Thursday, September 10, 2015

တသီးပုဂ္ဂလ ဝင်ပြိုင်တဲ့ ပါတီဝင်တွေကို အရေးယူမယ်လို့ NLD ပြော

တသီးပုဂ္ဂလဝင်ပြိုင်ဖို့လုပ်တဲ့ NLDပါတီဝင်၁၀ယောက်ဝန်းကျင်ရှိတယ်လို့ဆို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ နှုတ်ထွက်ခြင်းမရှိပဲ လာမယ့်ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ရင် ပါတီတွင်းစည်းကမ်းနဲ့ အရေးယူမယ်လို့ NLD ပါတီ ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

တချို့ပါတီဝင်တွေက NLD ကိုယ်စားလှယ်လောင်းရှိရာ မဲဆန္ဒနယ်မှာတသီးပုဂ္ဂလအနေနဲ့ ဝင်ပြိုင်တာတွေ ရှိနေတဲ့အတွက် NLD ပါတီရဲ့ကိုယ်စားလှယ်ကိုမဲကွဲအောင်အတိုက်အခံလုပ်တဲ့ သဘောဖြစ်နေတာကြောင့် ပါတီစည်းမျဉ်းစည်းကမ်းအရငြိစွန်းနေတာမို့ အခုလိုကြေညာချက်ထုတ်ရတဖြစ်တယ်လို့ ပါတီဗဟို အလုပ် အမှုဆောင်ကော်မီတီဝင် ဦးဝင်းမြင့်ကဘီဘီစီကိုပြောပါတယ်။

NLD ပါတီ ( ဗဟို ) ကိုယ်စားလှယ်လောင်းစာရင်းမှာမြို့နယ်တချို့ကတင်သွင်းတဲ့ ကိုယ်စားလှယ် လောင်းတွေအပယ်ခံရအပြီးမှာ အဲဒီကိုယ်စားလှယ်လောင်းတချို့ကတသီးပုဂ္ဂလအနေနဲ့ ပြန်တိုက်တာ ဖြစ်တဲ့အတွက် သူတို့ကိုရည်ညွှန်းထုတ်ပြန်တာလို့ပြောပါတယ်။

အဲဒီလို တသီးပုဂ္ဂလပြိုင်ချင်ရင် NLD ပါတီကနေနှုတ်ထွက်ရမှာဖြစ်ပြီးနှုတ်ထွက်ကြောင်းတရားဝင် စာတင်ဖို့လိုတယ်လို့ဆိုပါတယ်။

တသီးပုဂ္ဂလ ပြိုင်ဖို့လုပ်တဲ့ ပါတီဝင်၁၀ယောက်ပတ်ဝန်းကျင်လောက်ရှိနိုင်ပြီးအတိအကျသိရအောင် မြို့နယ် တွေကို စာရင်းတောင်းထားတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် NLD ပါတီကိုယ်စားလှယ်လောင်းတွေအနေနဲ့ အစိုးရကမတရားသင်းအဖြစ်ကြေညာထားတဲ့ အဖွဲအစည်းတွေနဲ့ ပတ်သက်ဆက်စပ်တာမျိုးမလုပ်ကြဖို့ကိုလည်း ပါတီဗဟိုရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ကထုတ်ပြန်ကြေညာခဲ့ပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ