Labels
- ၀တ္ထုတို
- ကဗျာ
- ကာတွန်း
- ကျန်းမာရေး
- တိုင်းရင်းသားရေးရာ
- ထူးခြားသတင်းများ
- ဓါတ်ပုံမှတ်တမ်းများ
- နိုင်ငံတကာသတင်း
- ပညာရေး
- ဗဟုသုတ
- ငြိမ်းချမ်းရေး
- ဘာသာရေး
- မိုးလေဝသသတင်း
- မှုခင်း
- ပြည်တွင်းသတင်း
- သ၀ဏ်လွှာ
- သတင်း
- သုတ
- ဟာသ
- အားကစား
- အတွေးအမြင်
- အနုပညာသတင်း
- ဥပဒေ
- ရွေးကောက်ပွဲ
- ဆောင်းပါး
- ဆောင်းပါးများ
- ပေးစာကဏ္ဍ
- ကြော်ငြာ
- ရွေးကောက်ပွဲသတင်း
- နိုင်ငံတကာသတင်း
- နိုင်ငံရေး
Thursday, October 2, 2014
ထိုင်းနိုင်ငံတွင်ဗြိန်တိန်နှစ်ဦးကို သတ်သူကမြန်မာအလုပ်သမားဖြစ်ကြောင်းဝန်ခံ
သတင်းကောင်းတော့ မဟုတ်ပါဘူး။ သတင်းဆိုးတစ်ခုပါပဲ။ စက်တင်ဘာလ ၁၅ ရက်နေ့က ဗြိတိန်နိုင်ငံသား တစ်ဦးနဲ့ နိုင်ငံသ တစ်ဦးတို့ရဲ့ ရုပ်အလောင်းကို Ko Tao မှာ မြင်တွေ့ ရတယ်ဆိုတဲ့ သတင်းကို သိသူလည်း သိကြပါလိမ့်မယ်။ ယင်း လူသတ်မှု အတွက် ဝန်ခံသွားသူ ကတော့ မြန်မာ အမျိုးသား တစ်ဦး ဖြစ်ကြောင်း ထိုင်းနဲ့ UK မီဒီယာ များက ဖော်ပြနေပြီ မို့လို့ ဖြစ်ပါတယ်။
အသက် ၂၃ နှစ်အရွယ်သာ ရှိသေးတဲ့ အမျိုးသမီး Hannah Witheridge နဲ့ အသက် ၂၄ နှစ်အရွယ်ရှိ David Miller တို့ဟာ ကမ်းခြေမှာ အသတ်ခံရခြင်း ဖြစ်ပါတယ်။ အမျိုးသားဖြစ်သူကိုတော့ တစ်ယောက်က ရေနှစ်သတ်ပြီး ကျန်နှစ်ယောက်က Hannah ကို အဓမ္မ ပြုကျင့်ပြီး သတ်ခြင်း ဖြစ်ကြောင်း ဆိုပါတယ်။ ယင်းအတွက် Ko Tao ကျွန်းငယ်လေးမှာ DNA စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်နိုင်ချေ ၁၀၀ ထဲမှာ မြန်မာ အများ ပါဝင်ပါတယ်။ နောက်ထပ် ၁၀ ယောက်တည်းမှာလည်း ပါဝင်ပြီး ယင်းထဲက မြန်မာ တစ်ယောက်ဟာ အပြစ်ရှိကြောင်း တရားဝင် ဝန်ခံခဲ့ ပါတယ်။
ဒါကြောင့်မို့ ထွက်ပြေး တိမ်းရှောင်နေသေးတဲ့ နောက်ထပ် နှစ်ယောက်ကိုလည်း လိုက်လံ ဖမ်းဆီးလျက် ရှိပြီး ၁၄ နာရီအတွင်း မိစေရမယ်လို့ ထိုင်းအာဏာပိုင် တို့က ကတိပေးပါတယ်။ ယင်း ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံနဲ့ ဗြိတိန်တို့ကြား ဆက်ဆံရေး ထိခိုက်ပြီး ခရီးသွားလုပ်ငန်းကိုပါ အကြီးအကျယ် ထိခိုက်စေမှာပါ။ လက်ရှိ ထိုင်းနိုင်ငံရဲ့ ၁၀ ရာခိုင်နှုန်းသော ဝင်ငွေဟာ ခရီးသွားလာရေး လုပ်ငန်းမှ ရရှိခြင်း ဖြစ်ပါတယ်။ ယခု လူသတ်မှုမှာ ပါဝင်သူ များက မြန်မာပြည်မှ လာရောက်တဲ့ ရွှေ့ ပြောင်းလုပ်သားများ ဖြစ်ကြောင်း ဆိုပါတယ်။
ဒီတော့ နောက်ဆက်တွဲအနေနဲ့ကတော့ အားလုံး သိကြမှာပါ။ မြန်မာပြည်နဲ့ ထိုင်းနိုင်ငံ ဆက်ဆံရေး၊ မြန်မာပြည် နဲ့ ဗြိတိန် ဆက်ဆံရေးတို့ကိုပါ ထိခိုက် နိုင်ပြီး နာမည် ဆိုး တစ်ခု တွင်သွား နိုင်ပါတယ်။ ထိုင်းနိုင်ငံရှိ ဗြိတိန်သံရုံးဟာ ၎င်းတို့ နိုင်ငံသား အားလုံးအတွက် ခြေရာခံ ပေးနိုင်မယ့် သက်ကယ် လက်ပတ်များ ကို ထုတ်ပေးနေပြီ ဖြစ်ပါတယ်။ Metro မှာ ဖော်ပြတဲ့ သတင်းကိုhttp://metro.co.uk/2014/10/02/burmese-worker-admits-killing-british-tourists-in-thailand-4890006/ ထဲမှာ ဝင်ရောက် ဖတ်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)
www.yoyarlay.com
Labels:
နိုင်ငံတကာသတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment