Friday, July 25, 2014

ရေနွေးထဲသံပုရာထည့်သောက်ခြင်းဖြင့် ရရှိနိုင်မည့်ကျန်းမာရေးအကျိုးကျေးဇူးများ


ရေနွေးထဲကို သံပုရာသီးတစ်လုံးညှစ်ထည့်ပြီးသောက်သုံးခြင်းသည် ကျန်းမာရေးအကျိုးကျေးဇူးများရှိကြောင်း သိရှိထားကြပြီးဖြစ်သည်။ ကျန်းမာရေးအကျိုးကျေးဇူးရှိစေသော အကြောင်းရင်းများကို ဖော်ပြပေးလိုက်ပါသည်။
အစာချေဖျက်မှုကို ကူညီပေးသည်
နံနက်စောစောအစာမစားမီ သံပုရာသီးညှစ်ထည့်ထားသည့် ရေနွေးတစ်ခွက်သောက်သုံးခြင်းက အစာအိမ်အးလမ်းကြောင်းကို နှိုးဆွပေးသည်။ အစာချေဖျက်မှုအားကောင်းလာပြီး ရင်ပူရင်ဆာဖြစ်ခြင်း လျှော့ချပေးကာ အစာအိမ်ရှင်းလင်းရေးလုပ်ငန်းစဉ်ကို ကူညီပေးသည်။
အဆိပ်ပြေစေနိုင်သည်
သံပုရာသီးတွင် အင်ဇိုင်းများလုပ်ဆောင်ချက်ပိုကောင်းလာအောင် ကူညီနိုင်သည့် စီးထရစ်အက်စစ်ပါဝင်သည်။ စီးထရစ်အက်စစ်က အသည်းကိုလည်းနှိုးဆွပေးပြီး အဆိပ်ဖြေရာတွင် ကူညီပေးနိုင်သည်။
ခန္ဓာကိုယ်ရေဓာတ်ကို ထိန်းပေးနိုင်သည်
သံပုရာသီးညှစ်ထည့်ထားသောရေက အန္တရာယ်ဖြစ်စေသော ကိုခန္ဓာထဲမှ အက်စစ်ဓာတ်ကို လျှော့ချပေးနိုင်သည်။ သံပုရာရည်တွင် စီးထရစ်အက်စစ်ပါဝင်သော်လည်း ယင်းတွင်ပါဝင်သည့် သတ္တုဓာတ်နှင့် အာဟာရဓာတ်များမှာ အယ်လ်ကာလီသဘာဝရှိသည်။ စီးထရစ်အက်စစ်မှာမပြင်းသော အက်စစ်ဖြစ်သောကြောင့် ချွေးထွက်ခြင်းကဲ့သို့ ရှင်းထုတ်လိုက်သော လုပ်ငန်းစဉ်များကြောင့် ခန္ဓာကိုယ်မှ အလွယ်တကူဖယ်ရှားပစ်နိုင်သည်။ သံပုရာရည်သည် ခန္ဓာကိုယ်ထဲရှိ အခြားပြင်းထန်သော အက်စစ်ဓာတ်များကို ပျက်ပြယ်သွားစေသည့် ကယ်လ်စီယမ်ကာဗွန်နိတ်ဖွဲ့စည်းပုံကို အားကောင်းစေသည်။ ပရိုတိန်းဓာတ်များစွာပါဝင်သည့် အသားများနှင့် ချိစ်များစားသုံးလေ့ရှိသူအတွက် အထူးကောင်းမွန်သည်။ သွေးထဲရေပါဝင်မှုကို ထိန်းညှိပေးနိုင်ပြီး ဆီးလမ်းကြောင်းဆိုင်ရာ ရောဂါကူးစက်မှုများကိုလည်း ဖြေရှင်းပေးနိုင်သည်။
ကိုယ်ခံအားစနစ်ကို အားကောင်းစေနိုင်သည်
စီးထရစ်အက်စစ်ပါဝင်သော အစားအစာများအားလုံးတွင် ဗီတာမင်စီပါဝင်သည်။ ဗီတာမင်စီမှာ အအေးမိခြင်းကိုကာကွယ်နိုင်ပြီး ကိုယ်ခံအားစနစ်အတွက် ကောင်းမွန်သည်။ သံပုရာသီးတွင် ပိုတက်စီယမ်ပါဝင်သောကြောင့် ဦးနှောက်ကိုနှိုးဆွပေးနိုင်ပြီး အားရုံကြောလုပ်ဆောင်မှု အားကောင်းစေကာ သွေးကိုထိန်းချုပ်ပေးနိုင်သည်။
အသားအရေကြည်လင်လန်းဆန်းစေနိုင်သည်
ဗီတာမင်စီသည် အရေပြားထဲရှိ ပရိုတိန်းဓာတ်ထုတ်လုပ်မှုကို ကူညီပေးနိုင်သောကြောင့် နုပျိုသောအသားအရေအတွက် အထူးကောင်းမွန်သည်။ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက ညိုညစ်ညစ်အသားအရေကို တစ်ခါပြန်တောက်ပစေလာပြီး ကျန်းမာလာစေသည်။ သံပုရာသီးညှစ်ထည့်ထားသည့် ရေနွေးကသွေးကြောများထဲရှိ အဆိပ်များကိုဖယ်ရှားပေးနိုင်သည်။ အမည်းစက်များပေါ်လိမ်းပေးပါကလည်း အရောင်ဖျော့သွားစေနိုင်သည်။
Printed by 7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ