ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေလျှံမှုမှာ စိုးရိမ်ရေမှတ်ကျော်လွန်လာပြီးမြို့တွင်းသို့ ရေများဝင်ရောက်လာ၍ စာသင်ကျောင်းများနှင့် ဈေးဆိုင်များ ပိတ်ထားရကြောင်း ခန္တီးမြို့ခံတစ်ဦးက ပြောသည်။
မိုးဆက်တိုက်ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေလျှံတက်လာပြီး ခန္တီးမြို့ရှိ အောင်သာရပ်ကွက်နှင့် ပေါမိုင်းရပ်ကွက်များ ရေလျှံနေ၍ စိုးရိမ်ရသည့်အနေအထားတွင်ရှိကြောင်း သတင်းရရှိသည်။
‘‘ဒီနေ့မနက်ပိုင်းကစပြီး ရေတွေတိုးလာတယ်။ အထက်ဘက်ကို ရေတွေလျှံတက်လာတယ်။ အခုက မြို့ထဲ ကို တော်တော်လည်း ရေတွေဝင်လာတဲ့အနေအထားဖြစ်နေတယ်။ စိုးရိမ်ရေမှတ် ကျော်လွန်ပြီးတော့ မြို့ထဲ ကို ရေတွေ တောက်လျှောက်ဝင်လာတယ်’’ဟု ခန္တီးမြို့ခံ ဦးနော်အောင်ဆန်းက ပြော
သည်။
သည်။
လက်ရှိတွင် ခန္တီးမြို့ ပေါမိုင်းရပ်ကွက်နှင့်မြို့မရပ်ကွက်များရှိ မြေနိမ့်ပိုင်းဒေသများရှိ အိမ်များအတွင်း ထက်ဝက်ခန့် ရေမြုပ်သွားပြီး စာသင်ကျောင်းများ၊ ဈေးဆိုင်များလည်း ပိတ်ထားကြောင်း သတင်းရရှိသည်။
ရေလျှံမှုဖြစ်ပွားနေ၍ နေအိမ်တွင်းရှိ ပစ္စည်းများရွှေ့ပြောင်း ခြင်းများနှင့် ရေ၀င်နိုင်သည့် မြေနိမ့်ပိုင်းများတွင် ခန္တီးမြို့ရှိ တပ်မတော်သားအင်အားဖြင့် မြေတာပေါင်ဖို့ခြင်းများ စတင်ဆောင်ရွက်နေကြောင်း သတင်းရရှိ သည်။
http://7daydaily.com
No comments:
Post a Comment