တရက်အနိမ့်ဆုံး လစာ ၃၆ဝဝ ကျပ် သတ်မှတ်ပြီးနောက် အလုပ်ရုံတချို့ပိတ်သိမ်းတာ ၊ အခွင့်အရေးတချို့ လျှော့ချတာတွေ လုပ်နေလို့ အလုပ်သမား ဆန္ဒပြမှုတွေ ဖြစ်ပွားနေပါတယ်။
စက်ရုံ ၁ ရုံ ပိတ်သိမ်းပြီး အလုပ်သမား တထောင်လောက် အလုပ်လျှော့ခံရသလို အကြိုအပို့ ကားတွေ ထားမပေးတော့တာတွေ ရှိတယ်လို့ အလုပ်သမား သမဂ္ဂအဖွဲ့ချုပ် ဥက္ကဋ္ဌဦးအောင်လင်းက ပြောပါတယ်။
၃၆ဝဝ ကျပ် သတ်မှတ်စဉ်က တဒေါ်လာ ၁ဝ၅ဝ ပဲရှိခဲ့ပေမယ့် အခု ၁၂၇ဝ လောက်ရှိလာလို့ အခြေခံ စားကုန်ဈေးတွေ တက်တာတွေ ရှိလာတယ်လို့လည်း သူကဆိုပါတယ်။
အကြိုအပို့ ကားစီစဉ်မပေးရင် အလုပ်သမားတွေ လစာ ၃ ပုံ ၁ ပုံ လောက်ကားခနဲ့ ကုန်ရမယ့် အနေအထားရှိနေပါတယ်။
လောလောဆယ်မှာ ရန်ကုန်မှာ အထည်ချုပ် လုပ်သား ၂ သိန်းလောက် ရှိရာမှာ ထောင်ဂဏန်း လောက်ပဲ ထိခိုက်မှု ပမာဏ မကြီးမားဘူး လို့လည်း ဦးအောင်လင်းက ပြောပါတယ်။
စက်တင်ဘာလ မကုန်ခင် အလုပ်ရှင် အလုပ်သမား လုပ်cဆိုင်ရာ စာချုပ်တွေချုပ်ဖို့ အစိုးရက အလုပ်ရှင်တွေကို ဖိအားပေးနေလို့ အလုပ်သမားတွေအတွက် လိုက်လျောဆောင်ရွက် ပေးလာတာတွေရှိမလား မျှော်လင့်သူတွေလည်း ရှိပါတယ်။

No comments:
Post a Comment