ကျွန်းလှမြို့နယ် တည်ပင်ဆိပ်ကျေးရွာတွင် ယခုလ( ရ)ရက်နေ့၌ အရက်နှင့်အက်စစ်အရည် မှားသောက်မိရာမှ အမျိုးသားတစ်ဦးသေဆုံးသွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
တည်ပင်ဆိပ်ကျေးရွာနေ ဦးစိန်ချော ( ၆၃) နှစ်သည် အရက်ကြောင်ကြောင်ကာ စိတ်မူမှန်ခြင်းမရှိသည့် အချိန်၌အက်ဆစ်ရည်များအားအရက်များဟုထင်မှတ်ကာသောက်သုံးမိရာမှပါးစပ်၊၀ဲယာလည်ပင်းနှင့် ရင်ဘတ်တို့တွင် ညိုမဲဒဏ်ရာများရရှိကာသေဆုံးသွားခဲ့ရကြောင်း ပထမသတင်းပေးချက်အရ သိရသည်။
အဆိုပါသေဆုံးသူသည် ယခင်ကအရက်များအလွန်အကျွံသောက်သုံးသူ တစ်ဦးဖြစ်ပြီးလွန်ခဲ့သည့် (၁၀) ရက်ခန့် မှစတင်ကာ အရက်ဖြတ်ထားခဲ့ပြီးစိတ်မူမှန်ခြင်းမရှိဘဲနေအိမ်တွင်း၌ထားသည့် အက်စစ် ရည်များအား အရက်များဟုထင်မှတ်ကာသောက်သုံးမိခဲ့သည့်အတွက်ယခုကဲ့သို့ သေဆုံးသွားရခြင်း ဖြစ် ကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
ယင်းသို့ အရက်နှင့် အက်စစ်ရည်မှားသောက်ကာ သေဆုံးသွားခဲ့မှုအတွက်သက်ဆိုင်ရာ ကျွန်းလှမြို့မ ရဲစခန်းမှသေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၅ ဖြင့်ရေးဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

No comments:
Post a Comment