စက်တင်ဘာ ၂ ရက် ည ၈ နာရီ ၄၅ မိနစ်ခန့်က ကမာရွတ်မြို့နယ် အမှတ် (၄)ရပ်ကွက် ဘုရင့်နောင် လမ်းမကြီးပေါ်ရှိ ဘုရင့်နောင်တာဝါ (၂) ဒုတိယထပ် အခန်း ၂ဝ၂ ၌ မီးလောင်မှုဖြစ်ခဲ့သည်။
လောင်သောမီးမှာ မီးတောက်များ အပြင်သို့ထွက်ရှိခြင်းမရှိဘဲ မီးခိုးများအူထွက်၍ လှိုက်လောင် ခြင်းဖြစ်ကြောင်း ဝိုင်းဝန်းကြည့် နေသူများက ဆိုကြသည်။
အမှတ် (၄) ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက ''ကျွန်တော်တို့လည်းလာပြောလို့ ထွက်ကြည့်တော့ အပြင်ကို မီးခိုးတွေ အများကြီးထွက်နေပါပြီ။ ဒုတိယအထပ် အခန်း၂ဝ၂ ဆောက်လုပ်ရေး လုပ်ငန်းတစ်ခုရုံးခန်းက စလောင်တာပါ''ဟု ဆိုသည်။
မီးလောင်ရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ ညွှန်ကြား ရေးမှူးချုပ် ဦးတင်မိုးနှင့် သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ မြို့နယ်မှ မီးငြှိမ်းသတ်ရေးယာဉ် အစီးရေ ၂ဝ ကျော် လာရောက် ငြှိမ်းသတ်ပေးကြောင်း သိရသည်။
လောင်နေသောမီးကို ည ၉ နာရီ ၅ မိနစ်တွင် ထိန်းနိုင်ခဲ့ပြီး ည ၉ နာရီခွဲတွင် ငြှိမ်းသတ်ပေးနိုင်ခဲ့ သည်။
မီးစတင်လောင်ရခြင်းအကြောင်း နှင့် ဆုံးရှုံးမှုတန်ဖိုးကို စုံစမ်းနေ ကြောင်း မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
သတင်းနှင့်ဓာတ်ပုံ-ကိုကြီးတင်
သစ်ထူးလွင်
No comments:
Post a Comment