Thursday, September 10, 2015

ဘဝမှာအမဲစက်မရှိခဲ့ဆိုသူ ဦးမြတ်ဟိန်း နိုင်နိုင်ရှုံးရှုံး ဒေသအကျိုး ဆောင်ရွက်မည်ဟု ကတိပြုမဲဆွယ်

လာမည့်ရွေးကောက်ပွဲတွင် ဇဗ္ဗူသီရိမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင် မည့် လေတပ်ဦးစီးချုပ်ဟောင်းဦးမြတ်ဟိန်းက သူ့ဘဝတလျောက် အမဲစက်မရှိကြောင်းနှင့် ပြုပြင် ပြောင်း လဲရေးကို အရှိန်အဟုန်မပြတ် ဆက်လုပ်လိုကြောင်းပြောဆိုကာ စက်တင်ဘာ၁၀ရက်က နေပြည်တော် ဇဗ္ဗူ သီရိမြိုကနယ် အလျင်လိုကျေးရွာတွင်မဲဆွယ်စည်းရုံးခဲ့သည်။

“ကျွန်တော်ကတော့ ကျွန်တော့ကိုယ်ကျွန်တော်ယုံကြည်ပါတယ်၊ ကျွန်တော်အခုထိ ဖြတ်သန်း လာတဲ့ဘဝတစ်လျှောက်မှာအမဲစက်တစ်စက်မရှိခဲ့ပါဘူး၊ကြွားပြောတာလည်းမဟုတ်ဘူး၊ စုံစမ်းရင် စုံစမ်ြး ကည့်လို့ရတယ်”ဟု ပြည်ခိုင်ဖြိုးပါတီ၏ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြတ်ဟိန်းက ပြော သည်။

လက်ရှိအစိုးရသည် ပြုပြင်ပြောင်းလဲရေးမလုပ်တာမဟုတ်ကြောင်းနှင့်အချို့သောပြုပြင်ပြောင်းလဲမှု များသည် ၏အချိန်ယူရတာမျိုးရှိသည့်အတွက်နားလည်ပေးစေလိုကြောင်းလည်းဆက်သွယ်ရေး ဝန်ကြီး ဟောင်းဦးမြတ်ဟိန်းက လက်ရှိအစိုးရကို ကာကွယ်ပြောဆိုကာ စည်းရုံးခဲ့သည်။

“ဒါကြောင့်မို့လို့ ကျွန်တော်တို့အစိုးရအနေနဲ့ လက်ရှိအစိုးရအနေနဲ့ ကျွန်တော်တို့ ဆက်ပြီးတော့လုပ်ခွင့် ရခဲ့မယ်ဆိုရင် ဒီအရင်လူအတိုင်းပဲ ကျွန်တော်တို့ ဒီအရင်လူနဲ့တောင်ပိုပြီးတော့တိုးတက်အောင် လုပ်နိုင် မယ့်အနေအထားရှိတယ်လို့ ကျွန်တော့်အနေနဲ့ ရဲရဲဝင့်ဝင့်ပြောရဲပါတယ်” ဟု ၎င်းက ပြောခဲ့သည်။

ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဟောင်း ဦးမြတ်ဟိန်းက ၎င်းယှဉ်ပြိုင်မည့်ဒေသအတွက် ရွေးကောက်ပွဲကတိကဝတ်အနေဖြင့်အရွေးခံရသည်ဖြစ်စေ၊မရွေးခံရသည်ဖြစ်စေ ဒေသကောင်းကျိုး အ တွက်အားတက်သရောဆောင်ရွက်ပေးမည်ဟုလည်း ကတိကဝတ်ပြုကာမဲဆွယ်ခဲ့သေးသည်။

“ဖြစ်နိုင်ခြေရှိမရှိ၊တစ်ကယ်လုပ်နိုင်တဲ့လူဟုတ်မဟုတ် ခင်ဗျားတို့လေ့လာပါ။ပြီးရင်ကြိုက်ရင်ကျွန်တော့်ကို မဲပေးပါ"ဟု ၎င်းက ဆိုသည်။

နိုဝင်ဘာလ ၈ ရက်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် နေပြည်တော် ကောင်စီနယ်မြေ ဇမ္မူသီရိမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်နေရာအတွက် NLDမှ ဦးဖြိုးဇေယျာသော်၊ ဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်ခိုင်မိုး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးကျော်အေး၊ ပြည်ခိုင်ဖြိုးပါတီမှဦးမြတ်ဟိန်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ