တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲသို့ တပ်မတော်ကိုယ်စားပြု တက်ရောက်လာသော ဒုတိယဗိုလ်ချုပ်ကြီး သက်နိုင်ဝင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့မှ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ သြဂုတ် ၁၅ ရက်တွင် ဆွေးနွေးပွဲမတိုင်မီ လက်ဆွဲနှုတ်ဆက်နေစဉ် (ဓာတ်ပုံ − ကျော်ဇင်သန်း)
တစ်နိုင်ငံလုံး အပစ်အ ခတ်ရပ်စဲရေး သဘောတူညီချက် စာချုပ် (မူကြမ်း) တွင် အဓိကအ ရေးကြီးဆုံး ညှိနှိုင်းနေရသည့် အ ချက်ဖြစ်သော ဖက်ဒရယ်ပြည် ထောင်စုစနစ် ထူထောင်ရေးကို အစိုးရဘက်မှ သဘောတူလက်ခံ လိုက်ပြီဖြစ်ကြောင်း သတင်းရရှိ သည်။
သြဂုတ်လ ၁၅ ရက်က ရန် ကုန်မြို့၌ ပြုလုပ်ခဲ့သော ပြည် ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ် အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့ ကြားသဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း နှစ်ဖက်ကိုယ်စားလှယ်များက ပြောသည်။
‘‘အဓိကအားဖြင့် အရေးကြီး ဆုံးအချက်လို့ ကျွန်တော်တို့ တိုင်း ရင်းသားတွေဘက်က ခံယူထားတဲ့ ဒီမိုကရေစီအရေး၊ အမျိုးသား တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကို အခြေခံတဲ့ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်ဖို့ အစိုး ရဘက်က လက်ခံလိုက်ပြီဖြစ်ပါ တယ်’’ ဟု NCCT အဖွဲ့ခေါင်း ဆောင် နိုင်ဟံသာက ဆွေးနွေးပွဲ အပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
စာချုပ်မူကြမ်းပါ အခန်း ၁ အခြေခံမူမှ နှစ်ဖက်တစ်ဆို့နေ သည့် အရေးကြီးဆုံး အချက်တစ် ချက်ပြေလည်မှုရရန် အချိန် ငါး နာရီနီးပါးခန့် ဆွေးနွေးခဲ့ကြပြီးမှ သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ် ကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် ပြန်လည်ထူထောင်ရေး ဗဟိုဌာန (MPC) အကြီးတန်းအကြံပေး ဦး လှမောင်ရွှေက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင်လ နောက် ဆုံးပတ်က လိုင်ဇာမြို့တွင် ပြုလုပ် ခဲ့သော တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့ခေါင်းဆောင်များ ထိပ် သီးအစည်းအဝေးတွင် ဒီမိုကရေစီ အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခြေခံမူကို ဆက်လက်စွဲကိုင် တိုက်ပွဲဝင်သွား ရန် အဓိက ဆုံးဖြတ်ချက် ချမှတ်ခဲ့ သည်။
တိုင်းရင်းသားများဘက်က အစဉ်တစိုက် တောင်းဆိုလာသော ဖက်ဒရယ်ပြည်ထောင်စု စနစ်နှင့် ပတ်သက်၍ အစိုးရ(အထူးသဖြင့်) တပ်မတော်ဘက်မှ လက်ခံနိုင် သည့် သဘောထား မရှိသေး ကြောင်း တိုင်းရင်းသား ခေါင်း ဆောင်များက ယင်းထိပ်သီးအ စည်းအဝေးပြီးနောက် ပြောကြား ထားသည်။
‘‘တိုင်းရင်းသားလူမျိုး ပေါင်း စုံနဲ့ ဖွဲ့စည်းထားတဲ့ နိုင်ငံမှာ စစ် မှန်သော ပြည်ထောင်စု မဖွဲ့စည်း ခဲ့လို့ နှစ်ပေါင်း ၆၀ ကျော် ကြာနေ ပြီဖြစ်တဲ့ လက်နက်ကိုင်တော်လှန် ရေးတိုက်ပွဲများလည်း မပြီးဆုံးနိုင် ရတာဖြစ်ပါတယ်။ ဒါကြောင့် ဒီအ ချက်ဟာ အရေးကြီးပြီး အဓိကအ ကျဆုံး ဦးစားပေးဖြေရှင်းရမယ့် အချက်ဖြစ်ပါတယ်’’ ဟု NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက သြဂုတ်လ ၁၅ ရက် ဆွေးနွေးပွဲ အဖွင့်အမှာစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
ယခုအခါ ယင်းအဓိက တောင်းဆိုချက်ကို အစိုးရဘက်မှ လက်ခံခဲ့ခြင်းကြောင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲရေး ဆက် လက်ညှိနှိုင်းရာတွင် အဆင်ပြေ သွားတော့မည်ဖြစ်ကြောင်း တိုင်း ရင်းသား ကိုယ်စားလှယ်များက ဆိုသည်။
‘‘ဒီနေ့ ဆွေးနွေးတဲ့အထဲမှာ အရေးတကာ့ အရေးကြီးဆုံးဖြစ် တဲ့ အခြေခံမူ အဲဒါက ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်ရေး၊ တိုင်းရင်းသားတွေ အမျိုးသား တန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်။ ဒီအချက်ကို အစိုးရဘက်က လက် ခံပေးတဲ့အပေါ်မှာ ကျွန်တော်တို့ အနေနဲ့ နှစ် ၆၀ ကျော် ပြည်တွင်း စစ်ကို ဖန်တီးလိုက်တဲ့ ပြဿနာ ကို ကျွန်တော်တို့စပြီး ဖြေရှင်းနိုင် ဖို့ လမ်းစပွင့်ပြီ။ ငြိမ်းချမ်းရေးအ တွက် လမ်းစပွင့်ပြီလို့ ကျွန်တော် အဲဒီလိုပဲ ခံယူပါတယ်’’ ဟု NCCT အကြံပေး ဒေါက်တာဆလိုင်းလျန် မှုန်းဆာခေါင်းက ပြောသည်။
အစိုးရဘက်မှ ယင်းအဓိက အချက်ကို လိုက်လျောပေးခဲ့သည့် အတွက် တိုင်းရင်းသားအဖွဲ့များ က ယခင်ညှိနှိုင်းရန် ကျန်ရှိနေ သည့် အချက်တစ်ချက်ဖြစ်သော တော်လှန်ရေးဟူသည့် အသုံးအ နှုန်းကို ခေါင်းစဉ်တွင် မထည့်သွင်း ရန် သဘောတူညီပေးခဲ့ပြီး အ တွင်းစာသား၌သာ ထည့်သွင်းရန် နှစ်ဖက်ပြေလည်မှု ရရှိခဲ့သည်။
ထို့အပြင် ဆွေးနွေးပွဲ၌ နိုင်ငံ ရေးနှင့် ဘာသာရေးရောယှက်ခြင်း မရှိသည့် နိုင်ငံတော်ထူထောင်ရန် လည်း နှစ်ဖက်သဘောတူညီခဲ့ကြ သည်။ ဆွေးနွေးပွဲ ပထမနေ့တွင် စာချုပ်မူကြမ်းမှ အခန်း(၁)နှင့် အ ခန်း(၂)ကို ဆွေးနွေးပြီးစီးခဲ့ပြီး ဒုတိ ယနေ့တွင် တပ်နေရာချထားရေး နှင့် ကြားကာလအစီအစဉ်များကို အဓိက ဆွေးနွေးသွားကြမည်ဖြစ် သည်။ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲသို့ အစိုးရ ဘက်မှ UPWC ဒုဥက္ကဋ္ဌ ဦးအောင် မင်း၊ ဦးသိန်းဇော်၊ တပ်မတော် ဘက်မှ ဒုဗိုလ်ချုပ်ကြီး သက်နိုင်ဝင်း၊ ဒုဗိုလ်ချုပ်ကြီး မြင့်စိုး၊ ဒုဗိုလ်ချုပ်ကြီး ရဲအောင်တို့ ဦးဆောင်တက်ရောက်ခဲ့ပြီး တိုင်းရင်းသားများဘက်မှ NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာ၊ ဖဒိုစောကွယ်ထူးဝင်း၊ ဗိုလ်ချုပ်ဂွန်မော်တို့ ဦးဆောင်တက်ရောက်ခဲ့ကြသည်။
7Day
No comments:
Post a Comment