ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဖြူးတောင်ဘက်အထွက်၌ စက်တင်ဘာ ၆ ရက် နံနက် ၄ နာရီက ရန်ကုန်-မန္တလေး ပုံမှန်ကားလမ်းမိုင်တိုင်အမှတ် ၁၄ဝ/၃ ကြားအရောက်၌ မန္တလေးဘက်မှ ဖရဲသီးများတင်ဆောင်၍ ရန်ကုန်ဘက်သို့ ယာဉ်မောင်း ပြည့်ဖြိုးမောင် (၂၅ နှစ်) ပျော်ဘွယ်မြို့သစ်နေ မောင်းနှင်လာသော ၁၂ ဘီးကုန်တင်ယာဉ် 8E/ --- သည် လမ်းယာဘက်သို့ထိုးကျကာ လမ်းဘေးရှိ ကောင်းမြတ်ဓာတ်ဆီဆိုင်မှ ဆိုင်းဘုတ်ကိုတိုက်မိပြီး ဆက်လက်၍ အရှိန်ဖြင့် လမ်းဘေးဓာတ်တိုင်ကိုတိုက်မိရာ ဓာတ်တိုင်ကျိုးသွားပြီး ကားပေါ်သို့ပိ၍ ဓာတ်ကြိုးများ ပြတ်တောက် သွားသည်။
အဆိုပါဓာတ်တိုင်ဝင်တိုက်မိသဖြင့် လျှပ်စစ်ဓာတ်ကြိုးများပြတ်ကျ၍ ညောင်ကားယားရွာ၊ သပြေလှရွာ၊ ကာစီပူ၊ ဂျရမ်ပူကျေးရွာများနှင့် ပတ်ဝန်းကျင်ကျေးရွာများ၌ လျှပ်စစ်မီးများ ပြတ်တောက်ကုန်သဖြင့် မြို့နယ်လျှပ်စစ်ရုံးမှ ဝန်ထမ်းများက ချက်ချင်းပြန်လည်ဆောင်ရွက်ခဲ့ရာ မွန်းလွဲပိုင်းတွင် လျှပ်စစ်မီးများ ပုံမှန်ပြန်လင်းခဲ့ကြောင်းသိရပြီး ယာဉ်မဆင်မခြင်မောင်းနှင်သူအား သက်ဆိုင်ရာက စစ်ဆေး ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
မြင့်ဦး(ဖြူး)

No comments:
Post a Comment