Wednesday, September 2, 2015

Paul Pogba ကို နောက်နှစ်မှာ ခေါ်ယူမယ်ဆိုရင် ယူရို သန်း ၁၀၀ ခန့်ကျသင့်မယ်လို့ ဂျူဗင်တပ်စ် ဆို

ချဲလ်ဆီးအသင်းဟာ ဒီနှစ်အပြောင်းအရွှေ့ကာလတုန်းက သူတို့ ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးတဲ့ ဂျူဗင်တပ်စ် ကစာသမား Paul Pogba ကို နောက်နှစ်မှာ ထပ်မံခေါ်ယူဖို့ ကြိုးစားမယ်ဆိုရင် ယူရိုသန်း ၁၀၀ အထိ ကျသင့်မှာ ဖြစ်တယ်လို့ သတိပေးခံ လိုက်ရပါတယ်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းကတော့ ချဲလ်ဆီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ဒီနှစ်နွေရာသီမှာ Paul Pogba ကို ခေါ်ယူဖို့ ကမ်းလှမ်းမှုတွေကို ပယ်ဖျက်ခဲ့ပါတယ်။

ဂျူဗင်တပ်စ်အသင်းရဲ့ ဒါရိုက်တာဖြစ်သူ Giuseppe Marotta က ပြောပြခဲ့တာကတော့ "ကျွန်ုပ်တို့ဟာ နိုင်ငံခြားကလပ်တွေရဲ့ အရေးပါတဲ့ ကမ်းလှမ်းမှုတွေကို လစ်လျူရှုပြီးတော့ ကျွန်ုပ်တို့ Pogba ကို ထိန်းသိမ်း ထားခဲ့အပါတယ်။ အနာဂါတ်မှာ သူဟာ ယူရိုသန်း ၁၀၀ ထက်ပိုပြီး တန်ကြေးရှိလာနိုင်ပါတယ်။" လို့ ဆိုပါတယ်။

"ကျွန်တော် သတိထားမိခဲ့တာကတော့ ပရီးမီးယားလိဂ် အသင်းတွေ ဘယ်လို ချမ်းသာလာသလဲဆိုတာပဲ ၊ ပြီးတော့ ကလပ်အသင်းတွေက ကစားသမားတွေ ရူးသွပ်လှတဲ့ ဈေးနှုန်းတွေနဲ့ ၀ယ်ယူနေကြပါတယ်။ ဒါပေမယ့်လည်း ဒါဟာ ဒီနေ့ခေတ်မှာတော့ အရမ်းသာမန် ဆန်နေပါပြီ "

"အကယ်၍ Pogba သာ ပြီးခဲ့တဲ့နှစ်က စွမ်းဆောင်ရည်လိုမျိုး ရှိနေခဲ့ဦးမယ်ဆိုရင်တော့ နောက်နှစ်မှာ ယူရို သန်း ၁၀၀ မက တန်ကြေးရှိလာမှာပါ" လို့ သူက ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(အားကစား)
#sports.thithtoolwin.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ