Wednesday, October 15, 2014

အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ် လူသေကောင်များက ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်


အာဖရိက နိုင်ငံက အီဘိုလာ ရောဂါကြောင့်သေဆုံးသွားခဲ့သူများအား မြေမြုပ်နေစဉ်လူသေကောင်များ က ပြန်လည်အသက်ဝင်လာပြီး လမ်းပေါ်က လူများကို လိုက်တိုက်ခိုက်ကြတဲ့ ဖြစ်ရပ်တွေကြောင့်ရွာသား များ ကြောင်ရွံ့ နေကြတဲ့သတင်းကို နိုင်ငံတကာသတင်းစာတွေ မှာ ဖေါ်ပြနေကြသည်ကို တွေ့ ရပါသည်။

"ဇန်ဘီ "ဆို့ပါလျှင် အာဖရိကန် လူမျိုးတိုင်းက (ဖုတ်ကောင်) လို့ သိနေကြပါသည်။ "ဘူဒို "ဆိုသည့် လူမျိုးစုတစုရဲ့ အောက်လမ်းပညာပါ၊ လတ်လတ်ဆတ်ဆတ်သေဆုံးတဲ့သူတွေရဲ့ အလောင်းကို သချှီုင်းမှာ အောက်လမ်းပညာသုံးကာ ဆေးစီရင်ပြီးနောက် ဇန်ဘီ(ဖုတ်ကောင်) အဖြစ် အသက်သွင်းကြ သည်။
ဘူးဒိုနတ်ဆရာများကို အားလုံးက ကြောက်နေကြရသည်မှာ ဇန်ဘီများအား အမိန့် ပေးခိုင်း စေနိုင် သောကြောင့်ဖြစ်သည်။

ဖုတ်ကောင်များက နာခြင်းမရှိ-ပူခြင်းအေးခြင်း ခံစားမှုမရှိဘဲ နတ်စရာများ လုပ်ခိုင်းသည့် အတိုင်းလိုက် လုပ်ကြပါသည်။ သိရသည်မှာ ဖုတ်ကောင်များကို သုံးရက်ခိုင်းပြီး အလောင်းကောင် ဘ၀သို့ ပြန်ရောက် သွား မည်ဟုဆိုသည်။
ရှေးအခါက လူမျိုးစု အချင်းချင်း တိုက်ခိုက်မှုများတွင်၎င်း ၀န်လေးသည့် ပစ္စည်းများသယ် ဆောင်ရာတွင်၎င်း ဇန်ဘီများအားထည့်သွင်း အသုံးပြု တတ်ကြောင်း၊အာဖရိက မှာ လူသေတဲ့ အခါ ရိုးရာတခုရှိပါသည်၊ အလောင်းကိုပုပ်သွားသည်အထိဆွေမျိုးများက စောင့်ကြည့်ပေးသည့်ဓလေ့ဖြစ်၏ ၊ ထိုသို့ ပုပ်သွားပြီးမှမြေမြုပ်ကြသည်မှာ ဘူဒိုနတ်ဆရာများ လူသေကောင်ကို လာရောက်အသက် မသွင်းနိုင်ရန်ဖြစ်သည်။

ယခုဖြစ်နေသည် ဇန်ဘီ(ဖုတ်ကောင်)မှာ ဘူဒိုများကြောင့်မဟုတ်- အီဘိုလာပိုးတကိုယ်လုံးပြန့် နှံပြီး ချက်ခြင်းအကြောဆွဲသေကုန်ကြသည် သေဆုံးသူများမှာ ထူးဆန်းစွာ ဇန်ဘီ ဘ၀သို့ ကူး သွားခြင်းဖြစ်ပါ သည် အလောင်းများပုံ၍ မီးရှို့ ရန် ဓါတ်ဆီလောင်းနေစဉ်မှာ အလောင်းကောင်သုံး ရောက်ခန့်  လူသေကောင်များတွင်းမှ တိုးထွက်လာလျှက် လမ်းမပေါ်သို့ ပြေး ထွက်သွားသည်ကို ကိုယ်တွေ့ မြင်တွေ ခဲ့ရကြောင်း ကယ်ဆယ်ရေးလုပ်သားတဦးမှ သတင်းဌာန သို့ ပြောဆိုခဲ့ သည်။

ဖြစ်နိုင်သည်မှာ ယခုဖြစ်ရပ်မှာ ဘူဒို အောက်လမ်းဆရာများ ပရောဂကြောင့်မဖြစ်နိုင်- သေဆုံးသူများအား သင်္ချီုင်းမှ ၀ိညဉ်များက ၀င်ရောက်ပူးကပ်သွားကြခြင်းလည်းဖြစ်နိုင်သည်။

ထိုကဲ့သို့ သေဆုံးပြီးချင်း ဖုတ်ကောင်ဘ၀သို့ ရောက်သွားခဲ့သည်ကို ငယ်စဉ်ဘ၀ကမိမိနေထိုင်သောမြို့ တွင် ကိုယ်တွေ့ ကြုံခဲ့ရဘူးသည် ၊ ဆရာဝန်က သေဆုံးသွားပြီးဖြစ်ကြောင်း အတည်ပြုခဲ့သည့် ပိန်ချောက်နေ သည့် အဖွားအိုမှာ ကုတင်မှ ထထိုင်ပြီး အစာတောင်းစားခဲ့သည့်အပြင် အိပ်ယာထဲတွင် တချိန်လုံး လဲနေသည် အဖွားအိုမှာ ထလမ်းလျှောက်လာ၏ ညဘက်တွင် မီးဖိုတွင်းမှ ထမင်းဟင်းများကိုတိုင် ထယူစား နိုင်သည်။အရင်က စကားတိုးတိုးတိုးသားပြောဆိုနိုင်သည့်အမေအိုမှာ အသံကျယ်ဖြင့် ခတ်မာမာပြောနေ ခဲ့သည်။ညပိုင်းတွင် တညလုံးမအိပ်ပါ အစားကိုသာတွင်တွင်တောင်နေသည် ကြာသည့်အခါ အိမ်သားများ မင်္သကာဖြစ်လာတော့သည်။

မိသားစုမှာ ခရိယာန် ဘာသာဝင်များဖြစ်၍ ဘာလုပ်ရမှန်းမသိဖြစ်နေချိန်တွင်..အိမ်နီးချင်းများ ကား သာမန်ဖြစ်ရပ်မဟုတ်သည်ကိုသိ၍ အကြံပေးသဖြင့် အထက်ဂိုဏ်းဆရာကြီးတဦးအား ပင့်ဆောင် အကူညီတောင်းခဲ့ ရသည်။

ဆရာကြီးအိမ်ဝရောက်သည်နှင့် အမေကြီးမှာ ဆဲဆိုနေလေပြီ..အိပ်ယာဘေးမှ ထွေးခံနှင့် ဆရာကြီး အားပေါက်သေး၏။လူနာအခြေအနေကိုသိသော ဆရာကြီးက ပြင်ပမှ အပမှီခြင်း ဖုတ်ဝင်နေ သည်ဖြစ် ကြောင်း၊ အဖွားအိုသေဆုံးခဲ့သွားပါ့ပြီ သို့ သော် အဖွားအိုသေဆုံးခဲ့ပြီး မကျွတ်မလွတ်နိုင်သေးသည့် ၀ိညဉ် မှဝင်ရောက်ပူးကပ်ခြင်းဖြစ်ကြောင်းရှင်းပြီးသော် အဖွားအိုခေါင်းအုံးအောက်တွင် အင်းကွက်ချဆေးစီရင် ထားသည့် သတ္တုပြားသုံးပြား အားခေါင်းအုံး အိပ်ခိုင်းပါသည်။ထိုညမှာပင် အဖွားအော်ဟစ်ခါငြိမ်ကျ သွားပြီးနောက် ချက်ချင်းပင်အလောင်းကို မြေမြုပ် လိုက်ကြသည်။

ယခု အာဖရိက နိုင်ငံများတွင်ဖြစ်နေသည် ဇန်ဘီ ဖုတ်ကောင်များ သတင်းက တကယ်သွေးပျက် စရာပင်ဖြစ်သည် ၊လူများလမ်းမပေါ်မထွက်ရဲအောင် တိတ်ဆိတ်နေပါသည်၊လမ်းမပေါ်တွင် လူသေများ နေရာတိုင်းတွေ့ နေရပြီး တချို့ မှာ မသေမရှင်တွားသွားနေကြသည်ကိုလည်းတွေရသည်၊

ဖုတ်ကောင်များနှင့် တိုက်ခိုက်ခြင်း ရုပ်ရှင်များ-ဂိမ်းများ ပုံစံကဲ့သို့ ပင် အပြင်မှာအမှန် တကယ်ဖြစ်ပျက်နေ သည်ကို လက်တွေ့ မကြုံ၍ ယုံနိုင်ကြလိမ့်မည်ကား မဟုတ်ပေ။

မင်းဗမာ ဘာသာပြန်ဆိုသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ