Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Monday, July 28, 2014
ပီအာရ်ကို လက်တွေ့ကျင့်သုံးပါက စည်းလုံးမှု ထိပါးစေနိုင်သဖြင့် ကျင့်သုံးရန်မသင့်ဟု တပ်ကိုယ်စားလှယ်ပြော
လက်ရှိတိုင်းပြည် အခြေအနေသည် တည်ငြိမ်မှု သာရှိပြီး လုံခြုံရေးမရှိသေးခြင်း၊ လွှတ်တော်တွင် အချိုးကျကိုယ် စားပြုစနစ်(PR) ကို ဆွေးနွေးနေ စဉ်ပင် အချေအတင်အငြင်းပွားမှု များဖြစ်ပေါ်နေပြီး လက်တွေ့ကျင့်သုံးပါက စည်းလုံးညီညွတ်မှု ထိ ပါးစေနိုင်ခြင်းအစရှိသည့် အချက် များကြောင့် လက်ရှိအချိန်တွင် အထက်ပါ ပီအာရ်စနစ်ကို အသုံး ပြုရန် မသင့်သေးကြောင်း ပြည်သူ့ လွှတ်တော်မှ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးကြီး ဋ္ဌေး နိုင်ကပြောသည်။
ဇူလိုင် ၂၈ ရက်တွင် ကျင်းပ သော ပြည်သူ့လွှတ်တော်အစည်း အဝေး၌ ပီအာရ်နှင့်ပတ်သက်၍ ဗိုလ်မှူးကြီးဋ္ဌေးနိုင်က လွှတ်တော် တွင် ဆွေးနွေးရာ၌ ကြားနေသည့်သဘောဆွေးနွေးခဲ့ပြီး လွှတ်တော်ခေတ္တရပ်နားချိန် မီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
‘‘ကျွန်တော့်အမြင်အရပြော ရမယ်ဆိုရင် လက်ရှိအခြေအနေ အရ အချိန်မတန်သေးဘူးလို့ ယူ ဆတာပေါ့နော်။ ဘာလို့လဲ ဆို တော့ ကျွန်တော်တို့တိုင်းပြည်ရဲ့ လက်ရှိအခြေအနေအရ တည်ငြိမ် မှုပဲရှိတယ်။ လုံခြုံမှုမရှိသေးဘူး။ ပြဿနာဆိုတာလည်း အများကြီး ဖြစ်လာနိုင်တယ်။ အခုဆိုရင် လည်း ဒီအပေါ်မှာ အမျိုးမျိုးကွဲ ပြားနေတယ်။ တစ်ယောက်တစ် မျိုးဖြစ်နေတဲ့ အခါကျတော့ လုပ် မယ်ဆိုရင် လောလောဆယ်လုပ် ဖို့ မသင့်သေးဘူးလို့ ယူဆပါ တယ်’’ ဟု ဗိုလ်မှူးကြီးဋ္ဌေးနိုင်က ပြောသည်။
ပြည်သူ့လွှတ်တော်တွင် အထက်ပါအဆို ဆွေးနွေးရန် တင်သွင်းစဉ်က တပ်မတော် သားကိုယ်စားလှယ်များအနေဖြင့် ကြားနေရန်သာ ဆုံးဖြတ်ခဲ့သော် လည်း စက်ခလုတ်ဖြင့် ဆုံးဖြတ် ခြင်း မပြုဘဲ ကန့်ကွက်သူများ မတ်တတ်ရပ်စနစ်ကိုသာ ကျင့်သုံး ခဲ့သဖြင့် ထောက်ခံသည့်ပုံစံဖြစ် သွားကြောင်း အထက်ပါပုဂ္ဂိုလ် ကပြောသည်။
အဆိုပါပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကိုယ်စား လှယ် ၁၈ ဦးပါဝင်ဆွေးနွေးခဲ့ကာ တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်သုံးဦးလည်း ပါဝင် ဆွေးနွေးခဲ့ပြီး ကြားနေသဘော ဆောင်ကာ ပြောဆိုဆွေးနွေးခဲ့သည်။
ဆွေးနွေးချက်များတွင် လက်ရှိ နိုင်ငံရေးပြောင်းလဲမှုစနစ် အပေါ် တည်ငြိမ်မှုရှိစေရေးအ တွက် သတိထားဆောင်ရွက်ရေး နှင့် အဆိုပါစနစ် ပြောင်းလဲ မည်ဆိုပါက အခြေခံဥပဒေတွင် ပါဝင်သော အချက်များကိုပါ ပုဒ်မ ၄၃၆ နှင့်အညီ ပြင်ဆင်ရေး စသည်တို့ကို ဆောင်ရွက်ရမည့် ကိစ္စများကိုလည်း သတိပြုသင့် ကြောင်း တပ်မတော်သားလွှတ် တော်ကိုယ်စားလှယ်များက ထည့်သွင်းဆွေးနွေးသွားသည်။
‘‘ကျွန်တော်တို့အနေနဲ့ နု နယ်တဲ့ ဒီမိုကရေစီခရီးမှာ ခိုင်မာ တဲ့ ခြေလှမ်းတွေနဲ့သာ ခရီးဆက် သင့်ပါတယ်။ ရွေးကောက်ပွဲ စနစ်က ရိုးရှင်းမှသာလျှင် မဲဆန္ဒ ရှင်နဲ့ ရွေးကောက်ခံ ကိုယ်စား လှယ်များကြားမှာ နားလည်မှုရမှာ ဖြစ်ပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ စနစ်မှာပင်လျှင် ၂၀၁၀၊ ၂၀၁၂ ရွေးကောက်ပွဲများမှာ ငြင်းခုံမှုတွေ ဖြစ်ခဲ့ရပါတယ်။ ဒါ ကြောင့်သတိကြီးစွာဆောင်ရွက် ရန် အချိန်ယူဖို့လိုအပ်နေသေး ကြောင်း တင်ပြလိုပါတယ်’’ ဟု တပ်မတော်သားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးဖြစ်သူ ဗိုလ်မှူး ကြီး မြင့်ဟန်က လွှတ်တော်၌ဆွေးနွေးရာတွင် ထည့်သွင်းပြော ကြားခဲ့သည်။
ပီအာရ်စနစ်နှင့် ပတ်သက်၍ ယခုလ ၂၈ ရက်တွင် ပြုလုပ်သည့် ပြည်သူ့လွှတ်တော်အစည်းအဝေး ၌ ကိုယ်စားလှယ် ၁၈ ဦး ဆွေး နွေးခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီမှ တိုင်း ရင်းသား လွှတ်တော်ကိုယ်စား လှယ်များက ထောက်ခံဆွေးနွေး ခဲ့ကြပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ် များက အဆိုကို ကန့်ကွက်ဆွေး နွေးခဲ့ကြသည်။
7day
Labels:
နိုင်ငံရေး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment