Thursday, August 28, 2014

နယ်စပ်ဖြတ်ကျော်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုကြောင့် အင်တာနက်လိုင်းနှေးနိုင်

ပင်လယ်ရေအောက် ကေဘယ်ဆက်ကြောင်း SMW-3 နှင့် ထိုင်းနိုင်ငံမှ ပြေးဆွဲထားသည့် ကုန်းတွင်းနယ်စပ်ဖြတ်ကျော်ဖိုက်ဘာဆက်ကြောင်း ချို့ယွင်းမှုတို့ကြောင့် ယခုရက်ပိုင်းတွင် အင်တာနက်လိုင်းနှေးကွေးနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သတင်းရရှိသည်။
‘‘ SMW-3 ကတော့ လိုင်းပြန်မကောင်းသေးဘူး။ ထိုင်း ဆက်ကြောင်းကတော့ ပြင်ပြီးသွားပြီ။ ဒါပေမဲ့လိုင်းကမငြိမ် သေးဘူး။ တက်လိုက်၊ ကျလိုက် ဖြစ်နေသေးတယ်။ မကြာခင်ပြန်ကောင်းသွားဖို့ရှိပါတယ်’’ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း Internet Service Provider ဌာနမှ အင်ဂျင်နီယာဌာနချုပ်ဦးမျိုးဆွေက ပြောသည်။

ထိုင်းနယ်စပ်ဖြတ်ကျော် ဆက်ကြောင်းသည် မြန်မာ့ဆက်သွယ်ရေးအနေဖြင့် အင်တာနက် Brandwidthအများဆုံးချိတ်ဆက်ထားသည့် ဆက်ကြောင်းတစ်ခုဖြစ်သောကြောင့် သက်ဆိုင်ရာအဖွဲ့များနှင့်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ လိုင်းအချို့ပြန်လည်ကောင်းမွန်လာသော်လည်းတည်ငြိမ်မှုမရှိသေး၍လိုင်းနှေးကွေးမှုများဖြစ်ပေါ်နိုင်သေးကြောင်းသိရသည်။
‘‘ညပိုင်းဆို ဖုန်းနဲ့သုံးတာလုံးဝအဆင်မပြေဘူး။ ဘာမှမတက်ဘူး’’ဟု ယခုရက်ပိုင်းအတွင်းဖုန်းဖြင့် အင်တာနက်သုံးစွဲရာတွင် လိုင်းနှေးကွေးနေခြင်းကို သုံးစွဲသူတစ်ဦးကပြောသည်။
ပင်လယ်ရေအောက် ကေ ဘယ်ဆက်ကြောင်း SMW -3 မှာလည်း စက်တင်ဘာ ၁၆ရက်မှသာပြန်လည်ကောင်းမွန်မည်ဖြစ်ရာအဆိုပါဆက်ကြောင်းမှ Brandwidth ပမာဏ 7GB နီးပါး ပြတ်တောက်နေဦးမည်ဟုဆိုသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းသည် နိုင်ငံတကာဆက်သွယ်ရေးဆက်ကြောင်းများဖြစ်သည့် ပင်လယ်ရေအောက်ဆက်ကြောင်း SMW-3၊ ထိုင်းနယ်စပ် ဖြတ်ကျော်ဆက်ကြောင်းနှင့် တရုတ်နယ်စပ်ဖြတ်ကျော်ဆက်ကြောင်းတို့မှတစ်ဆင့် နိုင်ငံတကာ အင်တာနက် Brandwidth 32.32GBကို ရယူသုံးစွဲလျက်ရှိပြီး လက်ရှိတွင် ဆက်ကြောင်းချို့ယွင်းမှုများကြောင့် 25GBခန့်သာ အသုံးပြုနိုင်ကြောင်းသိရသည်။
7Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ