အနာဟောင်း၊အနာဆွေးများ သက်သာပျောက်ကင်းမည့်နည်းလမ်းကောင်း
လူတစ်ကိုယ်ရေသန့်ရှင်းရေးဟာအရေးကြီးလှပါတယ်။ရေမှန်မှန်ချိုးခြင်းနဲ့
သန့်ရှင်းသောအ၀တ်အစား များကိုဝတ်ဆင်သင့်ပါတယ်။ သန့်ရှင်းသောအ၀တ်အစားဆိုရာမှာ တန်ဖိုးကြီးပြိး
လှပတဲ့အရောင်ရှိတဲ့ အ၀တ်ကို မဆိုလိုပါ။ လျှော်ဖွတ်ပြီး သန့်ရှင်းတဲ့အ၀တ်ကို ဆိုလိုရင်းဖြစ်ပါတယ်။
နေ့စဉ် ခန္ဓာကိုယ် သန့်ရှင်းစွာနေထိုင်ဖို့ အရေးကြီးပါတယ်။ လူ့ခန္ဓာကိုယ်ဟာသန့်ရှင်းသပ်ရပ်စွာ မနေဘဲပေကျံပြီးဖြစ် သလိုနေထိုင်သွားရင်ရောဂါဘယထူပြောလာမှာပါ။ခန္ဓာကိုယ်မှာအနာရောဂါများလည်း ပေါက်တတ်ပါတယ်။
အနာများပေါက်ခဲ့ရင် သင့်တော်တဲ့ဆေးဝါးနဲ့တွေ့ရင် အနာတွေပျောက် ကင်းပေမယ့် တချို့အနာတွေပျောက်ကမပျောက်ဘဲ
အနာဟောင်း၊ အနာဆွေး အဖြစ်ရေရှည်ဖြစ်နေတဲ့သူတွေတွေ့ ရပါတယ်။ ဒီတစ်ပတ်တော့စာဖတ်ပရိတ်သတ်ကြီး
ကိုအနာဟောင်း၊ အနာဆွေးတွေ သက်သာပျောက်ကင်း မယ့် နည်းလမ်းလေးရေးပေးလိုက်ပါတယ်။ သက်သာ ပျောက်ကင်း
သွားရင်လည်းတစ်ကိုယ်ရေ သန့်ရှင်းရေးကို အမြဲဂရုစိုက်ဖို့တိုက်တွန်းသွားရင်လည်းတစ်ကိုယ်ရေ
သန့်ရှင်းရေးကို အမြဲဂရုစိုက်ဖို့တိုက်တွန်းပါတယ်။ အနာဟောင်း၊အနာဆွေးလို့ဆိုရာမျာ ကာလအတန်ကြာ
သက်သာ ပျောက်ကင်းမှုမရှိဘဲ အမြစ်တွယ်နေတဲ့အနာကို ဆိုလိုရင်းဖြစ်ပါတယ်။ဆေးဖော်စပ် ရမယ့်နည်းလမ်း
ကတော့ပျားဖယောင်းတစ်ကျပ်သား၊ထောပတ်စစ်စစ် တဆယ်သားတို့လိုအပ်ပါတယ်။ ပထမဦးစွာ ထောပတ်ကို
မီးကျီးခဲနဲ့ချက်ရပါမယ်။ ထောပတ်အရည်ပျော်လာတဲ့အချိန်ကိုရောက်ရင် ပျားဖယောင်းထည့်မွှေပေးပါ။
ပျားဖယောင်း အရည်ပျော်ပြီးသမသွားရင်ဆေးအိုးကိုချပြီး အအေးခံပါ။ ပြီးရင်ဖန်ပုလင်းထဲထည့်ပြီးဆောင်ထား
ပါ။ ဆေးလိမ်းလိုရင်မီးခပ်နွေးနွေးနဲ့ အပူပေးပါ။ တစ်နေ့ ကိုနှစ်ကြိမ်မှ သုံးကြိမ်အထိလိမ်းပေးရပါမယ်း။
အနာဟောင်း၊ အနာဆွေးတွေရက်ပိုင်းအတွင်း သက်သာပျောက်ကင်း ပါလိမ့်မယ်။ အနာဟောင်း၊ အနာဆွေးတွေတင်မကပါဘူး၊
ထိခိုင်ရှနာများ၊ ရေနွေးပူ၊ ဆီပူလောင်ခြင်းများဆိုင်ကယ်နဲ့ကားအိတ်ဇောအပူ လောင်ခြင်းတို့အတွုက်
အကောင်းဆုံးဆေးနည်းဖြစ် ပါတယ်။ ငွေကုန်ကျေးကသက်သာပြီးဖော်စပ်ရလွယ်ကူတဲ့ နည်းပါ။ အနာဟောင်းတွေပျောက်ကင်း သွားရင်တော့
ဘ၀တစ်သက်တာမှာ တစ်ကိုယ်ရေသန့်ရှင်းရေးကိုအမြဲ ဂရုစိုက်ဖို့တိုက်တွန်းပါရစေ။
အထက်ပါနည်းလမ်းလေးကို
လေ့လာမှတ်သားပြီးအနာဟောင်း၊အနာဆွေးများရှိတဲ့သူများတွေ့ခဲ့ရင် စာဖတ်ပရိတ်သတ်ကြီးကတဆင့်
လမ်းညွှန်ပေးစေချင်လို့ စေတနာနဲ့ ရေးပေးလိုက်ပါတယ်။
မောင်းသင်းနွယ်(မြေပြန့်)
No comments:
Post a Comment