နေပြည်တော်ကောင်စီနယ်မြေ ဇမ္ဗူသီရိမြို့နယ် အလျင်လိုကျေးရွာရှိ ဆင်မရတနာလုရားကုန်းပေါ်၌ အုတ်ခွက်ဘုရား ၁၁၂ ဆူကိုယမန်နေ့နံနက် ၈ နာရီ က တူးဖော်တွေ့ရှိခဲ့ကြောင်းဘုရားဂေါပက ဥက္ကဌ ဦးဇော်လွင်က ပြောသည်။
အဆိုပါဘုရားများတွေ့ရှိခဲ့ခြင်းနှင့်စပ်လျဉ်း၍ ”ကျွန်တော်တို့ယခုလ ၁၁ ရက် နံနက် ၈နာရီလောက်မှ ဆွမ်းချက်မယ့်အဆောင် ဆောက်လုပ်ဖို့အတွက် တိုင်စိုက် ဖို့တွင်းတူးတဲ့အခါ နဂိုရှိတဲ့ တ၀ဂူ ဘုရားနဲ့ နှစ်ပေ လောက်အကွာမှာ တွင်းတူးတော့ တစ်ပေလောက်ပဲ တူးရတယ်။ ဘုရားတွေကို တွေ့ခဲ့တာပါပဲ။ အားလုလံးဘုရား ၁၁၂ ဆူ ဖြစ်ပါတယ်။ ဘုရားဆင်းတုတွေကိုတော့ ဘယ်ခောတ်ကလက်ရာလဲဆိုတာ အတိကျမခန့်မှန်းနိုင်ပေမယ့် ပုဂံခောတ်လက်ရာတွေဖြစ်ဖို့တော့များပါတယ်။ ဘာကြောင့်လဲဆိုတော့ဒီလာက်ရှိဘုရားကုန်းဟာ အလောင်းစည်သူမင်းလက်ထက် ကတည်းက တည်ရှိနေ ခဲ့တာဖြစ်တယ်လို့ ရှေးလူကြီးတွေပြောခဲ့တာကို မှတ်သား ဖူးလို့ ဒီလိုယူဆတာဖြစ်ပါတယ်”ဟုဂေါပကဥက္ကဌ ဦးဇော်လွင်ကပြောသည်။
တူးဖော်ရရှိသောဘုရား ၁၁၂ဆူတို့အနက် ၇၃ ဆူမှာပကတိအတိုင်း တွေ့ရှိရခြင်းဖြစ်ပြီး ၃၉ ဆူမှာ လက်ရာ ပျက်ကာကျိုးပဲ့လျက်တွေ့ရှိခြင်းဖြစ်ပြီး ဘုရား များကို တွေ့ရှိခဲ့စဉ်က ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်း ကြား ပြီးနောက် သက်ဆိုင် ရာမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့မှတာဝန်ရှိသူများ လာရောက်ကြည့် ရှု ခဲ့ကြ ကာ ဘုရားများကို မပျောက်ပျက်အောင်သေချာစောင့်ရှောက်ပေး ထားရန်မှာကြား ခဲ့ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် အဆိုပါဘုရားများကိုဆင်မရတနာဘုရားပရိဂုဏ်အတွင်းရှိအောင်ဆုထူးစံဓမ္မာရုံ၌အပူဇော်ခံကိုး ကွယ်ထားလျက်ရှိသည်။
No comments:
Post a Comment