နှစ်နိုင်ငံအကြား တင်းမာမှုများ ကြီးထွားလျက်ရှိသော အိန္ဒိယနှင့် ပါကစ္စတန် နိုင်ငံတို့သည် နယ်စပ်ပဋိပက္ခ လျှော့ချရေးနှင့် ဆက်ဆံရေးကဏ္ဍသစ်များ ဖွင့်လှစ်သွားရေးတို့ကို စက်တင်ဘာ ၁ဝ ရက်တွင်သဘောတူညီ နိုင်ခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၌ စက်တင်ဘာ ၁ဝ ရက် နံနက်ပိုင်းတွင် စတင်သည့် အိန္ဒိယနှင့် ပါကစ္စတန်နိုင်ငံတို့မှ ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသော နှစ်နိုင်ငံ စစ်ဘက်ထိပ်တန်း ခေါင်းဆောင်များသည် နယ်စပ်ထိန်းချုပ်ရေး မျဉ်းတစ်လျှောက်ဖြစ်ပွားနေသော တိုက်ခိုက်မှုများ အဆုံးသတ်ရေးအတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံက ငြိမ်းချမ်းရေးစတင် တောင်းဆိုမှုအပေါ် ပါကစ္စတန်စစ်ဘက်က သဘောတူညီခဲ့ခြင်းဖြစ်ပြီး ၎င်း၏ စစ်ဘက်တပ်ဖွဲ့ဝင်များကိုလည်း အဆိုပါ ငြိမ်းချမ်းရေးအား ထိန်းသိမ်းရန် တင်းတင်းကျပ်ကျပ် တားမြစ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ရန်အတွက် ပါကစ္စတန် ရိန်းဂျားတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဗိုလ်ချုပ် အူမာဖာရုဘာကီ ဦးဆောင်သည့် အဖွဲ့ဝင် ၁၆ ဦးသည် စက်တင်ဘာ ၉ ရက်က နယူးဒေလီမြို့သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဒီကေပါသက် ဦးဆောင်သည့် အဖွဲ့ဝင် ၂၂ ဦးက အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
http://www.mwdmedia.net

No comments:
Post a Comment