ကမ္ဘာ့ဘဏ်၏ အရှေ့အာရှဆိုင်ရာအကြီအကဲ Axel Van Trotsenburg က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံ မှုပြုလုပ်ထားသောပမာဏကို သုံးဆမြင့်တင်ရန် စီစဉ် ထားကြောင်းပြောကြားခဲ့သည်ဟု Emerging-markets သတင်းဌာနက ယနေ့ဖော် ပြသည်။
ကမ္ဘာ့ဘဏ်သည်မြန်မာနိုင်ငံရှိကျန်းမာရေးကဏ္ဍ၊ အခြေခံအဆောက်အအုံ တည်ဆောက်ရေးကဏ္ဍ၊ စွမ်းအင်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမူမြင့်တင်ရန် စီစဉ် ထားသည်ဟု Axel Van Trotsenbury ကပြော သည်။ ကမ္ဘာ့ဘဏ်သည် လက်ရှိ အချိန်တွင် မြန်မာနိုင်ငံ၌ အအေရိကန်ဒေးလာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံ ကာ ဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော်လျှက်ရှိပြီး လာမည့်သုံးနှစ်အတွင်း ရင်းနှီးမြှုပ်နှံမှု ပမာဏကို မမေရိကန်ဒေါ်လာ ၂ ဘီလီယံအထိ တိုးမြှင့်သွားရန် ရည်ရွယ် ထားသည်ဟုဆိုသည်။
Axel Van Trosenbury က ”ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ တစ်နိုင်ငံလုံး လွှမ်းခြုံနိုင်တဲ့ ကျန်းမာရေး ၀န်ဆောင်မူစနစ်မျိုး ဖန်တီးပေးနိုင်အောင် ကြိုးစားသွား မှာပါ။ မြန်မာနိုင်ငံမှာဖော်ဆောင်နေတဲ့ ကျန်းမာ ရေးကဏ္ဍအသွင် ပြောင်းစီမံကိန်း တွေအတွက် အနည်းဆုံးအမေရိကန်ဒေါ်လာ သန်း ၄၀၀ လောက်အကူ အညီပေးဖို့ ရှိပါတယ်။ ပညာရေးကဏ္ဍ၊ လျှစ်စစ်စွမ်းအင်ထုတ်လုပ်ရေး ကဏ္ဍနဲ့ အခြေခံအဆောက် အအုံ တည်ဆောက်ရေးကဏ္ဍ တွေမှာလဲ မြန်မာနိုင်ငံဟာ အကူညီတွေအများအပြား လိုအပ်နေပါတယ်။ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်မှ အဆင်ပြေပါလိမ့်မယ်” ဟုပြောသည်။
No comments:
Post a Comment