Saturday, October 11, 2014

နိုင်ငံတော်အစိုးရ၏ ဆောင်ရွက်ချက်များကို ထောက်ခံသည့် ဆန္ဒဖော်ထုတ်ပွဲကျင်းပ




ပဲခူးတိုင်းဒေသကြီး၊သနပ္ပင်မြို့နယ်၊မင်းရွာကျေးရွာတွင် (၁၂.၁၀.၂၀၁၄)နေ့ နံနက်(၈း၀၀)အချိန်က နိုင်ငံတော် သမ္မတအား ကျေးဇူးတင်၊တောင်းဆိုဆန္ဒ ထုတ်ဖော်ပွဲကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲသို့ သနပ္ပင်မြို့နယ်အတွင်းရှိ မင်းရွာကျေးရွာ၊တာဝကျေးရွာ၊ကျောင်းစုကျေးရွာ၊ ကျူချောင်းကျေးရွာနှင့်ကျွန်းကြီးကျေးရွာမှ တောင်သူလယ်သမားစုစုပေါင်းအင်အား(၁၀၀၀)ကျော်မှ မင်းရွာ ကျေးရွာရှိ မာဃဆွမ်းလောင်းဓမ္မာရုံရှေ့မှ ရွာလယ်လမ်းအတိုင်းလှည့်လည်၍ နိုင်ငံတော်သမ္မတကြီး ကျန်းမာပါစေ၊ဆင်းရဲနွမ်းပါမှုလျှော့ကျအောင်ဆောင်ရွက်ပေးသော သမ္မတကြီး တိုင်းပြည် တာဝန်ကို စထက်ထမ်းပိုး ဆောင်ရွက်နိုင်ပါစေ၊ နွေစပါတိုးချဲ့စိုက်ပျိုးနိုင်ရေး အောက်ရေရရှိအောင် ဆောင်ရွက် ပေးသောနိုင်ငံတော်အစိုးရအားကျေးဇူးတင်ပါသည်၊ ပဲခူးစစ်တောင်း တူးမြောင်းပြန်လည်ပြုပြင်ပေးသော လယ်/ဆည် ပြည်ထောင်စုဝန်ကြီးအားကျေးဇူးတင်ပါသည်၊ကျွန်းကြီးကျေးရွာမှ အောက်ကျူချောင်းကျေးရွာ သို့ရေနှုတ်မြောင်းတူးဖော်ပေးပါရန် တောင်းခံအပ်ပါသည်၊ စသောဆိုင်းဘုတ်များကိုင်ဆောင်လျှက်မင်းရွာ ရေလွှဲပေါက်တံတားအထိငြိမ်းချမ်းစွာလှည့်လည်ဆန္ဒထုတ်ဖော်ခဲ့ပြီး နံနက်(၁၀း၃၀)အချိန်တွင်ဆန္ဒထုတ် ဖော်ပွဲအောင်မြင်စွာပြီးဆုံးသွားကြောင်းသတင်းရရှိသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ