မြေကြီးကရွှေသီးစေမည့် ပညာရွှေအိုးတို့ဖြင့် ရွှေထီးဆောင်းချိန်တန်ပြီ
တစ်ချိန်ကမြန်မာနိုင်ငံကို အာရှတိုက်၏ စပါးကျီဟုတင်စားခေါ်ဝေါ်ခဲ့ကြသည်။
ယနေ့မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်၌ ပျိုတိုင်းကြိုက်သည့်နှင်းဆီခိုင်ပမာ ဖြစ်နေသည်။နှစ်ပေါင်း
၅၀ကျော် ပဋိပက္ခကာလကို ကျော်ဖြတ်ပြီးနောက် ရွှေထီးဆောင်းရချိန် စန်းပွင့်ချိန်၌ ကြုံကြိုက်နေသည်။
အာရှတိုက်၏ မတို့မထိရသေးသည့် နောက်ဆုံးရတနာသိုက်အဖြစ် စီးပွားေ ရးပညာရှင်များနှင့် ကမ္ဘာ့မီဒီယာများရေး သားဖော်ပြလျှက်ရှိသည်။
သဘာဝသယံဇာတပေါကြွယ်ဝသော မြန်မာနိုင်ငံသည်
ပထ၀ီအနေအထားအရလည်း တောင်အာရှနှင့် အရှေ့တောင်အာရှဒေသကြီးနှစ်ခုကြား၌ ကုန်းမြေပေါင်းကူးတံတားအဖြစ်တည်ရှိနေပြန်ရာ
မဟာဗျူဟာ အဖိုးတန်မြေဖြစ်နေပြန်သည်။
သို့ဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံအကြောင်း
ဝေဖန်သုံးသပ်အကြံပြုချက် အမြောက်အမြားကိုလည်း ကြားသိနေရသည်။ မြန်မာနိုင်ငံသည် တိုင်းပြည်ကချမ်းသာပြီး
ပြည်သူလူထုမှဆင်းရဲနွမ်းပါးနေ သည်ဟု ဆိုသူ များလည်းရှိသည်။ သယံဇာတကြွယ်ဝသော်လည်း လွဲမှားသောစီမံခန့်ခွဲမှုကြောင့်
တိုင်းပြည် ဆင်းရဲတွင်း နစ်နေရ ခြင်းဖြစ်သည်ဟု ထောက်ပြသူများလည်းရှိသည်။ပညာရေးစမ်းသပ်ခြင်း၊
ပညာရေး အဟောသိကံဖြစ်ခြင်း တို့ကြောင့် ပညာရေးခါးဆက်ပြတ်နေဟုဆိုကြသည်။ သယံဇာတကြွယ်မှုကို
အားပြုပြီးအာဏာရှင်စနစ် သက်ဆိုးရှည်ခဲ့ခြင်းဖြစ်သည်ဟု အပြစ်ဆိုသူကလည်းဆိုသည်။ သယံဇာတထောက်ချောက်ကို
ကျော်လွှားနိုင်မှ တန်ကာကျမည်ဟု ကောက်ချက်ချသူ ကလည်း ချသည်။ ခေတ်မီဖွံ့ဖြိုးတိုးတက်ရန်
အခါအခွင့်ကြုံနေ သော်လည်း အသိပညာရှင်၊အတတ်ပညာရှင် လုံလောက်မှု မရှိခြင်းကြောင့် နှောင့်နှေးကြန့်ကြာနေ ဦးမည်ဟု
သတိပေးသူများလည်းရှိသည်။
နိုင်ငံတကာပညာရှင်အဖွဲ့အစည်းတခုဖြစ်သော မက်ကင်ဆေးအစီရင်ခံစာက
ယနေ့မြန်မာလူဦးရေအရ အသက်(၁၅)နှစ်မှ (၄၅)နှစ်အတွင်းရှိ အလုပ်လုပ်နိုင်သူ နိုပျိုသည့်အင်အားသန်း၄၀ခန့်ရှိသည်
ဖော်ပြသည်။ ယင်းလူသားသယံဇာတစွမ်းအားကို နိုင်ငံ၏မှုလအရင်းအမြစ် သဘာဝသယံဇာတအင်အားနှင့်
ပေါင်းစပ်ပြီး တန်ဖိုးမြှင့်ကုန်ထုတ်စွမ်းအား၊အဖိုးတန်ကုန်လုပ်စွမ်းအားများအဖြစ် ဖော်ထုတ်အသုံးပြုနိုင်လျှင်
မြေကြီး ကရွှေသီးပြီး ရွှေထီဆောင်းနိုင်မည်မှာဧကန်ဖြစ်သည်။
မြန်မာတို့သည် မဟုတ်မခံ မှန်ရာကိုလုပ်တတ်သူများဖြစ်သည်။
ပျော့လျှင်ဖယောင်း၊ မာလျှင်သံချောင်း ဆိုသကဲ့သို့စိတ်နှလုံး နှုးညံ့သိမ့်မွေ့သည်နှင့်အမျှ
ဇာတိသွေးဇာတိမာန်ထက်သန်ကြသူများလည်းဖြစ်သည်။ ကြီးသူကိုရိုသေငယ်သူကိုသနားတတ်သူများလည်းဖြစ်ရာ
နိုင်ငံရေး၊စီးပွားရေး၊လူမှုရေးကဏ္ဍများတွင် ဆရာကောင်းတပည့်ပန်ကောင်းပန်နိုင်သူများ ပေါ်ထွန်းအောင်ပြုစုပျိုးထောင်ရန်
ခက်ခဲဖွယ် အကြောင်းမရှိပေ။ ကမ္ဘာပေါ်တွင် ပေါ်ထွန်းသမျှအတတ်ပညာ၊နည်းပညာဟူသမျှကို မိမိတို့နိုင်ငံနှင့် အံဝင်ခွင်ကျ
ဖြစ်အောင်ရယူ အသုံးချနိုင်သည့် အခွင့်အလမ်းများလည်း ပွင့်လန်းနေပြီဖြစ် သည်။ ခေတ်ပေါ်လူသုံးကုန်ပစ္စည်းဟူသမျှ
မြန်မာတို့တင်သွင်းအသုံးပြုနိုင်သကဲ့သို့ ခေတ်မီပညာများကိုလည်းထက်ကြပ်မကွာ သင်ယူဆည်းပူးနိုင်မည်မှာ
ဧကန်ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးဖိုရမ်
(World Econmic Forum) လူငယ်အဖွဲ့၏ဒါရိုက်တာဖြစ်သူ ဒေးဗစ်အိုက်ခမန်းက “ နှစ်ပေါင်း
၅၀ကြာအောင် အထီးကျန်လုပ်ခံထားရပြီးနောက် မြန်မာပြည်က မြန်ဆန်တဲ့ပြောင်းလဲ မှုတွေ ဖြစ်
ပေါ်နေပါပြီ။ လက်ရှိကာလဟာ စိတ်ဝမ်းကွဲပြားမှုတွေကိုဖြေရှင်းပြီး အားပါဝင်တဲ့၊ လူတိုင်း အကျိုးဖြစ်ထွန်းမယ့်
စီးပွားရေးတိုးတက်မှုရအောင် လုပ်ဆောင်နိုင်တဲ့ အကောင်းဆုံးအခွင့်အလမ်းပါပဲ” ဟု သုံးသပ်ပြောကြားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ခဲ့သူ National Democratic Institute
(NDI) ၏ဥက္ကဌ မက်ဒလင်းအောဘရိုက်က “မြန်မာနိုင်ငံမှာ မြင်တွေ့ခဲ့ရတဲ့ အစု အဖွဲ့ဟာ ပြဿနာတွေနဲ့ကြုံတွေ့ရ တဲ့အခါတိုင်း ဖြေရှင်းဖို့ကြိုးစားကြတယ်။
သူတို့ဟာ သူတို့ရဲ့အမှားတွေကနေ သင်ခန်းစာယူကြရုံတင်မကဘူးတခြားနိုင်ငံတွေကနမူနာတွေကိုပါယူတတ်ကြတယ်။ဒါကြောင့် မြန်မာနိုင်ငံရဲ့ပုပြင်ပြောင်းမဲမှုဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကိုရောက်နေပြီ လို့ယူ ဆတယ်”ဟူ၍
သုံးသပ်ပြောကြားခဲ့သည်။
သို့ဖြစ်ရာ
နောင်အနှစ် ၂၀ကာလကိုမျှော်မှန်းပြီး မျိုးဆက်သစ်များအတွက် မဖြစ်မနေရင်းနှီးမြုပ်နှံပေးရ
မည်မှာ ပညာရွှေအိုးများပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ဦးနှောက်များပြည်ပသို့ယိုစီးခဲ့ ရသည်ဟု ဆိုကြသည်။
ပြည်ပသို့မယိုစီးဘဲ ပြည်တွင်း၌ပင် စီးဆင်းလည်ပတ်နေသော ဦးနှောက်များစွာရှိနေ သည်မှာ
အသေအချာ ပင်ဖြစ်သည်။ မိမိတို့တိုင်းပြည်သည် ကျဆုံးနေသောနိုင်ငံမဟုတ်ပေ။ ကိုလိုနီခေတ်မှ
တပေကုလားကဲ့သို့ ရွာငယ်ဇနပုဒ်များ ရှိနေသေးသည့်တိုင် အနေစုတ်သော်လည်း ရွှေထုပ်သည့်မြပ၀ါပမာ
အမိရတနာမြေပေါ်တွင် မိမိတို့၏မျိုးဆက်များကို သားကောင်းရတနာ သမီးကောင်းရတနာများအဖြစ်
သားစဉ်မြေးမြစ် ပြောထုံးဖြစ်အောင် ပြုစုပျိုးထောင်ပြီး မြန်မာနိုင်ငံသစ်ကို ထူထောင်ကြပါစို့ဟု
တိုက်တွန်းရေး သားလိုက်ရပါ သည်။
ပြည်ထောင်စုနေ့စဉ်
No comments:
Post a Comment