Tuesday, September 8, 2015

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ ELTA Systems Ltd သို့ ကြည့်ရှုလေ့လာ







အစ္စရေးနိုင်ငံတွင် ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့ တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့သည် စက်တင်ဘာ ၈ ရက် နံနက်ပိုင်းတွင် တဲလ်အဗီးမြို့ မှတစ်ဆင့် Ashdod မြို့ရှိ ELTA Systems Ltd သို့ ရောက်ရှိသည်။

ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ELTA Systems Ltd အတွင်း လှည့်လည် ကြည့်ရှုရာ တာဝန်ရှိသူများက လိုက်လံ ရှင်းလင်းပြသခဲ့သည်။ ၄င်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် က အထိမ်းအမှတ်တံဆိပ် ပေးအပ်ခဲ့သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် Ashdod ရေတပ်စခန်း ဌာနချုပ် (Ashdod Naval Base) သို့ သွားရောက် လေ့လာကြသည်။

တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ် အဖွဲ့အား Ashdod ဌာနချုပ်မှူး Captain Ido Ben Moshe မှ ခရီးဦး ကြိုဆိုပြီး Operation Commander က Ashdod ရေတပ်စခန်း ဌာနချုပ်နှင့် ရေယာဉ်စုများ အကြောင်းကို Power Point ဖြင့် ရှင်းလင်း တင်ပြသည်။

ယင်းနောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် နှင့် အဖွဲ့သည် IAI RAMATA ၏ Vice President ဖြစ်သူ Mr. Nitzan Shaked နှင့်အတူ မြန်မာ့တပ်မတော်(ရေ) အတွက် မှာယူထားသည့် ကမ်းရိုးတန်းသွား ကင်းစောင့် အမြန်ရေယာဉ်နှင့် ပုံစံတူ FAC Super Dvora MK3 ရေယာဉ်အား စီးနင်းလိုက်ပါ လေ့လာကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Mr. Nitzan Shaked ၊ ရေယာဉ်စုမှူးနှင့် စစ်ရေယာဉ်မှူးတို့အား အထိမ်းအမှတ်တံဆိပ်များ ပေးအပ်ခဲ့ပြီး Mr. Nitzan Shaked မှ Super Dvora ရေယာဉ်ငယ်ပုံစံအား အမှတ်တရ လက်ဆောင်အဖြစ် ပြန်လည် ပေးအပ်သည်။

ဆက်လက်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့သည် ဂါဇာကမ်းမြောင်နယ်စပ်ရှိ Israel Village ဂါဇာ ဌာနချုပ်သို့ မွန်းလွဲပိုင်းတွင် ရောက်ရှိ ကြသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့အား ဂါဇာကမ်းမြောင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်မှ Colonel Dato Bar Kalifa နှင့် တာဝန်ရှိသူ များက ကြိုဆို နှုတ်ဆက် ကြသည်။

ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့သည် ဂါဇာကမ်းမြောင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် အတွင်း လှည့်လည်ကြည့်ရှု လေ့လာကြကြောင်း သိရှိရသည်။

Themyawadydaily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ