သတိပြုကာကွယ် အီဘိုလာဗိုင်းရပ်စ်အန္တရာယ်
အီဘိုလာဗိုင်းရပ်စ်ပိုးကို
၁၉၇၆ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး အီဘိုလာဟူသောအမည်မှာ ပထမဆုံးရောဂါစတင်တွေ့ရှိခဲ့သည့်အာဖရိက၊ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှ မြစ်တစ်စင်း၏အမည်ကို အစွဲပြုခေါ်ဆိုခြင်းဖြစ်
သည်။ အီဘိုလာရောဂါသည် အီဘိုလာဗိုင်းရပ်စ်ပိုး ကူးစက်ခံရမှုမှ ဖြစ်ပေါ်ခြင်းဖြစ် သည်။ အီဘိုလာဗိုင်းရပ်ရောဂါသည် ကူးစက်မြန်ရောဂါ တစ်မျိုးဖြစ်ပြီး ကုသရန်ခက်ခဲသည့်အပြင် ရော ဂါပြန့်ပွားမှုအား ထိန်းချုပ်ရန်အလွန်ခက်ခဲသောရောဂါ
ဖြစ်ပါသည်။
အီဘိုလာဗိုင်းရပ်စ်ပိုး၏
မူလဇစ်မြစ်မှာမျောက်ဝံများ ဖြစ်သည်ဟုယူဆခဲ့ကြသည်။ လူသားများတွင် ဖြစ်ပွားမှုသည် လူများက
မျောက်ဝံသားစားကြပြီး နောက်ပိုင်းတွင် ပေါ်ပေါက်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။ သိပ္ပံပညာရှင်များကလင်းနို့များသည် အီဘိုလာဗိုင်းရပ်စ်ကို
သဘာဝအလျောက် သယ်ယူနေသူများ အဖြစ် ယူဆနေကြသည်။ မျောက်ဝံများ၊ လင်းနို့များကို လူသားများက
စားသုံးရန်ဖမ်းဆီးသည့်အခါ လင်းနို့များ၏ သွားရည်သို့မဟုတ် အညစ်အကြေးသို့မဟုတ်ရောဂါရှိ
နေသည့် လင်းနို့ပြုတ်ကျသည့်နေရာသို့မဟုတ် မျက်လုံးနှင့်ပါးစပ်များကိုထိတွေ့ မိသူတို့ကိုကူးစက်နိုင်သည်။
ရောဂါဖြစ်ပွားမှုသည်
လင်းနို့များဖမ်းဆီးသည့်အလေ့အထရှိသောဂီနီနိုင်ငံကျေးရွာတရွာမှ စတင်ခဲ့ခြင်း ဖြစ်သည်ဟု
နယ်စည်းမခြားဆရာဝန်များအဖွဲ့ကဆိုသည်။
အီဘိုလာဗိုင်းရပ်စ်သည်ခန္ပ္ဓာကိုယ်မှထွက်သည့်အရည်များမှတဆင့်သာ
ပြန့်ပွားသည်။ ရောဂါပိုး ရှိနေသူ၏ သွေးသို့မဟုတ် အော့အန်လိုက်သောအရည်စသည်တို့သည် အခြားသူတစ်ဦး၏
မျက်လုံး၊ နှာခေါင်း သို့မဟုတ် ပါးစပ်ထဲသို့ ၀င်ရောက်ခြင်းမှ တဆင့်ရောဂါကူးစက်သည်။
ယခုနောက်ဆုံးဖြစ်ပေါ်ခဲ့ သောကိစ္စတွင်ရောဂါကူးစက်မှုအများစုမှာ ရောဂါရှိသူများကိုပြုစုပေးနေသည့်
ဆွေမျိုး သားချင်းများ သို့မဟုတ် ရောဂါကြောင့် သေဆုံးသူများကို မြေမြှုပ်သဂြိုဟ်ပေးသူများကို ကူးစက်ခြင်းက
အများစုဖြစ်နေသည်။ ကျန်းမာရေးဝန်ထမ်းများအတွက် အန္တရာယ်ကြီးမားနေပါသည်။
အထူးသဖြင့်အကာအကွယ်ပစ္စည်းပြည့်စုံမှန်ကန်စွာ
ဝတ်ဆင်ထားခြင်း မရှိသူများ သို့မဟုတ် ဘေးကင်းလုံခြုံမှုရှိစေရန် ကာကွယ်ရေးအတွက်ကောင်းစွာလေ့ကျင့် သင်ကြားခဲ့ခြင်း မရှိ သူများဖြစ်သည်။အီဘိုလာဗိုင်းရပ်ကူးစက်ခံထားရသောလူနာကိုထိတွေ့ကိုင်တွယ်ထားသော ရော်ဘာလက်အိတ်သို့မဟုတ်
လူနာ၏အရေပြားအတွင်းသို့ ထိုးသွင်းပြုထားသည့် ဆေးထိုးအပ်များမှ တစ်ဆင့် လည်းဗိုင်းရပ်စ်
ကူးစက်နိုင်သည်။
အာဖရိကအနောက်ပိုင်းဒေသအချို့တွင်
အီဘိုလာဆိုသည့်အမည်ကို ကျယ်ကျယ်ပြောလိုက်ရုံ မျှဖြစ်ရောဂါပ်ါပေါက်လာနိုင် သည်ဟုယုံ့ကြည့်မှုရှိနေသည်။
အဆိုပါယုံကြညမှုများက ရောဂါဖြစ်ပွားမှုကို တွန်းလှန်နေကြသော နယ်စည်းမခြားဆရာဝန်များကဲ့သိုသော
ဆေးပညာရှင်အဖွဲ့များအတွက် ကြီးမားသည့် အခက်အခဲအတားအဆီးများဖြစ်စေသည်။ အတိတ်ကဖြစ်ရပ်များအတွင်း
စနစ်တကျြိကိုတင်ကာကွယ်မှု မပြုလုပ် ခဲ့သည့်ဆေးဘက်ဆိုင်ရာ ၀န်ထမ်းများကြောင့်လည်းရောဂါ
ပြန့်ပွားရခြင်းများရှိခဲ့သည်။
အီဘိုလှာဗိုင်းရပ်ကူးစက်ခံရပြီး
၈ရက်မှ ၁၀ရက်အတွင်း ရောဂါလက္ခဏာများစတင်ပေါ်ပေါက်လာ သည်ဟု ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်ရေးစင်တာ၏
အဆိုအရသိရသည်။ အစပိုင်းတွင်တုပ်ကွေးနှင့် ဆင်တူ ပြီး ခေါင်းကိုက်ခြင်း၊ဖျားခြင်း၊ ကိုယ်လက်နာကျင်ခြင်းများ
စတင်ခံစားရသည်။ တစ်ခါတရံ တွင်ရောဂါအလျှင် အမြန်တိုးလားပြီး ၀မ်းလျှောခြင်းနှင့်အော့အန်ခြင်း များဖြစ်ပေါ်တတ်သည်။
ထို့နောက်
(ရောဂါဖြစ်ပွားမှုတ၀က်လောက်တွင်)ပိုမိုဆိုးရွားလာပြီး ရောဂါခံစားနေသူများ ကိုယ်ခန္ပ္ဓာမှ အလွန်အကျွံသွေးယိုစီးခြင်းများ
ဖြစ်လာစေသည်။ သွေးအန်ခြင်း၊ ဆီးတွင်သွေးပါခြင်း သို့မဟုတ် အရေပြားအောက် သို့မဟုတ် မျက်လုံးများ၊
ပါးစပ်များမှ သွေးယိုစီးခြင်းများဖြစ်လာသည်။ သို့သော်လည်း သာမန်အားဖြင့် သွေးယိုခြင်းကြောင့်
လူနာသေဆုံးခြင်းမဟုတ်ပါ။ ကိုယ်ခန္ပ္ဓာအတွင်းမှ အရည်များယိုထွက်လာခြင်းကြောင့် သွေးပေါင်ချိန်အလွန်အမင်းကျဆင်းပြီး
နှလုံး၊ကျောက်ကပ်၊ အသည်းနှင့် ကိုယ်ခန္ပ္ဓာ၏ အခြားအစိတ်အပိုင်းများကိုပျက်ဆီးစေသည်။
အီဘိုလာဗိုင်းရပ်စ်အတွက် ကာကွယ်ရန် သို့မဟုတ်
ကုသရန်ဆေးမ၇ှိပါ။
သို့ရာတွင်စမ်းသပ်ထုတ်ဝေထားသော
ZMapp ဆေးကို အီဘိုလာရောဂါကုသရေးတွင် စတင်အသုံးပြုနေပြီဖြစ်သည်။ အဆိုပါဆေးဝါးသည် မျောက်များတွင်စမ်းသပ်ကုသရာတွင်
အောင်မြင်မှုများ ရှိခဲ့သော်လည်းလူသားများတွင်တရားဝင်စမ်းသပ်အသုံးပြုခြင်းမရှိခဲ့ပေ။
ရောဂါဖြစ်ပွားမှုပြင်းထန်လာချိန်တွင် ယင်း ZMappဆေးကို အမေရိကန်ပြည်ထောင်စု ဆေးကုသခံယူနေသေည
အမေရိကန်နိုင်ငံသား အီဘိုလာ ဝေဒနာရှင်နှစ်ဦးတွင် စတင်အသုံးပြုခဲ့ရာ တိုးတက်သောလက္ခဏာများပြသလာခဲ့သည်။
ယခုနောက်ဆုံးအာဖရိကနိုင်ငံသို့
ZMapp ဆေးဝါးများအမေရိကန်ပြည်ထောင်စုက တရားဝင်ပေးပို့ လိုက်ပြီး ဝေဒနာရှင်များကုသရာတွင်အသုံးပြုသည့်လူနာအများစုတွင်
တိုးတက်သောလက္ခဏာ များတွေ့မြင် နေရကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ၂၀၁၄ခုနှစ် သြဂုတ်လ
၁၉ ရက် WHO ၏ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူတွင် ၂၂၄၀တွင် ၁၂၂၉ဦး သေဆုံးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
အီဘိုလာဗိုင်းရပ်သည်
လေထဲမှတဆင့်ကူးစက်နိုင်သည့်ရောဂါပိုးမဟုတ်ပါ။ ရောဂါခံစားနေရသူများနှင့် အသားချင်းထိတွေ့ခြင်း၊
အရေပြားပေါက်ပြဲသောနေရာအား ထိတွေ့ခြင်း၊ နမ်းခြင်း၊ လိင်ဆက်ဆံခြင်းတို့ဖြင့် ရောဂါရှိသူ၏
အသွေးအသား၊ သွေး၊ အချွဲ၊အရည်တို့ကို လက်ဖြင့်ထိတွေ့ရုံဖြင့် ကူးစက်နိုင်ကြောင်း ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန
ဒုတိယညွန်ကြားရေးမှူးကပြောကြားသည်။
မြန်မာနိုင်ငံတွင်
ရောဂါဖြစ်ပွားခြင်းမရှိကြောင်း။ ၂၀၁၄ခုနှစ်တွင် အီဘိုလာဗိုင်းရပ်စ်ပိုးမြစ်ဖျားခံရာ
ဂီနီနိုင်ငံမှတဆင့် ဆယ်ရာလီယွန်၊ လိုက်ဘေးရီးယား၊နိုင်ဂျီးရီးယားနိုင်ငံတို့သို့ ကူးစက်ခဲ့ကြောင်း၎င်း ကဆက်
လက်ပြောကြားသည်။
အီဘိုလာသည်
နှစ်ပေါင်း၄၀အတွင်း အဆိုးရွားဆုံးသော ရောဂါကူးစက်သေဆုံးမှုဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့
WHO ကထုတ်ပြန်ခဲ့သည်။ အီဘိုလာဗိုင်းရပ်စ်ပိုးရှိသူဟု
သံသယရှိသူ အနီးသို့ မသွားရန်၊ သွားမည်ဆိုလျှင်လည်းထိုသူ၏ သွေးနှင့်အညစ်အကြေးများကို
မထိရန်၊ ကျန်းမာရေး ၀န်ကြီးဌာနမှတားမြစ်ထားသောနေရာသို့သွားမည်ဆိုလျှင်လည်းအ၀တ်အစားများ
လုံခြုံစွာ ၀တ်ရန်၊ လက်ဆေးရန်၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဂရုစိုက်ရန်၊တောရိုင်း တိရစ္ဆာန်များ၏
အသားကို ကျက်အောင်ချက်စားရန်၊ အထူးသဖြင့် မျောက်ကဲ့သို့ တိရစ္ဆာန်များကို သတိပြုရန်ကျန်းမာရေး ဦးစီးဌာနမှ
ထုတ်ပြန်ထားသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါ ကူးစက်နိုင်သောနည်းလမ်းများ
၁။ အီဘိုလာဗိုင်းရပ်စ်ရောဂါသည် ရောဂါပိုးရှိသောသူ
သို့မဟုတ် တိရစ္ဆာန်၏ တံတွေး၊ သွေး၊ ခန္ပ္ဓာကိုယ်မှ ထွက်သောအရည်တို့နှင့် ထိတွေ့ကိုင်တွယ်ခြင်း။
၂။ အဆိုပါသွေးနှင့်ခန္ပ္ဓာကိုယ်မှအရည်များထိတွေ့ထားသော အရာဝတ္တုများနှင့်
ထိတွေ့ကိုင်တွယ်ခြင်း တို့မှ ကူးစက်နိုင်သည်။
၃။ ဆားစ်၊ လူတုပ်ကွေးကပ်ရောဂါ H7N9
၊ ကြက်ငှက်တုပ်ကွေးရောဂါ မားစ်ပြင်းထန် အဆုတ်ရောင်ရောဂါ (MERS CoV) တို့ကဲ့သို့လေထဲမှ တဆင့်ကူးစက်နိုင်သော
ရောဂါမဟုတ်ပါ။
၎။ အီဘိုလာရောဂါသည် လေ၊ရေ၊အစားအစာတို့မှတစ်ဆင့်
မကူးစက်နိုင်ပါ။
၅။ ယခုအချိန်ထိ အီဘိုလာဗိုင်းရပ်စ်ရောဂါကိုကာကွယ်ကုသရန်
ဆေးမရှိသေးပါ။
၆။ ရောဂါမဖြစ်ပွားရန်ကာကွယ်ရန်အရေးကြီးသည်။
၇။ ရောဂါပိုးရှိသူ လူနာနှင့်တိရစ္ဆာန်တို့၏ တံတွေး၊
သွေးစသောခန္ပ္ဓာကိုယ်အရည်များအား
ကိုင်တွယ် ထိတွေ့သူများတွင် အဓိကရောဂါကူးစက်နိုင်ခြေရှိသဖြင့် ကာကွယ်သည့်နည်းလမ်းများကို
တိကျစွာလိုက် နာဆောင်ရွက်ရန်လိုအပ်ပါသည်။
အီဘိုလာဗိုင်းရပ်စ်ရောဂါသံသယလက္ခဏာများ
အီဘိုလာဗိုင်းရပ်စ်ရောဂါ
ကူးစက်ဖြစ်ပွားနေသောနိုင်ငံများအထူးသဖြင့် (အနောက်အာဖရိကနိုင်ငံများ) သို့သွားရောက်ခဲ့သူများ
သို့မဟုတ် နိုင်ငံတကာခရီးသွားသူများ၊ ကူးစက်မြန် အီဘိုလာရောဂါလူနာအား တိုက်ရိုက်ပြုစု
ကုသထိတွေ့ကိုင်တွယ်ခဲ့သူများ၊ ရောဂါရှိသော တောရိုင်း တိရစ္ဆာန်များအားထိတွေ့ကိုင်တွယ်
သူများတွင် ဖျားခြင်း၊ အားအင်ချည့်နဲ့ခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊
လည်ချောင်းနာ ခြင်း၊ အန်ခြင်း၊အရည်ဝမ်းသွားခြင်း၊ အီဘိုလာဗိုင်းရပ်စ်သည် အသည်းနှင့်
ကျောက်ကပ်များ ပျက်စီးနိုင်သဖြင့် ခန္ပ္ဓာကိုယ်အတွင်းနှင့်အပြင် သွေးယိုထွက်မှုရှိခြင်းကြောင့်
အသက်အန္တရာယ်ဖြစ်နိုင် ပါသည်။
အီဘိုလာရောဂါကူးစက်မှု မရှိစေရေးကာကွယ်ရန်နည်းလမ်းများ
၁။ တစ်ကိုယ်ရေသန့်ရှင်းရေးကိုအထူးဂရုပြုပါ။
၂။ လက်ကိုရေနှင့်ဆပ်ပြာဖြင့်မကြာခဏ
ဆေးကြောပါ။
၃။ ရောဂါပိုးရှိသူ၏
သွေးနှင့်၎င်းခန္ပ္ဓာကိုယ်မှ
ထွက်သောအရည်များအားထိတွေ့ကိုင်တွယ်ခြင်းမပြုရ။
၎။ ရောဂါပိုးရှိသော လူ၊တိရစ္ဆာန်တို့၏သွေးနှင့်ခန္ပ္ဓာကိုယ်မှ ထွက်သောအရည်များရှိနိုင်သည့်
(အရာဝတ္တုပစ္စည်း၊ခုံများ၊စားပွဲများ၊ အိပ်ရာ၊လှေကား၊လက်ရင်း၊နံရံ စသည်တို့အား) ထိတွေ့ကိုင်တွယ်
ခြင်းမပြုရ။
၅။ အထူးသဖြင့်အီဘိုလာဗိုင်းရပ်စ်ရောဂါကူးစက်ပြန့်ပွားသောနိုင်ငံများ
သို့သွားရောက်ခဲ့ သူများနှင့် နိုင်ငံတကာခရီးသွားသူများတွင် အောက်ဖော်ပြပါ သံသယ လက္ခဏာများဖြစ်ပေါ် လာပါက
ကျန်းမာရေးဌာနသို့ ချက်ချင်းသတင်းပို့ ဆေးကုသမှုခံယူပါ။ ဖျားခြင်း ၊ခေါင်းကိုက်ခြင်း၊ ကိုယ်လက်ကိုက်
ခဲခြင်း၊နုံးချည့်ခြင်း၊ လည်ချောင်းနာခြင်း၊ အရည်ဝမ်းသွားခြင်း၊ အန်ခြင်း။
၆။ အထက်ပါသံသယလက္ခဏာအားဖြစ်ပွားသူများတွေ့ရှိပါက
နီးစပ်ရာကျန်းမာရေးဌာနသို့ချက်ချင်း သတင်းပို့ပါ။
၇။ နိုင်ငံခြားသို့ခရီးသွားရောက်ရန် အစီအစဉ်ရှိပါက
ရောဂါဖြစ်ပွားကူးစက်နေသည့်နိုင်ငံများသို့ သွားရောက်ခြင်းကို ရှောင်ကြဉ်ပါ။
ကျန်းမာရေးဝန်ကြီးဌာနမှ အီဘိုလာရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို
စနစ်တကျ ဆောင်ရွက်လျက်ရှိ သည့်အတွက် ကျန်းမာရေးဝန်ကြီးဌာန၏ သတိပေးနှိုးဆော်ချက် များကို
တိကျစွာလိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
မေယု-မျိုးအောင်
No comments:
Post a Comment