Wednesday, September 9, 2015

မနက် ကိုးနာရီကနေ ညနေ ငါးနာရီ အလုပ်ချိန်ဟာ ကြီးစွာသော ဆင်းရဲဒုက္ခတစ်ခုဖြစ်ပြီး ဒါကို ရုတ်သိမ်းသင့်

မနက် ၁၀ နာရီမထိုးခင် အလုပ်ဆင်းရတာဟာကြီးစွာသော ဆင်းရဲဒုက္ခတစ်ခုဖြစ်ပြီး ၀န်ထမ်းတွေကို ကျန်းမာရေးဆိုးရွားစေကြောင်း Oxford တက္ကသိုလ်က ပရော်ဖက်ဆာတစ်ဦးကပြောကြားခဲ့ပါတယ်။

ကျွန်တော်တို့  ခန္ဓာကိုယ်ဟာ ‘body clock’ လိုခေါ်တဲ့ ဇီဝနရီစည်းချက်အတိုင်း လုပ်ဆောင်တာဖြစ်ပြီး ဒီ ဇီဝနရီစည်းချက်ကြောင့် နေ့ တစ်နေ့ ရဲ့နှောင်းပိုင်း မရောက်ခင်အထိလူတွေဟာအာရုံစိုက်ဖို့ခဲယဉ်း တယ်လို့ဆိုပါတယ်။“ ဒါဟာ တကယ်ကြီးမားတဲ့လူ့ အဖွဲ့ အစည်းပြဿနာတစ်ခုပါ။ အသက် ၅၅ နှစ် အောက်ဝန်ထမ်းတွေဟာ မနက် ၁၀ နာရီမှ စတင်အလုပ်ဆင်းသင့်ပါတယ်” လို့ Dr Paul Kelly က ပြော ပခဲ့ပါတယ်။“ ၀န်ထမ်းတွေဟာအမြဲတမ်းအိပ်ရေးမ၀ဖြစ်နေတာကြောင့် ကျွန်တော်တို့ဟာ အိပ်ရေး မ၀ တဲ့ လူ့ အဖွဲ့ အစည်းကြီးကို ပိုင်ဆိုင်ထားရပါတယ်” ။

ဇီဝနရီဟာ အသက်အရွယ်နဲ့ အလိုက်ပြောင်းလဲမှုရှိပြီး ဆယ်ကျော်သက်လူငယ်တွေဟာ နေ့ တစ်နေ့ ကို နောက်ကျမှ စသင့်တယ်လို့ ဆိုပါတယ်။ မနက်ကိုးနာရီအမီအိပ်ရာထ၊အလုပ်သွား၊ကျောင်းသွားလုပ်မှု ကြောင့် အသက် ၅၅ နှစ်မတိုင်ခင် လူငယ်လူရွယ်တွေရဲ့ ခန္ဓာကိုယ်ရဲ့ဇီဝစည်းချက်ပျက်ယွင်းကာ ဆီးချို၊ စိတ်ကစဥ့်ကလျားရောဂါတွေ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

“ သင့်ရဲ့အသည်းနဲ့နှလုံးမှာ ဘယ်အချိန်အလုပ်လုပ်မယ်၊ဘယ်အချိန်နားမယ်ဆိုပြီးမတူညီတဲ့ ဇီဝ စည်းချက်ာ တွေရှိပါတယ်။ ဇီဝစည်းချက်ကိုနှစ်နာရီ၊သုံးနာရီလောက် ရွှေ့ပစ်လိုက်တာကကျန်းမာရေးကို ထိခိုက်စေပါတယ်။ ဒါဟာ နိုင်ငံတကာမှာကြုံတွေ့ နေရတဲ့ပြဿနာတစ်ခုပါ။ လူတွေဟာမဖြစ်သင့်ဘဲ ခံစားနေရပါတယ်” လို့  ပရော်ဖက်ဆာ Kelly က ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ