Sunday, October 12, 2014

ဆွမ်းခံကြွလာသော ဦးပဉ္စင်းအား စိတ်မနှံမသူမှ ရိုက်နှက်၍ သေဆုံး

၂၀၁၄ခုနှစ် အောက်တိုဘာလ(၁ဝ)ရက်နေ့ (ဝ၉းဝဝ)နာရီချိန်ခန့်တွင် ကျွန်းပင်သာရပ်ကွက်၊ နယ်မြေ (၆)၊ မူကြို ကျောင်းလမ်း၊ အိမ်အမှတ်(၂၄၆)ဦးခင်မောင်ဝင်းနေအိမ်မှ ဆွမ်းခံကြွလာပြီး ထွက်လာသော ကျွန်းပင် ရပ်ကွက်၊ ပရဟိတ ကျောင်းမှ ဦးပဉ္စင်း ဦးတေဇောဘာသ သက်တော်(၆၇)၊ ဝါတော်(၁၆)ဝါအား မူကြို ကျောင်းဂိတ်တဲ ဟောင်း အနီးတွင် စိတ်ပေါ့သွပ် သူဟုယူဆရသော ဘုန်းရ(၃၅)နှစ်(ဘ)ဦးဘိုဇင်(ဗမာ/ဗုဒ္ဓ) မကွေးတိုင်း ၊စကုမြို့၊ ဘုရားလှ ရပ်ကွက်နေသူမှ အသင့်ကိုင်ဆောင်ထားသော အရှည်(၃)ပေ သစ်သား အရိုးဖြင့်ပြု လုပ် ထားသော မြေတူရွှင်းပြားဖြင့် (၆)ချက်ခန့်ရိုက်နှက်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ စိတ်မနှံသူဟုယူဆရသော ဘုန်းရ၏ ရိုက်နှက်မှုကြောင့် ဦးပဇင်း၏ ညာဘက်နားရွက် ပေါက်ပြဲဒဏ် ရာတစ်ချက်၊ ဦးခေါင်း ဘယ်ညာချိုစောင်းပေါက်ပြဲဒဏ်ရာ(၂)ချက်ရရှိခဲ့ကြောင်း၊ အဆိုပါ စိတ်ပေါ့သွပ်သူ ဟုယူ ဆရသော ဘုန်းရ အား ရပ်ကွက်နေပြည်သူ(၄ဝ) ဦးခန့်မှ ဝိုင်းဝန်ဖမ်းဆီးခဲ့ပြီး ဒဏ်ရာရရှိသူ ဦးပဉ္စင်းအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများမှ ပြည်သူ့ဆေးရုံအရေးပေါ်ဌာနသို့ ပို့ဆောင်ကုသခဲ့ရာ (၁၁၃ဝ) နာရီချိန်တွင် ပြည်သူ့ဆေးရုံ၊ ခွဲစိတ်ဆောင်၊ အတွင်းလူနာဌာန၌ ပျံလွန်တော် မူခဲ့၍ ရပ်ကွက် အုပ်ချုပ် ရေး မှူးနှင့် ကျွန်းပင်သာရပ်ကွက်၊ပရဟိတကျောင်းမှ ဒါကာ/ဒါကာမများမှ ရုပ်ကလပ်အား ပြန်လည်ပင့်ဆောင် နိုင်ရေး စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်းနှင့် ဦးပဉ္စင်းအားရိုက်နှက်ခဲ့သူ ဘုန်းရ(စိတ်ပေါ့သွပ်ဟုယူဆရသူ)အား ပြည်သူ့ဆေးရုံရှိ အချုပ် ခန်းတွင် ယာယီချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ