Monday, August 18, 2014

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၊ NCCT နှင့် နိုင်ငံရေး ပါတီများ ပထမဆုံးသုံးပွင် ဆိုင်တွေ့ ဆုံ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များ နှင့် ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေး


သြဂုတ် ၁၉ ရက်၊ ၂၀၁၄ ခုနှစ်
ရန်ကုန်၊ ဩဂုတ် ၁၈- ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ် ငန်းကော် မတီ၊ တစ်နိုင်ငံလုံးအပစ် အခတ်ရပ်စဲမှု ညှိနှိုင်းရေးဆိုင်ရာ လုပ်ငန်း အဖွဲ့နှင့် နိုင်ငံရေးပါတီများ သုံးပွင့်ဆိုင်တွေ့ဆုံ ဆွေးနွေးပွဲကို ပထမဦးဆုံး အကြိမ်အဖြစ် ယနေ့မြန်မာ ငြိမ်းချမ်းရေးစင်တာ တွင် တွေ့ဆုံဆွေး နွေး ခဲ့ သည်။
ဩဂုတ် ၁၈ရက်တွင် မြန်မာ ငြိမ်းချမ်းရေးစင်တာ တွင် ပြုလုပ်ခဲ့ သည့် သုံးပွင့်ဆိုင် ဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ် သက်ပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြ ပြီး နိုင်ငံရေးပါတီများမှ အကြံပြု ချက်များ တင်ပြခဲ့ကြသည်။
ရခိုင်အမျိုးသား ပါတီ ပထမ ခေါင်းဆောင် ဦးအေးသာအောင်က ''အပစ်အခတ် ရပ်စဲရုံနဲ့ တကယ်စစ် မှန်တဲ့ ငြိမ်းချမ်းရေးမရနိုင် ဘူး။ နိုင်ငံ ရေးအရဆွေးနွေး တဲ့အခါ ပြေလည် ဖို့က ပဓာနကျပါတယ်။ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေလုပ်ဖို့ ကတိကဝတ် တွေ၊ သဘောတူညီချက်တွေ ရရှိပြီး ဖက်ဒရယ်ပြည်ထောင်စု ကိုသွားနိုင် မှာပါ။ ဖက်ဒရယ်ဆိုတဲ့ နေရာမှာ လည်း ပုံစံအမျိုးမျိုးရှိတဲ့ အတွက် ဗဟို ကမူအားဖြင့်ချုပ်ကိုင်နေတဲ့ ဖက်ဒရယ် မူမျိုးလဲ မဖြစ်ဖို့ လိုတယ်''ဟု ငြိမ်း ချမ်းရေးဆွေးနွေးပွဲတွင် ထည့်သွင်း အကြံပြုသည်။
ဆွေးနွေးပွဲသို့ တက်ရောက်လာ သည့်ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ ဒုဥက္ကဋ္ဌဦးမန်းအောင်ပြည်စိုးက ''တစ်တိုင်းပြည် လုံး အပစ် အခတ် ရပ် စဲရေးလို့ပြောတဲ့နေရာမှာ အကုန်လုံး မဟုတ်ဘဲနဲ့ ၁၆ ဖွဲ့လောက်ပဲ လက် မှတ်ထိုးရင် တစ်တိုင်းပြည်လုံးအပစ် အခတ်ရပ်စဲရေးဆိုတာ အဓိပ္ပာယ်ရှိ ပါ့မလား။ တစ်တိုင်းပြည်လုံးအပစ် အခတ်ရပ်စဲရေးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးပါဝင်ဖို့ လိုတယ်''ဟု ပြောသည်။
တက်ရောက်လာသည့် နိုင်ငံရေး ပါတီများမှ အပစ်အခတ်ရပ်စဲရေး စာချုပ်ဆိုအပြီးပြုလုပ်မည့် နိုင်ငံရေး ဆွေးနွေးပွဲတွင် ပါဝင်သင့်သူများ၊ ဖက်ဒရယ်မူစသည့် အကြောင်းအရာ များနှင့်ပတ်သက်ပြီး ဆွေးနွေး အကြံ ပြုတင်ပြခဲ့ သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ်မှ ဦးဉာဏ်ဝင်းက''ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ တိုးတက်မှုတွေ အများကြီး ရှိလာတဲ့အတွက် ဝမ်းသာပါ တယ်။ငြိမ်းချမ်းရေး မှာအခု လိုအောင်မြင်မှု တွေရလာတာဟာ ယုံကြည်မှုတည် ဆောက် နိုင်လာလို့ပါ။ ဒီထက်ပိုပြီး ယုံကြည်မှုတည်ဆောက် နိုင်ရင် ဒီထက် ပိုအောင်မြင်မှာဖြစ် ပါတယ်။ တိုင်းရင်း သားတွေအနေနဲ့ မိမိတို့ identity ပျောက် မှာကြောက်တယ်။ တိုင်းရင်း သားတွေရဲ့ identity မပျောက်ဖို့ လိုပါတယ် ။ နောက်တစ်ခုက ဖက်ဒရယ် မူဆိုတဲ့နေရာ မှာ အသေးစိတ်ဘယ် လိုဖြစ်သင့်တယ် ဆိုတာကို အကြံပြု လိုပါတယ်''ဟု ပြောသည်။
မကြာမီတွင် တိုင်းရင်းသား လက်နက်ကိုင် အားလုံးပါဝင်သည့် အပစ်အခတ် ရပ်စဲရေး စာချုပ်ချုပ်ဆိုနိုင်ရန်မျှော်လင့်ကြောင်း၊ အပစ် အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ရန်ကြိုးပမ်းနေချိန်တွင် နိုင်ငံရေးဆွေး နွေးပွဲ မူဘောင်များရေး ဆွဲရန် ပါဝင် သင့်ပါ ဝင်ထိုက်သူအားလုံးနှင့် လက်တွဲ လုပ်ဆောင်သွား မည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲသည်နိုင် ငံရေးဆွေး နွေး ပွဲမူဘောင်များအတွက် အရေး ကြီးကြောင်း ပြည်ထောင် စုငြိမ်း ချမ်း ရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ ဒုဥက္ကဋ္ဌဦးအောင်မင်း က ပြော သည်။
အဆိုပါ ဆွေးနွေးပွဲ သို့ ဖိတ် ကြားထားသည့်တိုင်းရင်းသားနိုင်ငံရေး ပါတီအများ စုနှင့် ရန်ကုန်အခြေ စိုက်နိုင်ငံရေးပါတီများ စုစုပေါင်း ၃၄ ပါတီ တက်ရောက်ဆွေးနွေး ခဲ့ပြီး လေ့လာသူအဖြစ် ကုလသမဂ္ဂ အထွေ ထွေ အတွင်းရေး မှူးချုပ်၏မြန်မာနိုင်ငံ ဆိုင်ရာ အထူးကိုယ်စားလှယ်မစ္စတာ ဗီဂျေနမ်ဘီးယားတက်ရောက်ခဲ့သည်။
HM ၊ SYMZ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ