မြန်မာနိုင်ငံ ပါတီစုံဒီမိုကရေစီစနစ် အကောင်အထည်ဖော်ဆောင်ရွက်မှု
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ ရည်မှန်းချက်မှာ “ နိုင်ငံတော်ကို အေးချမ်း သာယာပြီးခေတ်မီ ဖွံဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံတော်အဖြစ် တည်ဆောက်ရေးနှင့် အဓွန့်ရှည်တိုးတက်တည် တံ့ခိုင်မြဲရေး ” ဖြစ်ပါသည်။ ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီး နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲရာတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်ကာ ကြိုးပမ်းလျှက်ရှိပါ သည်.။
ဒီမိုကရေစီအသွင်းကူးပြောင်း နိုင်ခဲ့ပြီဖြစ်ရာ လွှတ်တော် ၊ အစိုးရ ၊ တရားလွှတ်တော်တို့ ပေါ်ထွန်းလာခဲ့ သည်။ နိုင်ငံရေးနှင့် လူမှုစီးပွားရေးတို့သည်လည်း ညင်သာချောမွေ့စွာ ပြောင်းလဲလာပြီး အောင်မြင်တိုး တက်လျှက်ရှိပါသည်။
ယနေ့လွှတ်တော်အဆင့်ဆင့်သည် တိုင်းရင်းသားပေါင်းစုံ၊ ပါတီပေါင်းစုံတို့ဖြင့် ဖွဲ့စည်းထားပါသည်။ လွှတ်တော်များ၏ အဓိကတာဝန်သည် ဥပဒေပြုရေးဖြစ်သည်နှင့်အညီ နိုင်ငံတော်နှင့် နိုင်ငံသားများ အကျိုးစီးပွားကို ဖြစ်ထွန်းစေရန်၊ တရာမျှတပြီး ပြည်သူများလိုက်နာနိုင်သော ဥပဒေဖြစ်စေရန်နှင့်နိုင်ငံ တကာကွန်ဗင်းရှင်းများ ၊ (Treaty ) နှင့်ကိုက်ညီစေရန် အလေးထား၍ ဥပဒေများပြင်ဆင်ခြင်း၊ ပယ် ဖျက်ခြင်း၊ အသစ်ရေးဆွဲခြင်းများ ဆောင်ရွက်လျှက်ပါသည်။
အစိုးရအဖွဲ့နှင့် တရားရေးအဖွဲ့သည်လည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ပြည်သူဗဟိုပြု လူမှုစီးပွားပြုပြင် ပြောင်းလဲမှု၊ အစိုးရဌာနအဖွဲ့အစည်းများ၏ စီမံအုပ်ချုပ်မှုစနစ် တိုးတက်ကောင်းမွန်စေရန် ပြုပြင်ပြောင်းလဲမှုများဖြင့် ကောင်းမွန်သောအုပ်ချုပ်မှုစနစ် ဖြစ်ထွန်းအောင်မြင်အောင် ဆောင်ရွက်လျှက် ရှိပါသည်။
ယနေ့ကာလသည် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်ဖြစ်ထွန်းစကာလဖြစ်ရာ ပါတီစွဲ ၊ ၀ါဒစွဲ၊ ဒေသစွဲ ၊ လူမျိုးစွဲ၊ ဘာသာစွဲ အစရှိသော အစွဲများကင်းစင်စွာဖြင့် နိုင်ငံနှင့်နိုင်ငံသားအကျိုးကို အားလုံးပူးပေါင်း ဆောင်ရွက် သွားရန်လိုပါသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်မှုနှင့် အမျိုးသားစည်းလုံးညီညွတ်မှုနှင့်အတူ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ လက်ရှိရရှိ ထားသော အခြေအနေကောင်းများမှ ယုတ်လျော့မသွားစေဘဲ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် အောင်မြင် စေရန် ပါတီများ၊ လွှတ်တော် ၊အစိုးရအဖွဲ့၊ တပ်မတော်နှင့် ပြည်သူတစ်ရပ်လုံး ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်ပါသည်။
မြန်မာဒီမိုကရေစီဖော်ဆောင်မှု အုတ်မြစ်များဖြစ်သည့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး၊ စည်းလုံးညီညွတ်ရေး၊ အမျိုးသားပြန်လည်းသင့်မြတ်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ အကျိုးစီးပွားပိုမိုဖြစ်ထွန်းရေး ၊ နိုင်ငံသား များ၏ မူလအခွင့်အရေးများရရှိရေးတို့ကို ဆောင်ရွက်လျှက်ရှိရာ တည်ငြိမ်အေးချမ်းမှုသည် အထူးပင် အရေးကြီးပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့်  တန်းတူညီမျှရေး၊ အုပ်ချုပ်မှုဆိုင်ရာ ခွဲခြားမှုမရှိရေး အတွက် အလေးပေးဆောင်ရွက်နေပါသည်။
ပထ၀ီနိုင်ငံရေးအရ မြန်မာနိုင်ငံသည် အင်အားကြီးနိုင်ငံ (၂) ခုအကြားတွင် တည်ရှိပြီး တိုင်းရင်းသား မျိုးနွယ်စု (၁၀၀)ကျော် စုပေါင်းနေထိုင်ကြသဖြင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်း ရေး သည် အလွန်အရေးကြီးပေသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် “ ပြည်ထောင်စု မပြိုကွဲရေး ၊ တိုင်းရင်းသားစည်းလုံညီညွတ်မှု မပြိုကွဲရေး ၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး ” တည်းဟူသော အရေး (၃)ပါးကို အမျိုးသားရေးတာဝန်အဖြစ် ယုံကြည်သည့်အပြင် အမျိုးသားရေး မူဝါဒ အဖြစ် ခံယူကျင့်သုံးလျှက်ရှိပါသည်။ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးကိုလည်း လိုလားပါသည်။ ယနေ့ကာလသည် တိုင်းရင်းသားပြည်သူများ၏ လိုလား ချက်ဖြစ်သော ဖက်ဒရယ်ကိုအခြေခံသော ပြည်ထောင်စုမူဝါဒ များကို ဖော်ဆောင်နေသည့် ကာလဖြစ် ပါသည်။ နိုင်ငံတည်ငြိမ်အေးချမ်းရေး၊ တည်ဆောက်ရာတွင် လက်နက်ကိုင်လမ်းစဉ်ဖြင့် တောင်းဆိုခြင်း၊ ငြင်းဆန်ခြင်းများကို ရှောင်ရှာပြီး ပြည်ထောင်စုစိတ်ဓာတ်ကို အရင်းခံသည့်ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ ဆောင်ရွက်ဖော်ဆောင်ရမည်ဖြစ်ပါသည်။
နိုင်ငံတော်အတွင်း နှစ်ကာလကြာရှည်စွာ ဖြစ်ပေါ်ခဲ့သော လက်နက်ကိုင်ပဋိပက္ခများကြောင့် တိုင်းရင်းသား ပြည်သူများအနေဖြင့် ကြီးမားသော လူမှုဒုက္ခများ ကြုံတွေ့ခံစားကြရသည်။ ထိုအနိဋ္ဌာရုံများမှ ကင်းလွတ် စေရန်အတွက် တိုင်းရင်းသားပြည်သူများအားလုံးတန်းတူရည်တူ စည်းလုံးညီညွတ်စွာပူးပေါင်း၍ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို မဖြစ်မနေဖော်ဆောင်ရန်လိုပါသည်။ သို့မှသာလက်နက်ကိုင်ပဋိပက္ခ များချုပ်ငြိမ်းပြီး ငြိမ်းချမ်းရေးတည်ဆောက် နိုင်မည်ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ အခြေတည်ခိုင်မာမှသာနိုင်ငံနှင့်နိုင်ငံသား များ၏လူမှုစီးပွားဘ၀များ ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ပါသည်။ အမျိုးသားပြန်လည် စည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုများ ဆက်လက်ဖြစ်ထွန်းမှုကလည်း ဖွံ့ဖြိုးတိုး တက်ရေးကို အထောက် အကူပြုသည်။ ထို့ကြောင့်(Stake holder)များအကြား ယုံကြည်မှုတည် ဆောက်ရန်လိုပါသည်။ ဆန့်ကျင် ဘက်အကျိုးဆက်များ မဖြစ်ပေါ်စေရန် ဒီမိုကရေစီကျင့်စဉ်နှင့်အညီ တွက်ဆဆင်ခြင်၍ စည်းလုံးညီညွတ် စွာဆောင်ရွက်ကြရပေမည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်အစိုးရပြုပြင်ပြောင်းလဲရေးကို အမှန်တကယ်လို လားသည့် ပါတီအဖွဲ့အစည်းများ၊ ပြည်သူများနှင့် လက်တွဲကာ နိုင်ငံတော်နှင့်နိုင်ငံသားတို့၏ အကျိုးစီးပွား ကို ဦးထိပ်ထား၍ ဆောင်ရွက်လျက်ရှိပါသည်။
No comments:
Post a Comment