Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Wednesday, July 16, 2014
စက်တင်ဘာတွင် စရောင်းမည့် တယ်လီနောဆင်းကတ် မြို့ကြီးသုံးမြို့ကို ဦးစားပေးမည်
တယ်လီနော မိုဘိုင်းဖုန်း ဆင်းကတ်များ စတင်ရောင်းချမည့် စက်တင်ဘာလတွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီး သုံးမြို့ကို ဦးစားပေး ဖြန့်ချိ ရောင်းချသွားမည်ဖြစ်ကြောင်း တယ်လီနော မြန်မာ၏ အမှုဆောင်အရာရှိချုပ် Mr.Furberge က ဇွန်၁၄ ရက်က မဇ္ဈိမကို ပြောသည်။
လက်ရှိတွင် မိုဘိုင်းကွန်ယက် တည်ဆောက်ခြင်းအတွက် မိုဘိုင်းတာဝါတိုင် တည်ဆောက်ခြင်းများ၊ မိုဘိုင်းနက်ဝက်ပစ္စည်း တပ်ဆင်ခြင်းများ လုပ်ဆောင်နေပြီး စက်တင်ဘာလအမှီ စတင်ဝန်ဆောင်မှုပေး နိုင်မည်ဟု ၎င်းက ထပ်လောင်းပြောကြားထားသည်။
လစဉ် မိုဘိုင်းကွန်ရက်ချဲ့ထွင်ခြင်းပြုလုပ်သွားမည်ဖြစ်ပြီး လာမည့် ငါးနှစ်အတွင်း တစ်နိုင်ငံလုံး၏ မိုဘိုင်းကွန်ယက် ၉ဝ ရာခိုင်နှုန်းကျော်ကို ရောက်ရှိလာမည်ဟု ခန့်မှန်းထားကြောင်း ၎င်းက ဆိုသည်။
တယ်လီနောမိုဘိုင်းဆင်းကတ်၏ ဖုန်းခေါ်ဆိုများကိုလည်း အသက်သာဆုံးဈေးနှုန်းဖြင့် ခေါ်ဆိုနိုင်ရန် စီစဉ်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဈေးနှုန်းကို တရားဝင် ပြောဆိုနိုင်ခြင်း မရှိသေးဟု Mr.Furberge က ပြောသည်။
mizzima
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment