Sunday, July 27, 2014

အချုပ်သားအချို့ အချုပ်ခန်းမှ ထွက်ပြေးရန် ကြိုးစားစဉ် ပစ်ခတ်တားဆီးရာ သုံးဦးသေ၊ နှစ်ဦးဒဏ်ရာရ

 ရှမ်းပြည်နယ်မြောက် ပိုင်း ကျောက်မဲမြို့နယ် ရဲစခန်း တွင် ဇူလိုင် ၂၆ ရက်ညပိုင်းက အချုပ်ခန်းအတွင်းမှ ထွက်ပြေး ရန် ကြိုးစားခဲ့သည့်အချုပ်သား များအား သေနတ်ဖြင့် ပစ်ခတ် တားဆီးခဲ့ရာ ထွက်ပြေးရန် ကြိုး စားခဲ့ကြသူများအနက် သုံးဦးသေ ဆုံးသွားကြောင်း ရဲတပ်ဖွဲ့ဝင်များ ကပြောသည်။
အချုပ်ခန်းအတွင်းမှ ထွက် ပြေးရန် ကြိုးစားခဲ့သည့် အချုပ် သား ခုနစ်ဦးထက်မနည်းပါဝင်ခဲ့ ပြီး ၎င်းတို့အနက်မှ သုံးဦးမှာ သေ နတ်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နှစ် ဦးဒဏ်ရာခဲ့ကြောင်း ပြည်နယ်ရဲ တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ထွက်ပြေးရန် ကြိုးစားခဲ့ကြသည့် အချုပ်သားများ၏ အကြံအစည်ကို ရဲတပ်ဖွဲ့ဝင်များက တားဆီးနိုင်ခဲ့သောကြောင့်  တစ်ဦးမှ လွတ်မြောက်သွားခြင်း မရှိခဲ့ ကြောင်း ၎င်းကပြောသည်။
အချုပ်ခန်းအတွင်းမှ ထွက် ပြေးရန် ကြိုးစားသူများသည် ည ၇ နာရီခန့်အချိန်တွင် စတင်လှုပ် ရှားခဲ့ခြင်းဖြစ်ပြီး ယင်းအချိန်သည် စခန်းရှိရဲများ   တန်းစီနေချိန်ဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါရဲစခန်းတွင် အချုပ် ခန်းငါးခုရှိသည့်အနက် နံပါတ် (၂)အချုပ်ခန်းမှ အချုပ်သားများ ထွက်ပြေးရန် ကြိုးစားခဲ့ခြင်းဖြစ် ကြောင်း၊ ၎င်းတို့သည် အချုပ်သားများအား စောင်များဝေငှနေစဉ် ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သ တင်းရရှိသည်။
‘‘လုံခြုံရေးအရစောင်တွေ၊ ခေါင်းအုံးတွေကို နေ့ခင်းဘက် အချုပ်ခန်းထဲ ပေးမထည့်ဘူး။ ည ၇ နာရီလောက်မှ ရဲတပ်ဖွဲ့ဝင် တွေက အချုပ်အခန်းတံခါးဖွင့်ပြီး စောင်တွေပေးတာမှာ အချုပ်သား ခုနစ်ယောက်ထွက်ပြေးတာ။ ကံ ကောင်းတာက ၇နာရီမှာ ရဲတပ် ဖွဲ့ဝင်တွေ တန်းစီပြီးခါစဆိုတော့ အင်အား ၂၀ လောက်နဲ့ ၀င်ဖမ်းရတာ’’ဟု ပြည်နယ်ရဲတပ်ဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူက ပြော သည်။
အချုပ်ဖောက်ထွင်းမှုကို တားဆီးရန် ကြိုးစားရင်း ရဲတပ်ဖွဲ့ ၀င်ငါးဦးထက်မနည်း    ဒဏ်ရာရ သွားပြီး ၎င်းတို့အနက်မှ စခန်းမှူး သည် ဒဏ်ရာပြင်းထန်သော ကြောင့် မန္တလေးဆေးရုံသို့ ည တွင်းချင်းတင်ပို့ခဲ့ရကြောင်း သ တင်းရရှိသည်။
ထွက်ပြေးရန် ကြိုးစားသူ ခုနစ်ဦးစလုံးသည် မူးယစ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ဖြစ်ကြောင်း၊ ၎င်းတို့အား တာဝန် ကျအရာရှိကို   သတ်ရန် အား ထုတ်မှု၊ ပြင်းထန်စွာ နာကျင်စေ မှု၊ ဆဲဆိုကြိမ်းဝါးမှုနှင့် အချုပ်မှ ထွက်ပြေးမှုစသည်တို့ဖြင့် အရေးယူရန်ပြင်ဆင်နေကြောင်း သတင်းရရှိသည်။
7Day 

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ