မြန်မာနိုင်ငံသည် လွတ်လပ်သောနိုင်ငံဖြစ်သည်။
ကမ္ဘာကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံဖြစ် သည်။မြန်မာနိုင်ငံ သည် အရှေ့၊အနောက် တောင်၊မြောက်ရှိ
နိုင်ငံအားလုးံနှင့်သံတမန် အဆက်အသွယ် ရှိသည်။ နိုင်ငံအားလုံးနှင့် ချစ်ကြည်သည်။ရန်သူမရှိ
၊ကမ္ဘာကုလသမ္မဂ အဖွဲ့ဝင်များနှင့်လည်း ဆက်သွယ် လျက်ရှိသည်။အစိုးရမဟုတ် သော အဖွဲ့အစည်း(NGO)
နှင့်လည်း အဆက်အသွယ်ရှိသည်။ကမ္ဘာတွင် အထီးကျန်နေခြင်းမရှိသည်မှာသိ သာလှသည်။မြန်မာသည်အချုပ်အခြာအာဏာတည်တံခိုင်မြဲလျက်ရှိသော နိုင်ငံဖြစ် သည်။
မြန်မာနိုင်ငံသည်
နယ်ချဲ့တို့၏ကျွန်ဘ၀မှ လွတ်လပ်ရေးကို ၁၉၄၈ ခုနှစ်တွင်ရခဲ့သည်။ထိုစဉ်အခါမှစ၍ ၀ဲယာမယိမ်းသော
နိုင်ငံရေးမူဝါဒကျင့်သုးံခဲ့သည်။စစ်အေးတိုက်ပွဲ၌လည်း မပါဝင်ခဲ့။စစ်အုပ်စုအဖွဲ့ အနေနဲ့
လည်းမပါဝင်ခဲ့။မည်သည့်အုပ်စုနှင့်မျှ ရောထွေးယှက်တင်မရှိ။မိမိတို့၏ လွတ်လပ်၍တက်ကြွသော
နိုင်ငံရေး မူဝါဒအပေါ် ခိုင်မြဲစွာရပ်တည်ခဲ့သည်။ ခံယူထားသော နိုင်ငံရေးမူဝါဒသည် ရှင်းသည်။ပြတ်သားသည်။
မည်သည့်နိုင်ငံ၏ သြဇာလွမ်းမိုးမူကိုမှ လက်ခံမည်မဟုတ်၊ မှန်ကန်သောဖက်မှရပ်တည်သည်။ လွတ်လပ်စွာ
ဆုးံဖြတ်သည်။ နှောင်ကြိုးမဲ့သည်။ ထို့အတူ ၇ပ်တည်ချက်သည် တက်ကြွသည်။ မည်သည့်ဘက်ကိုမှ
မလိုက် ဘဲ ငြိမ်နေခြင်းမဟုတ်၊ သာရာစီးခြင်းလည်းမဟုတ်၊ ကမ္ဘာ လူ့ဘောင်လောက အတွက် တရားနည်းလမ်း
အကျဆုးံဘက်မှ အရောင်အသွေးမရှိတက်ကြွစွာ ရပ်တည်သည်။ ဤသည်က လွတ်လပ်၍ တက်ကြွသော မြန်မာ့နိုင်ငံခြားရေး မူဝါဒဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံ
ဘန်ဒေါင်းမြို့ ၌ဘက်မလိုက်ညီလာခံများ ဖွဲ့စည်းစဉ်က ဦးဆောင်ခဲ့သော နိုင်ငံတွင် မြန်မာနိုင်ငံသည်
ရှေ့တန်းမှ ပါဝင်ခဲ့သည်။စတင်ဖွဲ့စည်းသည့် နိုင်ငံမှာ ငါးနိုင်ငံဖြစ်သည်။မြန်မာ ၊အိန္ဒိယ၊
အင်ဒိုနီးရှား၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ယူရိုဆလပ်နိုင်ငံတို့ဖြစ်သည်။ ကမ္ဘာတွင်
အရှေ့အုပ်စု ၊အနောက် အုပ်စု အင်အားပြိုင်နေသည်။တတိယကမ္ဘာစစ်ပင်ဖြစ်လုနီးဖြစ်ခဲ့သည်။
စစ်အဖွဲ့ အစည်း များပေါ်ပေါက်ခဲ့သည်။ ဆီးတိုး(SETO) ခေါ် အရှေ့တောင်အာရှ စစ်အုပ်စု စာချုပ်အဖွဲ့ရှိခဲ့ဖူးသည်။
ဥရောပတွင်(NATO) ခေါ် မြောက် အတ္တလန္တိတ်စာချုပ်တွင် အဖွဲ့ရှိသည်။ယင်းအုပ်စုများကို အနောက်အုပ်စု ကဦးဆောင်ခဲ့သည်။
အဏုမြူထိပ် ဖူးတပ် ကမ္ဘာပျက်လက်နက်များပင် တပ်ဆင်ထားသည်။
မြန်မာနိုင်ငံ၏
အိမ်နီးချင်းနိုင်ငံအချို့ ဆီးတိုးစစ်စာချုပ်အဖွဲ့ ၌ပါခဲ့ဖူးသည်။ အရှေ့ဥပရောတွင် ၀ါဆော စစ်စာချုပ်ရှိသည်။ယခုအခါ
ပျက်ပြယ်သွားပြီဖြစ်သည်။ မြန်မာသည်မည်သည့်စစ်အုပ်စု၌ မပါဝင်ခဲ့။ ကင်းကင်းရှင်းရှင်းနေခဲ့သည်။မည်သူ
တစ်ဦးတစ်ယောက်၏ကြဇာမျှမခံပဲ လွတ်လပ်စွာနေသည်။ အနောက်နှင့် အရှ့အုပ်စုများ၏ အကူအညီအထောက်အပံ့များကိုလည်း လက်ခံခြင်းမပြုခဲ့။
ကိုယ့်အား ကိုယ်ကိုး ၍ရပ်တည် ခဲ့သည်။ခေတ်မှီဖွံ့ဖြိုးတိုးတက်မူ နှေးကွေးလင့်ကစား ကမ္ဘာအလယ်တွင်
တည်ကြည်မြင့်မြတ်စွာပ်တည် နိုင်ခဲ့ သည်။
မြန်မာနိုင်ငံသည်
လွတ်လပ်စွာရပ်တည်ခဲ့ခြင်းကို အထီးကျန်ဖြစ်ခဲ့သည်ဟု ဆိုသည်။ မိမိ ကိုယ်ကို အထီးကျန်အောင်နေသည်ဟု
စွပ်စွဲသည်။ စစ်အုပ်စုသို့ မ၀င်ခြင်း၊ မည်သည့်နိုင်ငံ၏ အထောက်အပံ့ ကိုမှမယူ ခြင်း၊
သြဇာပေးခြင်းကို မခံခြင်းကို အထီးကျန်သည်ဟု စွပ်စွဲခံရခြင်းဖြစ်သည်။ မြင့်မြတ် တည်ကြည်သော
ဘ၀ကို မလိုလားကြ။နောက်မြီးဆွဲ ၀ါဒများဖြစ်စေချင် သည်။ မြန်မာနိုင်ငံသား အချို့ သည် ချောကလက်စားချင်
သည်။ ဂျင်းဘောင်းဘီ ၀တ်ချင်သည်။ပေါင်ပေါ် ဒူးပေါ်စကတ်တိုနှံနှံ ၀တ်ချင် သည်။ ကုလားဖြူ၊ကုလားမဲနှင့်
လက်မထပ်ပဲ အတူနေချင်သည်။ ပွတ်သဘင် ဆင်နွဲချင်သည်။ ထိုသူများက နောက်မြီးဆွဲဝါဒကို သိမ်းသွင်း
ချင်သည်။အနောက်အုပ်စု၏ တပည့်ခံလိုသည်။အချိုကလည်း မိမိကိုယ် မိမိ ကယ်တင်ရှင် လုပ်လိုပြန်သည်။
ငတ်မှပြတ်မှ ဘ၀နာသည်ဟုဆိုသည်။စကားလုးံ ကြီးကြီးကျယ်ကျယ် သုးံသည်။ လူတန်းစားစကား ကျယ်လောင်စွာ
ဆိုသည်။လီနင်၊စတာလင်တို့၏ လမ်းညွန်ချက်ကိုသာ အမိ အဖဟုသတ်မှတ်သည်။ ဗုဒ္ဒမြတ်စွာဘုရားရှင်ကိုပင်
ကိုယ်ကျိုးရှိသူဟု စွပ်စွဲသည်။ထိုအုပ်စုသို့ ၀င်မှမြန်မာနိုင်ငံတိုးတက်မည်ဟု ဆိုသည်။
လီနင် ၊စတာလင်တို့ကို အဖခေါ်ချင်သူများမြန်မာနိုင်ငံတွင်အများအပြားရှိခဲ့သည်။ဤသို့သောလှိုင်းဒဏ်၊မိုးဒဏ်၊ လေဒဏ်မှ မြန်မာနိုင်ငံသည် ရှောင်ရှားခဲ့သည်။မြန်မာ့ တပ်မတော်သည်
ဤကဲ့သို့သော အုပ်စု နှင့်မရောယှက်၊ မပတ်သတ်၊ အုပ်စုဖွဲ့မူ ၌ မပါဝင်စေရန်၊ အမျိုးသားရေးတာဝန်ကို
တသတ်မတ်ထဲ ဆောင်ရွက်ခဲ့သည်။ ဤသို့သော် အမျိုးသားရေးတာဝန်ကို မြန်မာ့ တပ်မတော်သည် ဦးဆွေးဆံမြည့်ထမ်း
ဆောင်ခဲ့သည်။
ကိုယ့်ဝမ်းနာ
ကိုယ်သာသိသည် ဟူသော ရှေးလူကြီးများ၏စကားသည် မှန်လှသည်။မှန်ကန်သည့် အတွက်လည်း ယနေ့တိုင်အဓွန့်ရှည်နေသော
စကားရပ်ဖြစ်သည်။မြန်မာနိုင်ငံသည် အရှေ့အုပ်စုနှင့် အနောက် အုပ်စုကြားမှ ရှောင်နိုင်ခဲ့၍
ယနေ့တွေ့မြင်နေရသည့်  မြန်မာ့ဓလေ့ ၊ထုးံစံ၊ လူနေမူ့စနစ်၊ ယဉ်ကျေးမူများ အဓွန့် ရှည်နေခြင်းဖြစ်သည်။
သို့မဟုတ်ပါက အရှေ့အုပ်စုနှင့် အနောက်အုပ်စုကြား အားပြိုင်မူကြားတွင် မြေဇာပင်ဖြစ်ခဲ့ရမည်ဖြစ်သည်။
အချို့သောကိုယ်ပိုင်ရပ်တည်ချက်အားနည်းသည့် အိမ်နီးချင်းနိုင်ငံများကဲ့သို့ အပေါ်ယံရွှေမူန်ကြဲများကို
တွေ့နေရမည်သာဖြစ်သည်။
ဤသည်ကို
သာမန်ကြည့်လျှင် မိမိတို့ထက်အဆင့်အတန်းမြင့်သည်ဟုထင်ရသည်။ ချမ်းသာသည် ဟုထင်ရသည်။တိုးတက်နေသည်ဟု
အထင်ကြီးစရာဖြစ်သည်။ လက်တွေ့လေ့လာလျှင် လူမျိုးပျောက်လု နီးနီးဖြစ်သည်။အသွေးအသားရောင်းစားနေရသည်။ချမ်းသာသူက
နိုင်ငံခြားသားဖြစ်သည်။ ဆင်းရဲသူကား နိုင်ငံသားတိုင်းရင်းသားများသာဖြစ်သည်။ ဤ သို့သော
ဘ၀မျိုးမြန်မာနိုင်ငံေ၇ာက်ရှိခဲ့ခြင်းမရှိသည်မှာ ကံကြီး လွန်းလှသည်။ကိုယ့်ဝမ်းနာကိုယ်သာသိ၍
ရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။
အရှေ့အနောက်အုပ်စုနောက်မြီးဆွဲဝါဒများသည်
ယနေ့ထိသူတစ်ပါးနောက်က လိုက်နေဆဲဖြစ်သည်။ တပည့်ခံလိုဆဲဖြစ်သည်။ ရေတိုတိုသာကြည့်သည်။
မိမိဘ၀ တစ်သက်စာသာကြည့်သည်။ သားစဉ်မြေးဆက် ခံစား ရမည့်ဒုက္ခကို မကြည့်သည်မှလွန်စွာတစ်ကိုယ်ကောင်းဆန်လွန်းလှသည်။ယခု အချိန်ထိ နိုင်ငံကြီးများ၏ တပည့်ခံမှသာ တိုးတက်မည်ဟူသော အယူအဆကိန်းအောင်းနေ သည်။ တပည့်မခံဘဲ
ကိုယ့်အားကိုယ်ကို ၍ ရပ်တည်နေသည်ကိုပင် တိုက်ခိုက်ဆန့်ကျင်နေ သည်။မျိုးစစ်စိတ်ဓာတ်
ကင်းမဲ့လွန်းလှသည်။အမျိုးဂုဏ်၊ ဇာတိဂုဏ် မရှိသူများသာဖြစ်သည်။မိမိ၏ ဘိုးဘွားအမွေကို
မသူတော်ထံရောင်းစားလိုကြသည်။လူမျိုးပျောက် အောင် ဖန်တီးနေကြသည်။ သတိထား နိုင်မှ တော်ရုံကြ မည်ဖြစ်သည်။
မြန်မာနိုင်ငံကဲံ့သို့သော
နိုင်င့မျိုး အနောက်ဥရောပတွင်ရှိသည်။ အင်အားကြီးနိုင်ငံများအကြား ညှပ်နေ သော ဆွစ်ဇာလန်နိုင်ငံဖြစ်သည်။
သယံဇာတရှားပါးသည်။ တောင်များဝိုင်းပတ်၍ အိုင်ကြီးများ သာရှိသည်။ လူဦးရေ (၆)သန်းကျော်သာရှိသည်။မွေးမြူရေးနှင်
စိုက်ပျိုးရေးကိုသာ အားထားရသည်။နွား အကြီးအကျယ်မွေး သည်။နို့ထွက်ပစ္စည်းကို ပြည်ပပို့ကုန်အဖြစ်ဖြင့်အခြေခံခဲံသည်။သို့သော် အေးချမ်း သာယာသည်။ဆွစ်ချော ကလက်သည်ကမ္ဘာကျော်ခဲ့သည်။ အိမ်တွင်း
စက်မူ လုပ်ငန်းများဖြင့် အစပျိုးခဲ့သည်။အိမ်တိုင်းလိုလို နာရီနှင့် ပတ်သတ်သော အစိတ်အပိုင်းထုတ်လုပ် သည်။တပ်ဆင်သည်။
ယနေ့တိုင်ပြိုင်ဘက် ကင်းသည်။ ထိုမှတစ်ဆင့် စက်မူနိုင်ငံ တည်ဆောက်သည်။ယခုအခါ ဥရောပတွင်
စက်မူနိုင်ငံ အဖြစ်ပေါ်ပေါက်လာသည်။ချမ်းသာကြွယ်ဝ သောနိုင်ငံဖြစ်နေသည်။ မည်သည့်အုပ်စ၊
မည်သည့်တပည့်မှ မခံယူခဲ့။မည်သည့်အုပ်စုမျှ မပါဝင်ဘဲ နေခဲ့၍ ဘဏ်လုပ်ငန်းများ ကမ္ဘာကျော်ခဲ့သည်။
မည်မျှကင်းရှင်းစွာ နေခဲ့သည်ဟူမူ ၁၉၉၅ ခုနှစ် အထိ ကမ္ဘာ ကုလသမ္မဂကိုပင် မ၀င်သော နိုင်ငံဖြစ်သည်။ဆွစ်နိုင်ငံသားတိုင်း
အရွယ်ရောက်လျှင် စစ်မူထမ်းရသည်။ ၄င်းတို့ ၏စက်ရုံ ၊အလုပ်ရုံများမှာ အချိန်မရွေးစက်ပစ္စည်းထုတ်နိုင်သော
စက်ရုံသို့ပြောင်းနိုင်သည်။ ရထား၊ကားမှ အစ စစ်ရေးတွင် အသုးံပြုနိုင်ရန် စီမံထားသည်။လူဦးရေ
(၆)သန်းကျော်သာရှိသော်လည်း အဓိကလူမျိုးစု လေးစု ရှိသည်။ဂျာမန် နွယ်ဖွား၊အီတလီ နွယ်ဖွား၊
ပြင်သစ်နွယ်ဖွား၊ ရိုမန်များဖြစ်သည်။ကျစ်လျစ်ခိုင်မာဆဲဖြစ်သည်။ အခြေခံကောင်းဆဲဖြစ်သည်။
ဆွစ်ဇာလန်နိင်ငံကို
လူတော်တော်များများက အားကျနေကြသည်။ဆွစ်ဇာလန်နိုင်ငံ၏ ပုံစံကြိုက်သည်။ ဆွစ်များကိုယ့်အားကိုယ်ကိုး၍
ရပ်တည်နေရသည်ကိုကားမသိ၊ သယံဇာတရှားပါး၍ အိမ်တိုင်းနွားနို့ ညစ်ရသည်ကို မသိ၊အိမ်တိုင်း
မီးကလေးထွန်း၍ နာရီဆင်ခဲ့ရသည်ကို မသိ၊ဆွစ် ချမ်းသာသည်ကိုတော့ သိသည်။ စနစ်ကောင်းသည်ကိုသာသိသည်။
မြန်မာနိုင်ငံသည်
သယံဇာတပေါကြွယ်ဝသည်။ ဆွစ်ဇာလန်နိုင်ငံသားတို့ကဲ့သို့ စည်းလုးံ ညီညွတ် ရန်လိုသည်။ဇွဲရှိရန်လိုသည်။
မိမိကိုယ် မိမိအားကိုး၇န်လိုသည်။လွတ်လပ်သော ဘ၀ကိုမြတ်နိုးရန် လိုသည်။လောင်းရိပ်အမိမခံ၇စေရန်လိုသည်။မြန်မာနိုင်ငံသည်
မူလကပင် အလားအလာကောင်းများ ရှိသည့်နိုင်ငံဖြစ်သည်။နိုင်ငံသားတိုင်းက အခြေအနေမှန်ကို
သိရန်လိုသည်။လူတိုင်းကြိုးစားကြမည်ဆိုပါက မကြာတော့မည့် ကာလတွင် ဆွစ်ဇာလန်နိုင်ငံကဲ့သို့
တိုးတက် လာမည်ဖြစ်သည်။ အဓိကမှာ ကိုယ်စွမ်းကိုယ်စရှိလျှက် နောက်မြီးဆွဲဝါဒနောက်သို့မလိုက်မိရန်အရေးကြီးလှပါကြောင်း ဖော်ပြလိုက်ရပါ
သည်။
စိုးထက်ကျော်
No comments:
Post a Comment