Wednesday, July 23, 2014

ခိုးယူလာတဲ့ ၀တ်စုံကိုဝတ်၊ ဓာတ်ပုံရိုက်ပြီး Facebook ပေါ်တင်ခဲ့လို့ အဖမ်းခံရတဲ့ အမျိုးသမီး



Illinoia ပြည်နယ်၊ West Frankfort က အသက်၂၇ နှစ်အရွယ်အမျိုးသမီး Danielle Saxton ဟာ ၀တ်စုံတစ်စုံကိုခိုးယူ၊ ၀တ်ဆင်ပြီး ကိုယ်တိုင်ရိုက်ဓာတ်ပုံတစ်ပုံရိုက်ကာ Facebook ပေါ်တင်ခဲ့ပါတယ်။ အဲဒီ့အတွက်ကြောင့်လည်း ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း WSILTV3 News ကပြောပါတယ်။

အခိုးခံရတဲ့အ၀တ်အစားဆိုင် Mortie’s Boutique ရဲ့ပူးတွဲပိုင်ရှင် Kert Williams က Saxton ဟာ ‘အလွန်ထင်ရှားတဲ့ ကျားသစ်အရေခွံ ဆေးဆိုးထားတဲ့ ၀တ်စုံ’ နဲ့ ရှပ်အကျီ င်္၊ လက်ဝတ်ရတနာအချို့ကိုခိုးယူခဲ့ပါတယ်လို့ဆိုပါတယ်။ Williams ကအဲဒီ့ခိုးယူလာတဲ့ အ၀တ်အစားတွေကို အင်တာနက်မှာတင်ခဲ့ပြီး ချက်ချင်းဆိုသလိုပဲ ကူညီတတ်တဲ့ Frankfort ဒေသခံတစ်ဦးက တူညီမှုတွေကိုတိုက်စစ်ဆေးပေးပြီး အကြောင်းကြားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီ့အချိန်က ရဲတွေဟာ Wiliams ရဲ့ဓာတ်ပုံတွေနဲ့ Saxton ရဲ့ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေကို နှိုင်းယှဉ်ကြည့်ခဲ့ရာမှာ သူမကခိုးသူဖြစ်တယ်ဆိုတာသာမက သူမဓာတ်ပုံရိုက်ခဲ့တဲ့နေရာကို GPS စနစ်သုံးပြီးသိရှိခဲ့ပါတယ်။

Facebook မှာသူမရဲ့ ကိုယ်တိုင်ရိုက်ဓာတ်ပုံတွေတင်ပြီးပြီးချင်းမကြာခင်မှာပဲ ရဲတွေသူမရဲ့အိမ်ကိုရောက်တဲ့အချိန်မှာ Saxton ကအ၀တ်အစားတွေကို ကိုင်ထားတုန်းပဲရှိနေပါသေးတယ်။ Mortie’s ဆိုင်နဲ့ အခြားဒေသတစ်ခုက စတိုးဆိုင်တစ်ခုမှာခိုးယူခဲ့တဲ့အတွက် သူမကိုချက်ချင်းပဲ ထိန်းသိမ်းခဲ့ပါတယ်။

From : ..trend

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ