ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု၍ ရွေးကောက်ပွဲဝင်မည့် ဗိုလ်ချုပ်ကြီးဟောင်း လှဌေးဝင်းသည် စက်တင်ဘာ ၇ ရက် နံနက်အစောပိုင်းတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်အတွင်း ဘုရားဆင်းတုတော်လေး ရာကျော်နှင့် စကိုင်းနက်ရုပ်သံစက်များကို ဒေသခံများနှင့်ပရဟိတအဖွဲ့အစည်းအချို့အား လှူ ဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။
ဦးလှဌေးဝင်းသည် ဇေယျာသီရိမြို့နယ် ကျည်တောက်ကျေးရွာအုပ်စုကျည်တောင်ကျေးရွာရှိ ရွာဦး ဘုန်းတော်ကြီးကျောင်းတွင် ဒေသခံများအား ဉာဏ်တော် ၉ လက်မရှိသော ဘုရားဆင်းတုတော်၄၅၀ ကျော်တို့ကို လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ကျေးရွာရှိ ဒေသခံအချို့က ပြောကြားသည်။
‘‘နံနက် ၆ နာရီလောက်ထလုပ်သွားတာပါ။ ရွာကလူတွေအကုန်တောင်မသိလိုက်ကြဘူး’’ ဟု ကျည်တောင်ရွာမှ ဒေသခံတစ် ဦးက ဆိုသည်။
ထို့အပြင် ယင်းရွာရှိ ပရဟိတအဖွဲ့တစ်ဖွဲ့လျှင် skynet ရုပ်သံစက်တစ်လုံးစီ လှူဒါန်းခဲ့သည်ဟု ဒေသခံ များက ပြောသည်။
ရွေးကောက်ပွဲတရားဝင်မဲဆွယ်ခွင့်မရရှိမီ ဦးလှဌေးဝင်းသည် ၎င်းမဲဆန္ဒနယ်အတွင်း ဒုတိ ယအကြိမ်မြောက် လှူဒါန်းခြင်းလည်းဖြစ်သည်။ စက်တင်ဘာလဆန်းအတွင်းမှာပင် ကျောက်ခက်ကျေးရွာရှိ ဒေသခံများကို မျက်စိစမ်းသပ်ခြင်း၊ မျက်မှန်များ လှူဒါန်းမှုကို ဦးလှဌေးဝင်း၊ ဒေါ်မာမာဝေ မိသားစုလှူဒါန်းသည်ဟု ဆိုကာ အလှူအတန်းတစ်ခုပြုလုပ်ခဲ့သေးသည်။
ယင်းသို့ ဒေသခံများအား ခေါင်းစဉ်များတပ်၍ လှူဒါန်းခြင်း သည် ကြိုတင်မဲဆွယ်ခြင်းဖြစ်သည်ဟု ဆိုကာ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ အသိပေးတိုင်ကြားရန် စီစဉ်နေကြောင်း သတင်းရရှိသည်။

No comments:
Post a Comment