Thursday, August 21, 2014

အထောက်အထားမဲ့ ဘင်္ဂါလီများကိုထိန်းသိမ်းရေးစခန်းများတွင်ထားရန် ရခိုင်အင်အားစုများက သမ္မတထံတင်ပြရန်စီစဉ်

ရန်ကုန်−
 သက်သေအထောက် အထားမရှိ၍ နိုင်ငံသားပြုခွင့်မရရှိ သူ ဘင်္ဂါလီလူမျိုးများကို ထိန်း သိမ်းရေးစခန်း (Detention Center)များတွင်ထားရှိရန် ရခိုင် ပြည်သူလူထုနှင့် အမျိုးသားရေး အင်အားစုများက နိုင်ငံတော် သမ္မတထံ တင်ပြတောင်းဆိုသွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။
‘‘ရခိုင်တွေရဲ့ သဘောထား ကို ဖော်ပြနိုင်ဖို့ တောင်းဆိုချက် ကို ကော်မတီတစ်ခုဖွဲ့စည်းရေး သားခဲ့ပါတယ်။ သမ္မတထံအမြန် ဆုံးတင်ပြသွားမယ်’’ဟု စစ်တွေ မြို့မိမြို့ဖဦးသန်းထွန်းက ပြော သည်။
နိုင်ငံတော်သမ္မတထံတင်ပြ မည့် တောင်းဆိုချက်တွင် ရခိုင် ပြည်နယ်ရှိ ဘင်္ဂါလီလူမျိုးအားလုံး ကို ၁၉၈၂ နိုင်ငံသားဥပဒေ ဖြင့် စိစစ်ပြီးနိုင်ငံသားပြုခွင့်ရရှိ သူများကိုသာ ကျေးရွာများတည် ထောင်၍ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးခြင်း ပြုလုပ်ပေးရန်နှင့် ကျေးရွာများ တည်ထောင်ရာတွင်လည်း ဌာနေတိုင်းရင်းသားများ၏ လုံခြုံရေးကို ထည့်သွင်း စဉ်းစားပေးပါရန် ဖော်ပြထားသည်။
နိုင်ငံသားပြုခွင့်မရရှိသူများ ကို လုံခြုံရေးဖြင့် ထိန်းသိမ်းရေး စခန်းများတွင်ထားရှိရန်၊ ၎င်းတို့ ကို တတိယနိုင်ငံများမှ လက်ခံပါ က ပို့ဆောင်ပေးရန်နှင့် ၁၉၈၂ နိုင်ငံသားဥပဒေအရ စိစစ်ချိန် ကြာမြင့်မည်ဆိုပါက အမှတ် အသားတစ်စုံတစ်ရာပြသနိုင်သူ များကို လက်ရှိနေရာများတွင် ယာယီထားရှိပြီး သက်သေတစ်စုံ တစ်ရာမရှိသူများကို ထိန်းသိမ်း ရေးစခန်းများတွင် ထားရှိရန် လည်း ရခိုင်ပြည်သူလူထုနှင့် အမျိုးသားရေးအင်အားစုများက တောင်းဆိုထားသည်။
ထို့အပြင် ထိန်းသိမ်းရေး စခန်းများကို ပြည်ထောင်စုမြေ အတွင်းရှိ သင့်လျော်သည့်နေရာ များတွင် ဖွင့်လှစ်ပေးရန် သမ္မတ ထံတင်ပြမည့် တောင်းဆိုချက် တွင် ဖော်ပြထားသည်။ ယင်း တောင်းဆိုချက်တွင် နိုင်ငံတော် သမ္မတ၏ပြောကြားမှုများကို လည်းကိုးကားဖော်ပြထားကြောင်း ဦးသန်းထွန်းက ဆက်လက်ပြောသည်။
 ယင်းတောင်းဆိုချက်ကို ရဟန်းသံဃာများ၊ ဒေသခံပြည် သူလူထု၊ မြို့မိမြို့ဖများ၊ နိုင်ငံ ရေး၊ လူမှုရေးအဖွဲ့အစည်းများ စစ်တွေမြို့၌ လူထုအစည်းအဝေး ပြုလုပ်၍ ဆုံးဖြတ်ချက်ရယူပြီး နိုင်ငံတော်သမ္မတထံ တင်ပြသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဘင်္ဂါလီများသည် တိုင်းရင်း သားမဟုတ်ဘဲ တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသူများ ဖြစ်ကာ UNHCR ၏ပံ့ပိုးမှုဖြင့် ဒုက္ခသည် စခန်းများတွင်ထားရှိမည်ဖြစ်ပြီး တတိယနိုင်ငံများမှ လက်ခံမည် ဆိုပါက ပို့ဆောင်ပေးမည်ဖြစ် ကြောင်း    နိုင်ငံတော်သမ္မတဦးသိန်း စိန်က ၂၀၁၂ ခုနှစ် ဇူလိုင်လ အတွင်းက ကုလသမဂ္ဂဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးနှင့် တွေ့ဆုံစဉ်ပြောကြားထားသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ