Monday, October 13, 2014

ဆိုင်ကလုန်းမုန်တိုင်း အိန္ဒိယကမ်းခြေသို့စတင်ဝင်ရောက်

ဘင်္ဂလားပင်လယ်အော်တွင်အခြေပြုတိုက်ခတ်လာသော အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဟဒ်ဟဒ်သည် အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းကမ်းခြေသို့ ယနေ့စတင်ဝင်ရောက်ခဲ့သည်။ မုန်တိုင်းကြိုတင် သတိ ပေးချက်ကြောင့် အဆိုပါကမ်းခြေရှိဒေသခံ ၁၅၀၀၀၀ ခန့်မှာ ကြိုတင်ပြောင်းရွှေ့ခဲ့ရပြီး အာဏာပိုင် များက ဒုက္ခသည်စခန်းရာပေါင်းများစွာကို ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
အဆိုပါမုန်တိုင်းသည် အိန္ဒိယအရှေ့တောင်ပိုင်းရှိ အော်ရစ်ဆာပြည်နယ်နှင့် အန်ဒရာပြည်နယ်များသို့ ၀င်ရောက်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေ၀သခန့်မှန်းရေးဌာန (IMD) ကခန့်မှန်းထားပါသည်။ အဆိုပါ မုန်တိုင်း သည် တစ်နာရီလျှင်မိုင် ၁၂၀ခန့်ထိ တိုက်ခတ်နိုင်ကြောင်း IMD ကခန့်မှန်းထားပါသည်။
အော်ရစ်ဆာပြည်နယ် အာဏာပိုင်များသည် ထပ်တိုးရွှေ့ပြောင်းသူ သုံးသန်းခန့်ကို ဘေးလွတ် နေရာများ သို့ ရွှေ့ပြောင်းပေးရန် ကြိုးစားနေကြောင်းသိရသည်။ အဆိုပါဆိုင်ကလုန်း မုန်တိုင်းသည် ယမန်နေ့ ကတည်းက အိန္ဒိယကမ်းခြေကို လှိုင်းကြီးစေခဲ့ပြီး အိန္ဒိယရေတပ်အနေဖြင့် ကူညီရန်အသင့် အနေ အထား ပြင်ဆင်ထားကြောင်းသိရသည်။ ထို့အပြင်အိန္ဒိယအစိုးရသည် သဘာဝဘေးအန္တရာယ်ကူညီရေးအဖွဲ့များ ကို အဆိုပါပြည်နယ်နှစ်ခုသို့ စေလွှတ်ထားကြောင်းသိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ