Thursday, August 28, 2014

ခေါင်းမူးခြင်း ဒဏ်မှကင်းဝေး အောင်ကူညီပေး နိုင်လိမ့် မည်

ခေါင်းထဲမှာ တရိပ်ရိပ်နဲ့ မူးလာပြီဆို အမူးဒဏ် ငုံ့ခံရင်း စိတ်ပျက် နေရခြင်း ကင်းဝေး စေမည့် နည်းကလေး များပေး လိုပါသည်။ အောက်ဖော်ပြပါ နည်းလမ်း ၇ သွယ် အနက် တစ်နည်း နည်းက ကိုယ့်တစ်နေ့ တာကို ဖျက်ဆီးမည့် ခေါင်းမူးခြင်း ဒဏ်မှကင်းဝေး အောင်ကူညီပေး နိုင်လိမ့် မည်ဟု အကြံပြု လိုပါသည်။


၁။ အဓိက အကြောဇုန် နေရာတွေ ကိုဖိပေးပါ။

ခေါင်းမူး ခေါင်းကိုက်ခြင်း ကိုသက်သာ စေမည့် အကြောဇုန် နေရာ နှစ်နေရာ ရှိသည်။ ပထမ တစ်ခုက နဖူး အလယ်၊ နှာခေါင်း အထက် ဆုံချက် နေရာဖြစ်သည်။ နှာခေါင်း အထက် မျက်လုံး နှစ်လုံးဆုံရာ အထက်နား နေရာကို လက်မ၊ လက်ညှိုးနဲ့ ဖိချေပေးပါ။ လက်နဲ့ ညှစ်ပြီး အောက်ကို ဆွဲချပါ။ အကြောဇုန် နေရာကို ထိုသို့ ဖိချေပေး ခြင်းဖြင့် အကြောများ ပြေကာ ခေါင်းမူး ဝေဒနာ သက်သာ စေမည်ဖြစ်သည်။ ခေါင်းမူးခြင်း သည်ဦးနှောက် အတွင်း သွေးကြောများ ထုံးဖွဲ့ပြီး သွေးသွား လာမှုကျပ် သွားခြင်း ကြောင့်ဖြစ်ရာ အကြောဇုန် နေရာကို ဖိချေပေး ခြင်းဖြင့် အကြောများ ထုံးဖွဲ့နေမှု ပြေပျောက်ကာ သွေးလှည့် ပတ်မှုပုံမှန် ဖြစ်ပြီး ခေါင်းမူးခြင်း သက်သာ မည်ဖြစ်သည်။
နောက် တစ်နေရာ ကားလက်မ နှင့်လက်ညှိုး အကြား အသားထူ ရာနေရာ ဖြစ်သည်။ ထိုနေရာကို အခြားလက် တစ်ဖက်မှ လက်မ၊ လက်ညှိုးဖြင့် ဖိပွတ်ချေပေး ခြင်းဖြင့်လည်း သွေးကြော များကို ပွင့်စေကာ ခေါင်းမူး ခေါင်းကိုက်ခြင်း ကိုသက်သာ စေမည်ဖြစ် သည်။

၂။ အနံ့ ဖြင့် ကုစားပါ။

အနံ့ ကုထုံးသည် လည်းခေါင်းမူး၊ ခေါင်းကိုက်ခြင်း ကို သက်သာရာ ရစေမည့် နည်းလမ်း ကောင်း တစ်ရပ်ဖြစ် သည်။ လူတစ်ကိုယ် အကြိုက် တစ်မျိုး အလိုက် လိုက်ဖက် သည့်အနံ့ ကိုရွေးချယ် ရမည်။ ရူဆေးဘူး ရူခြင်းဖြင့် ခေါင်းမူး သက်သာ သူများ ရူဆေးဘူး သုံးနိုင်သည်။ အချို့လူများက လိမ္မော်သီးနံ့ ၊ သံပုရာ သီးနံ့ ကိုရူခြင်းဖြင့် ခေါင်းကြည် သွားတတ်သည်။ သို့ဖြစ်ရာ မိမိ နှစ်သက် ရာ အနံ့ တစ်မျိုးမျိုးကို ဆောင်ထားခြင်းဖြင့် ခေါင်းမူးခြင်း ကိုသက်သာ ရာရစေနိုင်သည်။

၃။ ကော်ဖီ သောက်ကြည့်ပါ။

ခေါင်းထဲ ရီတီတီ ဝေတေ တေဖြင့် ခေါင်းမူး တော့မည့် လက္ခဏာ များပြ လာပြီဆို ကော်ဖီပူပူ တစ်ခွက် လောက် သောက်ကြည့် လိုက်ပါ။ ကော်ဖီတွင် ပါသော ကဖိန်းဓာတ် သည် ဦးနှောက် ကိုလန်းဆန်း စေနိုင်စွမ်း ရှိရာ ခေါင်းမူးခြင်း ကိုကြီးထွား မလာအောင် ကူပေးနိုင်သည်။ ကော်ဖီသာမက ကဖိန်းဓာတ် ပါသော အအေးများ၊ အားဖြည့် အချိုရည် များကိုလည်း မိမိနှင့် သင့်လျော် သလို သောက်သုံး နိုင်သည်။

၎။ အသက်ရူ လေ့ကျင့်ခန်း လုပ်ကြည့်ပါ။

မိမိကိုယ်ကို သက်သောင့် သက်သာဖြစ် အောင် မည်သို့ လုပ်ဆောင် နိုင်သည်များကို လေ့လာ ထားခြင်းသည် အရေးကြုံ သည့်အခါ များစွာ အသုံးဝင်မည်။ အသက်ကို ၀၀ရူ တတ်သည့် အကျင့်ကို လုပ်ထားပါ။ အသက်ရူ လေ့ကျင့်ခန်း ကိုလည်း မကြာမကြာ လုပ်ပါ။ ခေါင်းက တရိပ်ရိပ် ဖြစ်လာပြီဆို အသက်ကို ခပ်ပြင်းပြင်း ၀၀ရူခြင်း သည် ခေါင်းမူး ဝေဒနာကြီးထွား မလာစေရန် လက်တွေ့ အသုံးဝင် မည့်နည်းလမ်း တစ်ရပ်ဖြစ် လိမ့်မည်။ အသက် ရူသွင်း ရူထုတ် သည့်အလုပ် မှာပဲအာရုံကို စိုက်ထားခြင်း ဖြင့် စိတ်ပျံ့ လွင့်ခြင်း ကင်းကာ ခေါင်းမူး ဝေဒနာတိုးလာ ခြင်းကို ထိန်းနိုင်သွားမည်။ ထို့အပြင် အသက်၀၀ ရူခြင်းသည် ဦးနှောက်ကြည် လင်စေရန် လိုအပ်သော အောက်ဆီ ဂျင်ကို လည်း ဖြည့်စွက် ပေးခြင်း မည်ရာ ခေါင်းမူးခြင်းကို စိတ်ရော ကိုယ်အရပါ သက်သာအောင် တိုက်ဖျက်ခြင်း ဟုဆိုနိုင်သည်။

၅။ လမ်း လျှောက်ပါ။

ခေါင်းမူး ချင်ချင် ဖြစ်လာ သည့်အခါ အပြင်ထွက် လမ်းလျှောက်ခြင်း သည်ဝေဒနာ တိုးမလာအောင် ကာကွယ် နိုင်သော နည်းကောင်း တစ်လက်ဖြစ်သည်။ အပြင်ထွက် လမ်းလျှောက် ခြင်းဖြင့် လေကောင်း လေသန့် ရူရှိုက်ရကာ ခေါင်းကြည်မည်။ လမ်းလျှောက် ခြင်းဖြင့် သွေးလှည့် ပတ်မှုကို ကောင်းမွန် စေမည်။ သွေးကြောများ ကျပ်ညပ် လာမှုကြောင့် ခေါင်းမူး ဝေဒနာဖြစ်ပွား ခြင်းဖြစ်ရာ သွေးလှည့် ပတ်မှု ကောင်းမွန် သွားခြင်းဖြင့် ဝေဒနာသက် သာသွားအောင် လုပ်လိုက် သကဲ့သို့ ဖြစ်မည်။ လှုပ်ရှားမှု နည်း၍ သွေးလေးပြီး လူက ရီတီတီ ဝေတေတေ ဖြစ်လာ သည်ဆိုခြင်းမှာ သွေးလှည့်ပတ် မှုမကောင်း သဖြင့် သွေးကြောများ ကျပ်ညပ် လာခြင်း ကြောင့်ဖြစ်သည်။

၆။ အအေးတုံး၊ ရေခဲတုံး များကို သုံးကြည့်ပါ။

ရေခဲ သေတ္တာထဲ ထည့်ထား သော အေးစက် နေသည့် အသီးအနှံ လေးများ သည်လည်း ခေါင်းမူး ဝေဒနာ သက်သာရေး ကူပေးနိုင်သည်။ ခုတင် ပေါ်တွင် လဲလျောင်း ပြီးအေးစက် နေသော လိမ္မော်သီး လေးများ၊ သံပုရာသီး လေးများကို လည်ပင်း တစ်လျှောက် လှိမ့်ပေးခြင်း သည်လည်း ခေါင်းမူး ဝေဒနာကို သက်သာ စေနိုင်စွမ်း ရှိသည်။ ရေခဲတုံး လေးများသည် အပူဒဏ် ကို စုပ်ပေး နိုင်စွမ်းရှိပြီး ခေါင်းမူး ဝေဒနာကို သက်သာ စေနိုင်စွမ်းရှိသည်။ ခေါင်း မူးပြီး အပူရှိန်တက် နေသော နားထင်များ ပေါ်တွင် ရေခဲ တုံးလေးများ တင်လှိမ့် ပေးခြင်းသည် လည်း ခေါင်းမူး ဝေဒနာ သက်သာရာ နည်းလမ်း ကောင်းတစ်ရပ် ဖြစ်သည်။

၇။ စိတ်ကူး ပုံဖော် နည်းကို သုံးကြည့်ပါ။

ခေါင်းမူး ဝေဒနာ ၀င်လာပြီ ဆိုပါက မျက်စိ အစုံကို ပိတ်လိုက်ပါ။ ခံစားနေ ရသော ခေါင်းမူး ဝေဒနာကို အရာ ၀တ္ထု တစ်ခု အနေဖြင့် စိတ်ကူးကြည့်ပါ။ ဥပမာ ခေါင်းမူး ခြင်းကို တောက်လောင် နေသော နေလုံးကြီး အဖြစ် စိတ်ကူး လိုက်ပါ။ စိတ်ကူးဖြင့် နေလုံးကြီးကို အဝေးကြီး ရောက်ပြီး တဖြည်းဖြည်း မှုန်ဝါး၊ ထို့နောက် ပျောက်ကွယ် သွားသည် အထိ တွန်းရွှေ့ ပစ်လိုက်ပါ။ ထိုနည်းဖြင့် စိတ်ကို လှည့်စားခြင်း ဖြင့် ခေါင်းမူး သက်သာ အောင်လုပ်နိုင် မည်။

သို့ မဟုတ် ခေါင်းမူးခြင်း ကိုကိုယ်စားပြု ထားသော နေလုံး ကြီးကို ရှဲခနဲမြည် အောင် ပင်လယ် ထဲပစ်ချ လိုက်ပုံမျိုး စိတ်ကူးကြည့်ပါ။ ထိုနည်းသည် လည်း စိတ်ဖြင့် ခေါင်းမူး ဝေဒနာ ကိုအနိုင် ယူကြည့် နိုင်သည်။ ခေါင်းမူး ဝေဒနာ သက်သာလာ သည်ကိုလည်း လက်တွေ့ ခံစားလာ ရလိမ့်မည်။ စိတ်ဖြင့် ပုံဖော် ယူကာ မိမိစိတ် ကို လိုသလို ထိန်းကျောင်း ယူခြင်း သည် ချက်ချင်း အလုပ်ဖြစ်မည် တော့မဟုတ်။ အလေ့အ ကျင့်လုပ် ယူခြင်းဖြင့် ကျွမ်းကျင် လာသည့် အခါ ခေါင်းမူး ခြင်းကို စိတ်ဖြင့် ဖျောက်နိုင်သည့်အနေ အထားကို ရောက်လာမည်။

Credit-ကိုထိုက်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ