Tuesday, July 22, 2014

ဗိုက်ချပ်စေမည့် အကောင်းဆုံးအစားအစာများ


ဗိုက်ချပ်စေရန်အကောင်းဆုံနည်းလမ်းမှာ နေ့စဉ်ဝမ်းဗိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းပင်ဖြစ်သည်ကို ကျွန်တော်တို့အားလုံး သိထားပြီးဖြစ်ပါသည်။ သို့သော် သင့်ရည်မှန်းချက် လျင်မြန်စွာ အောင်မြင်စေရန် ကူညီနိုင်သည့် အစားအစာများရှိပါသည်။ အာဟာရကောင်းများရရှိစေပြီး ဗိုက်ပူခြင်းကိုလျော့ကျစေကာ သင့်ဗိုက်သားကို ချပ်ရပ်စေနိုင်သည့် အစားအစာများကို ဖော်ပြပေးလိုက်ပါသည်။
ဒိန်ချဉ်
*****
ပရိုတိန်းဓာတ်ကြွယ်ဝစွာပါဝင်သော ဒိန်ချဉ်ရိုးရိုးမှာ တစ်နေ့တာအတွက် မည်သည့်အချိန်မဆိုစားသုံးရန် အကောင်းဆုံးသရေစာဖြစ်သည်။ ယင်းဒိန်ချဉ်တွင်ပါဝင်သော ပရိုတိန်းဓာတ်က သင်၏အစားစားလိုစိတ်ကိုတားဆီးရန် ကူညီပေးပြီး ဆာလောင်မှုမရှိစေရန် ကူညီနိုင်သည်။ ဒိန်ချဉ်ကို အရသာရှိပြီး ကျန်းမာရေးနှင့်ညီသော သရေစာတစ်ခုအဖြစ်ပြောင်းလဲရန် သစ်သီးများထည့်၍ စားသုံးနိုင်သည်။
ဘယ်ရီသီး
***********
ဘယ်ရီသီးတွင် သကြားပါဝင်မှုနည်းပြီး ဓာတိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာပါဝင်သည်။ နေ့စဉ်ဘယ်ရီသီး တစ်ခွက်စားသုံးခြင်းဖြင့် ဗိုက်ချပ်စေပြီး အစာချေဖျက်မှုအားကောင်းစေကာ သွေးထဲသကြားပါဝင်မှုကို လျော့ကျစေ၍ ဗိုက်ပူခြင်းကို လျော့ကျစေသည်။
ကြက်ဥများ
***********
ပရိုတိန်းကဲ့သို့ သဘာဝအဆီလောင်ကျွမ်းစေသော ပစ္စည်းများစွာပါဝင်သည့် ကြက်ဥများမှာ ဗိုက်ချပ်စေရန် အကောင်းဆုံးအစားအစာများတွင်ပါဝင်သည်။ နံနက်စာအတွက် ကြက်ဥစားခြင်းဖြင့် သင်အစာလျှော့စားရန် ကူညီပေးနိုင်သည်။
အခွံမာအသီးများ
*****************
အဆီကြွယ်ဝစွာပါဝင်သော အခွံမာအသီးများစားပေးခြင်းဖြင့် ကိုယ်အလေးချိန်လျော့ကျစေရန် ကူညီပေးနိုင်သည်။ အခွံမာအသီးများကို နေ့စဉ်စားပေးခြင်းဖြင့် သွေးထဲသကြားပါဝင်မှုကို ထိန်းညှိရာတွင် ကူညီနိုင်ကာ အစားစားလိုစိတ်တားဆီးရန် ကူညီနိုင်သည်။
ငါး
**
ငါးစားပေးခြင်းဖြင့် ဇီဝဖြစ်စဉ်ကိုမြန်ဆန်စေပြီး အစားအသောက်အငမ်းမရစားလိုခြင်းကို လျော့ကျစေသည်။ ဆော်လမွန်ငါးနှင့် တူနာငါးများကဲ့သို့ ငါးများကိုစားသုံးပပါက Omega-3 ဖက်တီးအက်စစ်များပါဝင်၍ အဆီကိုလောင်ကျွမ်းစေပြီး ကိုယ်အလေးချိန်ပို၍ လျော့ကျစေသည်။
ပန်းသီး
*******
ပန်းသီးတွင်အဆီလောင်ကျွမ်းစေသော ဓာတ်တစ်မျိုးနှင့် ဖိုက်ဘာဓာတ်ကြွယ်ဝစွာပါဝင်သည်။ ပန်းစီးတွင်ကယ်လိုရီနည်းပြီး သကြားပါဝင်မှုလည်းနည်းသဖြင့် ဗိုက်ချပ်စေရန် အထူးကောင်းမွန်သော အသီးဖြစ်သည်။
အရွက်သုပ်
***********
ကြက်သား (သို့မဟုတ်) ငါးစားသောအချိန်တွင် အရွက်များများပါသော အသုပ်စားသုံးခြင်းက ဗိုက်ချပ်စေရန် အကောင်းဆုံးဖြစ်သည်။
ကွီနိုအာစေ့
************
အင်ဒီးစ်တောင်တန်းများတွင် အဓိကပေါက်ရောက်သည့်အပင်တစ်မျိုးဖြစ်သော ကွီနိုအာပင်မှအစေ့များတွင် ပရိုတိန်းဓာတ်၊ ဖိုက်ဘာများပါဝင်ကာ အရသာရှိသောစားစရာဖြစ်သဖြင့် ကျန်းမာရေးအတွက်အထူးကောင်းမွန်သည်။
ထောပတ်သီး
**************
ထောပတ်သီးမှာအာဟာရပြည့်ဝစေသည့် သစ်သီးများအနက် တစ်မျိုးဖြစ်ပြီး အစာအိမ်အဆီလောင်ကျွမ်းမှုကို ကူညီပေးနိုင်သလို လတ်ဆတ်သောထောပတ်သီးဖျော်ရည် သောက်ပေးခြင်းဖြင့် ခန္ဓာကိုယ်အဆီများကို လောင်ကျွမ်းစေနိုင်သည်။
Ref : Internet

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ