Monday, October 13, 2014

ပခုက္ကူတွင်ဆိုင်ကယ်ချင်းတိုက်မိ အမျိုးသမီးတစ်ဦးသေဆုံး

ပခုက္ကူမြို့အမှတ်(၄) ရပ်ကွက် ထန်းတန်းလမ်း ဟေမာန်နှင်းမိုတယ်အနီးတွင် ယခုလ ၈ ရက် ည ၉ နာရီခွဲ က ယာဉ်တိုက်မှုဖြစ်ပွါးရာ အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။ ဖြစ်စဉ်မှာ ကီးဘူးမနားအသက် (၁၇) နျစ် အမှတ်(၃) ရပ်ကွက်နေ ပခုက္ကူမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှ တစ်ရပ်ကွက်တည်းနေ လိန်းကီး အသက်(၁၆)နှစ်၊စိန်ပေတူး အသက်(၁၈)နှစ်တို့ စီးနင်းလိုက်ပါလာသည့်ရိအမ်ဘို ၁၂၅ အနက်ရောင်ဆိုင် ကယ်သည် မျက်နှာချင်းဆိုင်မှ မဇင်မာဝေ အသက်(၃၇) နှစ် အမှတ်(၁၅) ရပ်ကွက် ပခုက္ကူမြို့နယ်နေသူ မောင်းနှင်ပြီး နောက်မှသားဖြစ်သူ ထက်ဝေယံ အသက်(၁၃)နှစ်လိုက်ပါလာသည့် ဖီတွန်၁၁၀ အစိမ်းရောင်ဆိုင်ကယ်အားဝင်ရောက်တိုက်မိခဲ့သဖြင့် မဇင်မာဝေမှ ဦးခေါင်းဝဲဘက်ချိုစောင်း ဖူးရောင် ဒဏ်ရာ၊ နှာခေါင်းသွေးထွက်ဒဏ်ရာ များဖြင့်သေဆုံးခဲ့ပြိး မောင်ထက်ဝေယံတွင် ယာနားထင်ထက်ဖူး ရောင်ဒဏ်ရာ၊နှာခေါင်းသွေးထွက်(စိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့သဖြင့် ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကီးဘူးမနားအား ပခုက္ကူမြို့နယ်ရဲစခန်းက ယာဉ်(ပ)၉၁/၂၀၁၄၊ပုဒ်မ၃၀၄-က/၃၃၈/၃၃၇ဖြင့် အမှုဖွင့်အရေး ယူထားကြောင်းသိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ