Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Wednesday, October 1, 2014
ဝ၉-၇၃ ဖုန်းများ လတ်တလောပြန်သိမ်းမည်မဟုတ်ဟု မြန်မာ့ဆက်သွယ်ရေးဆို
ရန်ကုန်၊ စက်တင်ဘာ ၃ဝ။
ဝ၉- ၇၃ဖြင့်စသည့် မိုဘိုင်းဖုန်းများကို လတ်တလော ပြန်လည်သိမ်းဆည်း မည်မဟုတ်ကြောင်း မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ သိရသည်။
အဆိုပါ CDMA 800MHz ဖုန်းများ ပြန်လည်သိမ်းယူမည်ဆိုပါ က ချက်ချင်းဆောင်ရွက်မည်မဟုတ် ဘဲ လအတန်ကြာအချိန်ပေးသွားမည် ဖြစ်ကာဆက်သွယ်ရေးမှ တရားဝင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။
ယင်းက ''၇၃ဖုန်းကတ်တွေကို လတ်တလောပြန်သိမ်းဖို့အစီအစဉ် မရှိသေးပါဘူး။ တကယ်လို့ပြန်သိမ်း လို့ရှိရင်လဲ ကတ်အစားထိုးပြန်ထုတ် ပေးတဲ့ပုံစံနဲ့ သွားမှာပါ။ ပြန်သိမ်းဖို့ တွေရှိတယ်ဆိုရင် တရားဝင် အ ကြောင်းကြားပါမယ်'' ဟုပြောသည်။
အဆိုပါ CDMA 800MHz ဖုန်းများကို ၂ဝ၁ဝပြည့်နှစ်ဝန်းကျင် ခန့်က ကျပ်ငါးသိန်းဖြင့် မြန်မာ့ဆက် သွယ်ရေးလုပ်ငန်းမှ ရောင်းချခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကျပ်ငါးသိန်းဖြင့် ၇၃ဖုန်းဝယ် ယူအသုံးပြုနေသူ ဦးကိုကိုအောင်က ''ဖုန်းတွေ ဈေးမပေါခင်ကတည်းက ကျွန်တော်တို့က ၇၃ဖုန်းကိုဝယ်ခဲ့တာ ပါ။ ဒါလဲ ဖုန်းလိုင်းတစ်ခုအနေနဲ့ပေး သုံးလို့ရတာပဲလေ။ ဆင်းမ်ကတ်လဲ ပေးတယ်ပြောပြော၊ ကျွန်တော်တို့က ငါးသိန်းပေးပြီး ဝယ်ထားတာ နစ်နာ တာပါပဲ''ဟု ပြောသည်။
မြန်မာ့ဆက်သွယ်ရေးမှ ဂျီအက်စ် အမ်၊ WCDMA ဖုန်းများကိုသာ ဦးစားပေး ချထားပေးလျက်ရှိပြီး CDMA 800MHz ဆင်းမ်ကတ်များ ကို လက်ရှိတွင် ရောင်းချပေးခြင်းမရှိ တော့ကြောင်း သိရသည်။
(ဒီမိုကရေစီတူဒေး သတင်းစာမှ ကူးယူဖော်ပြပါသည်။)
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment