နီးပါးမျှ ရှိနေသည်မှာ အခြားနိုင်ငံများနှင့်ကွာခြားချက် တစ်ရပ်ဖြစ်နေပါသည်။ ထို့အတွက် ကြောင့် ဒီမိုကရေစီ စနစ်ကိုကျင့်သုံးသည့် အခြားနိုင်ငံများကိုလေ့လာ ရမှာမှန်သော်လည်း သူများနိုင်ငံများကဲ့သို့ ပုံတူကူးချ၍ ရနိုင်မည်မထင်ပါ။
မြန်မာ့နိုင်ငံရေးသမိုင်းတွင် လွတ်လပ်ရေးရပြီးသည့်နောက်တွင် ကျင်းပဖြစ်ခဲ့သော ရွေးကောက်ပွဲ များဖြစ်သည့်ပါလီမန် ဒီမိုကရေစီခေတ်ရွေးကောက်ပွဲ ၊လမ်းစဉ်ပါတီခေတ် ရွေးကောက်ပွဲ၊ ၁၉၉၀ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲ၊၂၀၁၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲများ တွင် FPTPစနစ်ကို တစိုက်မတ်မတ် မပြောင်းလဲပဲ လိုက်နာကျင့်သုံး ခဲ့ပါသည်။
ယနေ့အချိန်အခါတွင်FPTPစနစ်အစား PRစနစ်ကိုရွေးချယ်ကျင့်သုံးသွားမည်ဟုဆိုသူကဆို သော် လည်း လက်မခံသည့်သူများကလည်းလက်မခံကြပါ။မိမိအနေဖြင့် အဟောင်းသံသရာထဲမှာ လည်နေမည့်အစား စနစ်တစ်ခုက စနစ်တစ်ခုကို အကောင်းဆုံးဖြစ်အောင်ပြောင်းလဲနိုင်လျှင် ကောင်းမည်ဟု မြင်မိပါသည်။ လူလုပ် သည့် အလုပ်မှန်သမျှ မည်သည့်အခါမှ Perfectမဖြစ်နိုင်ပါ။အကောင်းနှင့်အဆိုးသည် အမြဲဒွန်တွဲနေ မှာဖြစ်ပါ သည်။ကောင်းသည်ကများလျှင် အကောင်းဘက်သို့ ဦးတည်ပြီး ဆိုးသည်ကများလျှင် အဆိုးဘက် သို့ ဦးတည် သွားမှာဖြစ်ပါသည်။ ထို့အတွက် အားလုံးပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် မည်သည့်စနစ်ပင် ကျင့် သုံးစေကာ မူ ကောင်းမွန်သောအခြေအနေတစ်ခုဖန်တီးနိုင်မည်ဟုယုံကြည်ပါသည်။
ပြည်ထောင်စုကြီး၏ဖွဲ့စည်းတည်ဆောက်ပုံတိုင်းရင်းသားလူမျိုး၏ ပျံ့နှံ့တည်ရှိမှု၊ ဒေသ အလိုက် တည်ငြိမ်အေးချမ်းမှု၊ လူဦးရေအခြေအနေများကို ထည့်သွင်းစဉ်းစားကာ အဖြေရှာ ဆောင်ရွက်သင့် ပါသည်။ အကောင်းများလျှင်ဖြင့် များသည့်စနစ်ကို ကျင့်သုံးရမှာဖြစ်ပါသည်။
PRစနစ်ကို ရွေးချယ်ကျင့်သုံးမည်ဆိုပါက ပါတီငယ်များ နိုင်ငံရေးအင်အားစုများများစွာ ပေါ်ပေါက် လာ နိုင်သော ကြောင့် နိုင်ငံရေးအငြင်းအခုံနှင့်ပဋိပက္ခများ ပိုမိုများပြားလာပြီးနိုင်ငံရေးညီညွတ်မှုနှင့် စည်းလုံးရေး ပျက်ပြားသွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်တွင် တပ်မတော်သားကိုယ်စားလှယ် တစ်ဦး က ပြောကြား သွားသည်ကိုသိရပါသည်။ ထိုသို့ဆိုလျှင် ၄င်းအားနည်းချက်များကို အကောင်းဆုံးဖြစ်အောင် မည်ကဲ့သို့ ပြုပြင်ကြိုးပမ်းဆောင်ရွက်မှာလဲ စဉ်းစားရမှာဖြစ်ပါသည်။
PR စနစ်သည် (၁) နိုင်ငံရေးပါတီများဘက်ကကြည့်လျှင်ပါတီကြီးငယ်မ ဟူပြည်သူက ခွင့်ပြုသလောက် ကိုယ်စားပြုခွင့် ရှိသဖြင့်အခွင့်အရေးတန်းတူရခြင်း (၂) မဲဆန္ဒရှင်များဘက်ကကြည့် လျှင်သူတို့ ၏မဲများ အလဟဿမဖြစ်တော့ခြင်းစသောရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာတ ရားမျှတမှု (electoral justice) ကိုဆောင်ကျဉ်းပေးသည်။ ဤစနစ်တွင်မဲဆန္ဒရှင်များ သည် မိမိတို့ မဲထည့်သော ပါတီနှင့် အမတ်လောင်း သည်မိမိတို့ မဲဆန္ဒနယ်တွင်ရွေးချယ်မခံရသည့်တိုင်အချိုးကျစနစ်အရပါတီကစေလွှတ်ခွင့်ရ သောအမတ်အားဖြင့်ကိုယ်စားပြုခံရနိုင်သဖြင့် ရွေးကောက်ပွဲတွင်မည်သည့် အမတ်လောင်းကိုမဲထည့်ခဲ့ သည်ဖြစ်စေမဲပေးသူတိုင်း အတွက်ကိုယ်စားပြုပေးသူရှိနေသည်။ ဟူသည့်အားသာချက်များကိုလည်းတွေ့မြင်နေရသည်ဖြစ်ရာအားသာချက်များ၊အားနည်းချက်များ ကိုအကောင်း ဆုံးဖြစ်အောင်လုပ်ဆောင်နိုင် မည်ဆိုပါလျှင် PRစနစ်ကျင့်သုံးလျှင်လည်း သင့်တော် မည်ဟု မြင်မိပါသည်။ စာရေးသူတို့အနေဖြင့် ၂၀၁၅ပါတီစုံအထွေ ထွေရွေးကောက်ပွဲကြီး တွင် နိုင်ငံသားတစ်ယောက် တာဝန်ကျေပွန်စွာ အသဲကြားက မဲတစ်ပြားနှင့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာရပ်တည်နိုင်အောင် ဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်နှင့် ပူးပေါင်းပါဝင် ဆောင်ရွက် မည်ဟု ဆိုချင်ပါသည်။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)
Labels:
ဆောင်းပါးများ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment