Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Thursday, August 14, 2014
လွှတ်တော်အမတ်တစ်ဦးကို ပါတီမှထုတ်ပယ်သည့်ကိစ္စ ပွင့်လင်းမြင်သာမှုမရှိခြင်းအပေါ် ကိုယ်စားလှယ်များ ပြင်းပြင်းထန်ထန် ဝေဖန်
ထင်ရှားသည့် အမျိုးသမီးလွှတ်တော် အမတ်တစ်ဦးကို ပါတီမှ ထုတ်ပယ်ခြင်းအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဖုံးကွယ်ထားမှုအပေါ် လွှတ်တော်ကိုယ်စားလှယ် များက ပြင်းပြင်း ထန်ထန် ဝေဖန်လိုက်ပါတယ်။
“ပွင့်လင်းမြင်သာမှုမရှိဘူး လာဘ်စားတယ်ဆိုရင်လည်း.. ဘယ်တုန်းကစားတယ်.. ဘယ်လောက် စားတယ်.. ပွင့်ပွင့်လင်းလင်း သတင်းစာရှင်းလင်းပွဲလုပ်သင့်တယ်.. အခုဟာက ဗဟိုဦးစီးစနစ်နဲ့ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ လွှတ်တော်အမတ် တစ်ယောက်ကို ဖြုတ်ချင်သလို ဖြုတ်နေတယ်..” လို့ အမျိုးသားလွှတ်တော် ဦးစားလှယ်တစ်ဦးက ဆိုပါတယ်။
မန္တလေးတိုင်းဒေသကြီး တံတားဦး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန္တာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မှ လဘ်စားသည်ဟု စွတ်စွဲပြီး သြဂုတ်လ ၁၁ ရက်နေ့က ထုတ်ပယ်ပြစ်လိုက်ပါတယ်။
ဒေါ်ခင်သန္တာဟာ တံတားဦး NLD ပါတီ ဥက္ကဌ တစ်ဦးဖြစ်သည့်အပြင် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ ဝင်တစ်ဦးလည်းဖြစ်ပါတယ်။
၂၀၁၃ခုနှစ် စက်တင်ဘာ လက လဘ်စားမှုကြောင့်ဟု စွတ်စွဲပြီး တစ်နှစ်အကြာမှာ တံတားဦး NLD ဥက္ကဌ ဒေါ်ခင်သန္တာ၊ အတွင်းရေးမှူး ဦးမျိုးလွင် နှင့် ဘဏ္ဍာရေးမှူး ဦးကိုကိုနိုင်တို့ ၃ ဦးအား ထုတ်ပယ်လိုက်ခြင်းဖြစ်ပါတယ်။ တံတားဦးရဲစခန်းကို မေးမြန်းချိန်မှာတော့ လဘ်စားမှုနဲ့ NLD ပါတီမှ တိုင်ကြားထားခြင်း မရှိဘူးလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်နေတဲ့ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့မှ အလှူငွေ သိန်း ၁၀၀၀ ကျော် ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ဖူးပြီး၊ အမေ့အိမ်ပညာဒါန နှင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သိန်း ရာနှင့်ချီသော အလှူငွေ ပျောက်ဆုံးမှုများ ဖြစ်ပေါ်ခဲ့စဉ်က ယခုလို ထုတ်ပယ်အရေးယူတာမျိုးမရှိပဲ ယခုမှ သိန်း ၅၀ လာဘ်စားသည်ဟု စွပ်စွဲကာ ထုတ်ပယ်ခြင်းမှာ ပွင့်လင်းမြင်သာမှုမရှိကြောင်း လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ဆိုပါတယ်။
“အင်အားကြီးပါတီတစ်ခုအနေနဲ့ ဖြစ်စဉ်ကို ပွင့်လင်းမြင်သာစွာနဲ့ သတင်းထုတ်ပြန်ဖို့လိုတယ်.. လာဘ်စားတယ်ဆိုရင်လည်း အရင်က ဖြစ်စဉ်တွေကိုလည်း အရေးယူသင့်တယ်.. ပြည်သူကို ချပြသင့်တယ်လေ.. ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ နီးလာလို့ အာဏာလွန်စွဲတာတွေ၊ ပါတီတွင်း ဖြုတ်ထုတ်ရှင်းလုပ်တာလို့ပဲမြင်တယ်.. ” လို့ နာမည်ကြီးလွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ဆိုပါတယ်။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကျင်းပချိန်က ရွေးကောက်ခံကိုယ်စားလှယ်များကို ပါတီတွင်း ဆန္ဒမကောက်ခံခဲ့ပဲ ဒေါ်အောင်ဆန်းစုကြည်က စိတ်ကြိုက်ဖြစ်သူများကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။
ဒေါ်ခင်သန္တာမှာ ပြီးခဲ့တဲ့ ဇူလိုင်လတွင်းက ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ပါဝင်ဆွေးနွေးခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ထက် လူကြိုက်များခြင်းကို ခံရတဲ့ အမျိုးသမီးလွှတ်တော် အမတ်တစ်ဦးဖြစ်ခဲ့ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကျင်းပခါနီးအချိန်က ပါတီတွင်းသဘောထားကွဲလွဲမှုများကြောင့် NLD ပါတီ နှစ်ခြမ်းကွဲခဲ့ရဖူးပြီး ရွေးကောက်ပွဲနီးလာသည်နှင့်အမျှ ပါတီတွင်း အာဏာလွန်ဆွဲမှုများ ပိုမိုပြင်းထန်လာနိုင်ကြောင်း ဝေဖန်မှုတွေရှိနေပါတယ်။
From : .. https://www.facebook.com/MyanmarHeadlineNews
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment