Sunday, September 13, 2015

ငြိမ်းချမ်းရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးဆက်လက်ဆွေးနွေးရန် UPWC နှင့် ‘၀’၊ မိုင်းလားတို့ ကြေညာချက်ထုတ်

တစ်နိုင်ငံလုံးအပစ်အ ခတ်ရပ်စဲရေးနှင့် နိုင်ငံရေးဆွေး နွေးပွဲများအကောင်အထည်ဖော်ရာတွင် ပူးပေါင်းဆောင်ရွက်သွား နိုင်ရန် ဆက်လက်ညှိနှိုင်းဆွေးနွေး သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ(UPWC) နှင့်‘၀’၊ မိုင်းလားအဖွဲ့တို့က နှစ်ဖက်သဘောတူညီ ချက်ထုတ်ပြန်ကြေညာသည်။

UPWC ဒုဥက္ကဋ္ဌများဖြစ် သည့် ဦးအောင်မင်း၊ ဦးသိန်းဇော် ဦးဆောင်သည့်ကိုယ်စားလှယ်အ ဖွဲ့နှင့် ‘၀’ ပြည်သွေးစည်းညီညွတ် ရေးပါတီ(UWSP/UWSA)၊ မိုင်း လားအဖွဲ့(NDAA)ထိပ်ပိုင်းခေါင်းဆောင်များ စက်တင်ဘာ ၁၂ရက်က ရှမ်းပြည်နယ်ကျိုင်းတုံ မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့
သည်။

ဆွေးနွေးပွဲအပြီးတွင် ‘၀’နှင့် မိုင်းလားအဖွဲ့တို့အနေဖြင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများညှိနှိုင်းကြိုးပမ်း ဆောင်ရွက်ခဲ့မှုရလဒ်ဖြစ်သော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲ ရေးသဘောတူစာချုပ်(NCA)ကို အသိအမှတ်ပြုထောက်ခံကြိုဆို နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရာ တွင်လည်းကောင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်သွားနိုင်ရေးအတွက် ဆက်လက်ညှိနှိုင်းသွားကြ မည်ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ခဲ့ ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က တပ်မတော် ကာကွယ်ရေးဦးစီးချုပ်အနေဖြင့် အထူးဒေသ-၂ ‘၀’နှင့်အ ထူးဒေသ-၄‘မိုင်းလား’တို့ကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ရန်ပြင်းပြသည့်ဆန္ဒရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များထဲတွင် အင်အားအ ကြီးဆုံးဖြစ်သည့် UWSP/UWSA နှင့် ၎င်း၏ မဟာမိတ် မိုင်းလားအဖွဲ့တို့သည် အစိုးရနှင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ကြားပြုလုပ်ခဲ့သည့် NCAဆွေး နွေးပွဲများတွင် တက်ရောက်လေ့မရှိကြပေ။

၎င်းတို့အနေဖြင့် အပစ်အ ခတ်ရပ်စဲရေးလက်မှတ်ရေးထိုး ပြီးဖြစ်၍ NCAကို ထပ်မံရေးထိုး ရန် မလိုအပ်ဘဲနိုင်ငံရေးဆွေးနွေး ပွဲများတွင်မှ ပူးပေါင်းပါဝင်မည် ဖြစ်ကြောင်း‘၀’နှင့် ‘မိုင်းလား’ ခေါင်းဆောင်များကပြောကြားဖူး သည်။
NCAကို လာမည့်အောက်တိုဘာပထမပတ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့ခန့်နှင့် လက်မှတ်ရေးထိုးနိုင်မည်ဟု ယုံကြည်ကြောင်း အစိုးရဘက်က ပြောကြားထားသည်။

‘၀’နှင့်မိုင်းလားအဖွဲ့တို့ သည် အစိုးရသစ်လက်ထက်တွင် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ပထမဆုံးလက်မှတ်ရေးထိုးခဲ့သော အဖွဲ့များဖြစ်သည်။

7Day Daily.com

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ