Thursday, August 21, 2014

နှစ်ခြိုက်စွာအိပ်ပျော်စေမည့်နည်းလမ်းကောင်း





နှစ်ခြိုက်စွာအိပ်ပျော်စေမည့်နည်းလမ်းကောင်း
          တချို့လူတွေဟာ ညအိပ်ရာဝင်ရင်အတွေးများခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မိသားစုအလုပ်ကိစ္စများ တွေးတောပြိး တော်တော်နှင့်အိပ်မပျော်တဲ့သူများရှိတတ်ပါသည်။ ညဘက်အပ်ရေး မ၀တော့နေ့ခင်းဘက် လုပ်ငန်းခွင်မှာမအီမသာနဲ့ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်တတ်ပါတယ်။ အိပ်ရာဝင်တဲ့အခါ အတွေးမခေါင်ဖို့လိုအပ်ပါ တယ်။ သောကတွေ၊ အလုပ်ကိစ္စတွေကို မတွေးဘဲနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့်ဒီတပတ်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေမယ့်နည်းလမ်းလေးရေးပေးလိုက်ပါတယ်။ နှစ်ခြိုက်စွာ အိပ်ပျော်ဖို့အတွက် မြင်းခွာရွက် လိုအပ်ပါတယ်။ ဈေးထဲမှာရှာဖွေရလွယ်ကူတဲ့ အရွက်ပါ။ မြင်းခွာရွက် ဟာတို့မြှပ် စရာ၊သုပ်စားစရာ၊ ဟင်းခါးချက်စရာ အာဟာရပြည့်ဝရုံမကဆေးဖက် လည်း ၀င်ပါ တယ်။ မြင်းခွာရွက်ဟာ ခါးသက်သက်အရရှိပါတယ်။ ခံတွင်းပျက်နေသူအတွက် ခံတွင်းကောင်းစေ ပါတယ်။ မြင်းခွာရွက်မှာ မြင်းခွာရွက် ကြီးနဲ့မြင်းခွာရွက်သေးတို့ရှိကြရာ မြင်းခွာရွက်ကြီးက အရေပြားကို အထူးအကျိုးပြုပြီး၊ မြင်းခွာရွက်သေးကတော့ အကြောနဲ့ခြင်ဆီကို အကျိုးပြု ပါတယ်။ မြင်းခွာကြီး ဟာ အေးခါးတဲ့အရသာရှိပါတယ်။ဆီးရွှင်စေပြီးအရေပြားရောဂါပျောက်ကင်းပါတယ်။ သွေးအားနည်းရောဂါ၊ ထိခိုက်ရှနာဒဏ်ရာ၊ ရောင်တင်းသောရောဂါ၊ ဆီးရောဂါတို့ကို သက်သာပျောက်ကင်းစေ ပါတယ်။ မြင်းခွာသေးကတော့ခါးသက်သော အရသာရှိပြီး အစာကို ကြေစေပါတယ်။ အင်အားကိုဖြစ်စေ ပါတယ်။ အမောရောဂါ၊ဆီးချုပ်၊၀မ်းချုပ်၊မီးယပ်သွေးလွန်၊၀မ်းကိုက်ရောဂါ တို့ကိုပျောက်ကင်းစေ ပါတယ်။ မြင်းခွာရွက်ကိုအရည်ညစ်ပြီး သကြား၊ပျားရည်တို့နဲ့ ရောစပ် ပြီး နေ့စဉ်စားသောက် ပေးရင် ခွန်အားကိုတိုးပွားစေပါတယ်။ မြင်းခွာရွက်ကို ငရုတ်ကောင်း ၊ပျားရည်တို့နဲ့စပ်ပြီးသုံးဆောင်ပေးရင် အသက် ရှည်ပြီးအနာကင်းပါတယ်။ စိတ်သောကဖိစီးသူတွေ၊ ညအိပ်ရာဝင်ရင်အတွေးများပြီး နှစ်ခြိုက်စွာ အိပ်မပျော်သူတွေအတွက်မြင်းခွာရွက် ကိုအရိပ်ထဲမှာအခြောက်ခံပါ။ ခြောက်သွေ့သွားရင်အမှုန်ပြုလုပ်ပြီး ပျားရည်နဲ့ရောစပ်ကာ ညအိပ်ရာဝင်ချိန်လျက်ပေးရင် နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
          အထက်ပါနည်းလမ်းလေးကိုမှတ်သားပြီး စာဖတ်ပရိတ်သတ်ကတဆင့် ညအိပ်မပျော်သူတွေကို လမ်းညွှန်ပေးစေချင်လို့စေတနာနဲ့ရေးပေးလိုက်ပါတယ်။


မောင်းသင်းနွယ်(မြေပြန့်)

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ