Wednesday, September 9, 2015

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် ဦးစားပေးဆွေးနွေး

ဦးလှမောင်ရွှေ(မြန်မာနိုင်ငံ ငြိမ်းချမ်းရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC)၏အထူး အကြံပေးပုဂ္ဂိုလ်)ကျွန်တော်တို့ဒီနေ့နံနက် ၉ နာရီက စတင်ပြီးတော့ ဆွေးနွေးခဲ့တာဟာ ၁၂ နာရီ ၂၅ မိနစ် မှာ ဆွေးနွေးပွဲပြီးပါတယ်။ ဆွေးနွေးပွဲမှာ တိုင်းရင်းသားခေါင်းဆောင်ကိုးဦးလုံးက လွတ်လွတ်လပ်လပ် သမ္မတကြီးနဲ့ဆွေးနွေးပါ တယ်။

တိုင်းရင်းသားတွေဘက်က ဆွေးနွေးတာအားလုံးကိုလည်း သမ္မတကြီးဘက်ကလည်း အားလုံးကိုရှင်းပြ ပါတယ်။ နံပါတ်တစ်အနေနဲ့အားလုံး လက်မှတ်ထိုးနိုင်ရေးအတွက် ဦးစားပေးဆွေးနွေးပါတယ်။ ကျန်တာကတော့နိုင်ငံရေး၊ စစ်ရေးနှင့်လူမှုရေး အာမခံချက်တွေကို ဆွေးနွေးပါတယ်။

နိုင်ငံတော်ဘက်ကတိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်တဲ့ကိစ္စကိုမပစ်ပယ်ပါဘူး။ အဆင့်လိုက်လုပ်တဲ့ကိစ္စ ကိုပြန်ရှင်းပြပါတယ်။ နောက်ဆုံးတော့ နိုင်ငံတော်သမ္မတဘက်ကပဲ အခုလာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့မှာ လက်မှတ်ထိုးဖို့ညှိနှိုင်းအဆိုပြုပါတယ်။ တိုင်းရင်းသားတွေဘက်ကတော့ အောက်တိုဘာလလယ် လောက်ကိုကျင်းပ နိုင်ဖို့ ပြန်ပြီးအဆိုပြုခဲ့တယ်။ လက်မှတ်ရေးထိုးမှာကတော့ ဒီကြားထဲမှာဖြစ်ဖို့တော့ ပိုများပါတယ်။

အစိုးရဘက်ကတိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့ကို ဖိတ်ထားပြီးဖြစ်တယ်။ သမ္မတရဲ့ အဆိုပြုချက်ကတော့ စက်တင်ဘာ၂၉ ရက်ဖြစ်တယ်။ တိုင်းရင်းသားတွေဘက်က အားလုံးကတော့ ဒါကိုမပစ်ပယ်ဘူး။ ဒါပေမဲ့ ရက်ပြန်လည်ညှိနှိုင်းတာကတော့ အောက်တိုဘာလလယ် ဖြစ်တယ်။ ဖြစ်နိုင်ခြေ အများဆုံးရှိတာကတော့ စက်တင်ဘာ ၂၉ ရက်နဲ့ အောက်တိုဘာ ပထမပတ်မှာ ဖြစ်ဖို့များပါတယ်။ လက်မှတ်ရေးထိုးတာကတော့ တစ်ဖွဲ့ချင်းက ဆုံးဖြတ်ရမှာဖြစ်ပါတယ်။

အခုလာတဲ့အဖွဲ့အစည်းတွေက ညှိနှိုင်းတာဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတဘက်ကလည်း ၁၅ ဖွဲ့ကတော့ ပြီးပြီ။ ကျန်တဲ့အဖွဲ့ငယ်သုံးဖွဲ့ကိုတော့ နိုင်ငံရေးဆွေးနွေးပွဲတက်ရောက်ဖို့ ကမ်းလှမ်းတာဖြစ်တဲ့အတွက် ကျန်တဲ့သုံးဖွဲ့ကျန်ပါတယ်။ အဲ့ဒီထဲမှာ MNDAAကိစ္စကတော့ နိုင်ငံတော်သမ္မတနဲ့ MNDAAရဲ့ခေါင်းဆောင် တို့သီးခြားစီ စဉ်နေ တာဖြစ် တဲ့အတွက် အစိုးရဘက်ကဖြုတ်ထားပါတယ်။

AA နဲ့ TNLAကျန်ပါတယ်။ TNLA တော့ Bilateral ထိုးပြီး NCA ဆက်သွားဖို့သဘောတူပါတယ်။ AA ကိစ္စကိုတော့ KIO ရဲ့ဌာနချုပ်နေရာမှာရှိတဲ့အတွက် သီးခြား ထိန်းထိန်းသိမ်းသိမ်းလုပ်ပြီးတော့ နည်းလမ်းရှာဖွေဖို့ကိုလည်း နိုင်ငံတော်ဘက်က အကြောင်းပြန်တဲ့အတွက် ကျွန်တော်တို့ရဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ပထမဆုံး လုပ်တဲ့ဆွေးနွေးပွဲကတော့ ဒီနေ့အောင်မြင်စွာပြီးသွား ပါပြီ။ပြန်ချုပ်ရရင်တော့ နှစ်ဖက်စလုံးပွင့်ပွင့်လင်းလင်းလွတ်လွတ်လပ်လပ်ဆွေးနွေးပြီးတော့ အမြင့်ဆုံး ခေါင်းဆောင်ရဲ့ သဘောတူညီမှုရခဲ့တဲ့ အတွက် အောင်မြင် တယ်လို့ ပြော လို့ရတယ်။

ပဒိုစောကွယ်ထူးဝင်း (တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (SD) မှ အဖွဲ့ဝင်)မူလကသဘောထားခဲ့တဲ့အတိုင်း တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အားလုံးပါနိုင်ဖို့ အနိမ့်ဆုံး NCA အဖွဲ့ဝင်၁၇ ဖွဲ့၊ မူအရ အကုန်လုံးပါဝင်ဖို့ကို ပစ်ပယ်တာမဟုတ်ဘူး။ အကောင်အထည် ဖော်တဲ့ နေရာမှာအဆင့်အလိုက်ပါဝင်ဖို့ရှင်းပြပါတယ်။

အထူးသဖြင့် လက်နက်ကိုင်အဖွဲ့မရှိတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေကျတော့နိုင်ငံရေးဆွေးနွေးပွဲကို တက်လို့ ရ တယ်။အဲဒီလိုလုပ်ခြင်းအားဖြင့် အလိုလိုနေရင်းနဲ့နိုင်ငံရေး၊ စစ်ရေးအာမခံချက်ရပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အစုအဖွဲ့အနေနဲ့ ကိုယ်စားပြုတက်လို့ရတယ်။ ကျန်တဲ့ NDAAကိစ္စကျတော့ သီးခြား ကိစ္စတစ်ရပ်အနေနဲ့နိုင်ငံတော်အစိုးရဘက်က သီးခြားကိုင်တွယ်ဖြေရှင်း သွားမှာဖြစ်တယ်။ နောက်တစ်ခုက TNLA ကျတော့ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်မရေးထိုးခင်မှာ Bilateral ဖြစ်အောင်တော့ ကြိုးစားဆောင်ရွက်သွားမယ်။

အဲဒီလိုလုပ်ခြင်းအားဖြင့် NCA လက်မှတ်ရေးထိုးတဲ့အချိန်မှာလည်းပါလာမှာဖြစ်တယ်။ ဒီကြားထဲ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ဖြစ်တဲ့အဖွဲ့တွေ လက်မှတ်ရေးထိုးမှာပါ။ တကယ်လက်မှတ်ရေးထိုးရမှာ ကျတော့ တစ်ဖွဲ့စီဆုံးဖြတ်ရမှာဖြစ်တယ်။ အများအားဖြင့် ကျန်တဲ့အဖွဲ့တွေလည်း လက်မှတ်ထိုးကြပါလိမ့် မယ်လို့ ထင်ပါတယ်။

https://www.facebook.com/mwdmedia/posts

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ