Tuesday, July 29, 2014

နောက်တစ်ခါကျွန်မကို အတုလားလို့ လာမမေးကြနဲ့တော့ဟု ဆိုကာ အတုမဟုတ်ကြောင်း သက်သေပြလိုက်သည့် ခွန်းဆင့်နေခြည်



ကျွန်မကို အတုလားတဲ့ ဘယ်လိုပြောရမှန်းတောင်မသိတော့ပါဘူးကာယအလှမယ်ဆု ၈ ဆုတော့ ရခဲ့ဖူးပါတယ် မော်ဒယ်ဆုမဟုတ်ဘူးနော်ကာယအလှမယ်ဆုကိုယ်လုံးအလှကိုပြိုင်ရတဲ့ကာယအလှမယ်ဆု
 မော်ဒယ်တွေပြိုင်သလိုမျိုးပြိုင်ခဲ့ရတာမဟုတ်ဘူးနော် တစ်ကိုယ်လုံးချွတ်ပြီးအနာရွတ်တို့အကြောပြတ်တာတို့
ရှိမရှိ ဆေးစစ်ရတယအဲ့ဒါအမျိုးသမီးဆရာဝန်မ  တွေစစ်တာပါ တစ်ယောက်ချင်းဆီ ဝင်စစ်ရတယ် အဲ့ဒီ့ ဆေးမှတ်အောင်ရင် ၁၀ မှတ်ရတယ် စင်ပေါ်မှာ ပြိုင်တာက လမ်းလျောက်တာရယ် ရုပ်ရည်ပြေပြစ်မှု့ရယ် ကိုယ်လုံးအနေအထားရယ် ကိုယ်ဟန်ပြတဲ့ 
Post ခုနှစ်မျိုး အဆင်ပြေပြစ်မှု့ရှိမရှိရယ် အသံကောင်းမကောင်းလည်း စကားပြောခိုင်းသေးတယ် အရပ်အမောင်းနဲ့ ခံနာကိုယ် အချိုးအစားလည်းဘောင်ဝင်ရမယ် အဲ့ဒါတွေအားလုံးပေါင်းပြီး
 ပြိုင်ပွဲဝင်အားလုံးထဲကမှ စကာတင် ၅ ယောက် ရွှေးတယ် ၅ယောက်ထဲကမှ ပထမ ဒုတိယ တတိယ နဲ့
နှစ်သိမ့်ဆု ဒါတွေကိုပေးသွားတယ် ချက်ချင်းတက်ပြိုင် ချက်ချင်းရခဲ့တာလည်း မဟုတ်ပါဘူး
နှစ်ရှည်စီမံကိန်းနဲ့ လေ့ကျင့်ခန်းတွေ အသေအလဲလုပ် ကိုယ့်ကိုယ်ကို ပိုးမွေးသလိုမွေးပြီး လေ့ကျင့်ခဲ့ရတာပါ 


တင်ပါးကြီးဖို့ ပခုံးပေါ် သံတုတ်ထမ်းပြီး ဟိုဘက်ဒီဘက် ပေါင် ၆၀ စီထည့်  နှစ်ဘက်ထည့်ရတော့ ပေါင် ၁၂၀ သံဒုတ်နဲ့ပါပေါင်းလိုက်ရင် ၁၃၀ လောက်လေးတဲ့ အလေးတွေကို ပခုံးပေါ်တင်
ထမ်းပြီးထိုင်ထ တွေလုပ်ခဲ့ရတာကျွန်မဆရာ မောင်ဗမာဦးစိန်မောင်ကလည်း
အသေအကြေကို 
 မောင်းခဲ့တာ ဗိုက် မပူအောင် ဗယ်လ်ရီ ရိုက်ရတယ် အိပ်ထမတင် ကိုပြောတာနော် တစ်နေ့ကိုအကြိမ် ၁၂၀၀ လောက် ရိုက်ရတယ် ဗိုက်အတွက် ဗိုက်အဆီမတက်အောင်လို့လေ ခါးမတုတ်အောင်လည်း 
သံလုံးတွေ သံဒုတ်တွေနဲ့ ကစားနည်းပေါင်းစုံကို အသေအလဲ တစ်နေ့ ၃ နာရီ ၃ ရက်ကစားတစ်ရက်နား ဆိုတဲ့နှုန်းနဲ့ ကစားခဲ့ရတာပါ လွယ်လွယ်လေးနဲ့ ရခဲ့တဲ့ဆုတွေလည်းမဟုတ်ပါဘူး 

အကြောင်းမသိသူများကတော့ အတုလားလို့ မေးရက်ကြတာပေါ့လေ ဒါကြောင့်အကြောင်းသိအောင်လို့ စာတွေအများကြီးရိုက်ပြီးရှင်းပြထားတာပါ ဒါတောင် ရှင်းပြဖို့ကျန်သေးတယ်စာဖတ်တဲ့သူတွေ မဖတ်နိုင်မှာစိုးလို့ချုံ့ပြီးရေးထားတာ ဆုတွေရခဲ့တယ် ပြိုင်ပွဲ တွေအများကြီးပြိုင်ခဲ့ဖူးတယ် အသေအလဲ
exercise တွေလုပ်ခဲ့ရတယ် အလေးတွေနဲ့အသေအကြေကစားခဲ့ရတော့
တော်ရုံအဆီမတက်လာတော့ဘူး 
 ခုလည်း နေ့တိုင်း EXERCISE လုပ်ဖြစ်ပါတယ် Exerciseလုပ်ခြင်းသည်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာများ ကိုပြောင်းလဲစေပါသည်။

- ခွန်းဆင့်နေခြည်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ