Wednesday, August 20, 2014

မြန်မာအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှု ဆက်ထားခြင်းကြောင့် ရင်းနှီးမြုပ်နှံဖို့ ခက်ခဲဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဟောင်း ပြောကြား


20 August 2014
အမေရိကန်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံက ထိပ်သီး စီးပွားရေးသမားတချို့အပေါ် ဒဏ်ခတ်ပိတ်ဆို့ ဆက်လက်ထားရှိတာက နိုင်ငံတကာအတွက် မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံမှုလုပ်ဖို့ ခက်ခဲစေတယ်လို့ အမေရိကန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ မူဝါဒရေးရာအကြံပေးအရာရှိဟောင်း Peter Kucik က Wall Stree Journal ကိုပြောပါတယ်။
Peter Kucik ဟာ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနရဲ့ အကြံပေး ဖြစ်ခဲ့တုန်းက မြန်မာနိုင်ငံအပေါ် ဘယ်ပုံ ဘယ်နည်းနဲ့ ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ရမလဲဆို တာတွေကို အကြံပေး ခဲ့သူဖြစ်ပြီး အခုအခါမှာ နိုင်ငံခြား ကုမ္ပဏီတွေ မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံ မှုလုပ်ဖို့ နည်းလမ်းတွေ ပြောပြတဲ့ Inle Advisory Group အဖွဲ့ဝင် ဖြစ်လာပါတယ်။
အရင်တုန်းက မြန်မာနိုင်ငံမှာ ဒဏ်ခတ် ပိတ်ဆို့မှု လုပ်တာဟာ ပြုပြင် ပြောင်းလဲမှု ဖြစ်စေလို တဲ့အတွက် လုပ်ခဲ့တာဖြစ်ပြီး အခုအခါ မှာတော့ မြန်မာဘက်က ပြောင်းလဲ လာတဲ့အတွက် ကျန်ရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့ မှုတွေကို ဖယ်ရှားသင့် တယ်လို့ ပြောပါတယ်။
မြန်မာ အစိုးရအပေါ် ထားရှိတဲ့ ဒဏ်ခတ် ပိတ်ဆို့မှု အတော်များများကို အမေရိကန်က ဖယ်ရှားလိုက်ပြီ ဖြစ်ပေမယ့် စီးပွားရေး သမားတချို့ကိုတော့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှု လုပ်ထားဆဲဖြစ်ပါတယ်။
ြ မြန်မာနိုင်ငံ စီးပွားရေး သမားတွေက မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုး တက်ရေးမှာ အထောက်အကူ ဖြစ်စေတဲ့ အတွက် သူတို့ကို ဒဏ်ခတ်ပိတ်ဆို့ ထားတာဟာ မြန်မာ ဖွံ့ဖြိုးရေးကို နှောင့်နှေး စေတယ်လို့ Inle Advisory Group က အဖွဲ့ဝင် Peter က ပြောပါတယ်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနဲ့ ပြုပြင်ပြောင်း လဲရေးကို အမေရိကန် အစိုးရက လိုလားနေတဲ့အတွက် ဖွံ့ဖြိုးမှု လုပ်ပေးမယ့် စီးပွားရှင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုကနေ ဖယ်ရှားသင့်ပြီလို့ ပြောပါတယ်။
အမေရိကန်ရဲ့ အဓိက စိုးရိမ်မှုကတော့ မြန်မာစစ်တပ်နဲ့ မြောက်ကိုရီးယားတို့ရဲ့ နီးစပ်မှုဖြစ်ပြီး မြန်မာစီးပွားရေးကို စစ်တပ်က အုပ်စိုးမှု ရှိနေတဲ့အတွက် စစ်တပ်နဲ့ နီးစပ်သူတွေကို ပစ်မှတ်ထားတာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိ မြန်မာအစိုးရရဲ့ လုပ်ရပ်ကို ကြည့်မယ်ဆိုရင် စစ်ရေးထက် နိုင်ငံဖွံ့ဖြိုးရေးကို ဦးစားပေးတာကို တွေ့နေရတယ်လို့လည်း ပြောပါတယ်။
  မြန်မာအစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲမှု တကယ်လုပ်လိုတယ်ဆိုတာကို သူ့အနေနဲ့ ယုံကြည်ပြီး အခုလောလောဆယ် ဒဏ်ခတ်ပိတ်ဆို့မှု ခံရသူတွေကို ဖယ်ရှားဖို့ ကိစ္စကိုလည်း ကြိုးစားလုပ်ဆောင်မှုတွေ ရှိနေတယ်လို့ Peter Kucik က Wall Street Journal ကို ပြောသွားခဲ့ပါတယ်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ