Tuesday, September 8, 2015

သမ္မတ တရုတ်နိုင်ငံမှ ပြန်လာပြီးနောက် နယ်စပ်မှ တရားမ၀င် သစ်တင်ပို့မှုများ လေးလပိတ်

သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံခရီးစဉ်မှပြန်လာပြီးနောက် မြန်မာနိုင်ငံဘက်မှတရုတ်နိုင်ငံဘက်သို့ တရားမ၀င်သစ်တင်ပို့မှုကို လေးလကြာပိတ်ပင်ရန် ယူနန်ပြည်နယ်အစိုးရက မြန် မာသစ်ကုန်သည်များအား ခေါ်ယူအသိပေးကြောင်း သတင်းရရှိ သည်။ 

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံတွင်ကျင်းပသည့် နှစ် (၇၀) ပြည့်နှစ်ပတ်လည်အခမ်းအနားသို့ စက်တင်ဘာ ၂ ရက်မှ ၄ ရက်အထိတက်ရောက်ခဲ့သည်။ ယင်းခရီးစဉ်မှပြန်လာပြီးနောက် မကြာမီမှာပင် ယူနန်ပြည်နယ်အစိုးရက သစ်တင်ပို့မှုကိုလေးလကြာရပ်နားထားရန် စက်တင်ဘာ၇ ရက်၌ မြန်မာသစ်ကုန်သည်များအားခေါ်ယူအသိပေးခဲ့သည်ဟု မြန်မာ-တရုတ်နယ်စပ်ဒေသမှ မြန်မာအစိုးရ ၀န်ထမ်းအချို့နှင့် သစ်ကုန်သည်အချို့က ပြောကြားသည်။ 

ကချင်ပြည်နယ် ဒီမိုကရေစီပါတီဥက္ကဋ္ဌ ဦးမနာမ်တူးဂျာက တရားမ၀င်သစ်တင်ပို့မှုကို တရုတ်နိုင်ငံဘက်က ယခုကဲ့သို့တားဆီးလိုက်ခြင်းကို ဒေသခံတစ်ဦးအနေဖြင့်ကြိုဆိုပြီး သမ္မတဦးသိန်းစိန် တရုတ်နိုင်ငံ ခရီးစဉ်တွင် အဆိုပါကိစ္စကို ခေါင်းစဉ်တစ်ခုအနေဖြင့် ဆွေးနွေးခဲ့ဖွယ်ရှိသည်ဟု ပြောကြားသည်။ 

သမ္မတဦးသိန်းစိန်သည် တရုတ်နိုင်ငံမှပြန်ရောက်ပြီးနောက် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်ရေး ပူးပေါင်း ထိန်းသိမ်းရန်နှင့် နယ်စပ်ဒေသစီမံခန့်ခွဲမှုပူးပေါင်းဆောင်ရွက်ရေးများတိုးမြှင့်ရန်အပါအ၀င် သဘော တူညီ ချက်အချို့ရရှိခဲ့သည်ဟု စက်တင်ဘာ ၅ ရက်တွင် သတင်းထုတ်ပြန်သည်။ 

မြန်မာအစိုးရက ပြည်ပနိုင်ငံများသို့ သစ်တင်ပို့မှုတားမြစ်ထားသော်လည်း မြန်မာနိုင်ငံဖက်မှ သစ်ကုန် သည်များက တရုတ်နိုင်ငံဖက်သို့ မှောင်ခိုပို့နေဆဲဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရကာ ၎င်းတိြု့ ပြည်နယ်ထဲသို့ရောက်လျှင် တရုတ်ကုန်သည်များအား တရားဝင်အခွန်ဆောင်ပြီးမှသာတင်သွင်းခွင့် ပြုခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ