Tuesday, October 14, 2014

သ၀ဏ်လွှာပေးပို့

အထိန်းသိမ်းခံမြန်မာနိုင်ငံသားနှစ်ဦးနှင့်ပတ်သက်ပြီး
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့် ထိုင်းအမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌထံသို့
သ၀ဏ်လွှာပေးပို့

နေပြည်တော် အောက်တိုဘာ ၁၃
ထိုင်းနိုင်ငံတွင် လက်ရှိမြန်မာနိုင်ငံသားနှစ်ဦးအား ဖမ်းဆီးထားမှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌဦးခင်အောင်မြင့်က လက်မှတ်ရေးထိုးကာ ထိုင်းနိုင်ငံရှိအမျိုးသားဥပဒေပြုညီလာခံဥက္ကဋ္ဌ ထံသို့ ယနေ့သ၀ဏ်လွှာပေးပို့ခဲ့သည်။
၎င်းသ၀ဏ်လွှာအပြည့်အစုံမှာ - 


၁။ ထိုင်းနိုင်ငံတောင်ပိုင်း ဆူလဋ္ဌာနီခရိုင် ခိုတောင်ကျွန်းပေါ်တွင် စက်တင်ဘာ ၁၄ရက်က ဖြစ်ပွားခဲ့သော ဗြိတိန်နိုင်ငံသားကမ္ဘာလှည့် ခရီးသွားနှစ်ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ မြန်မာလူငယ်နှစ်ဦးကို သံသယ ဖြင့် ဖမ်းဆီးထားကြောင်း သိရှိရသည်။

၂။ ထိုင်းနိုင်ငံ၌ ဖမ်းဆီးခြင်းခံထားရသော မြန်မာလူငယ်များသည် တရားဥပဒေ၏ ရှေ့မှောက်တွင်မျှတ သော လူသားအခွင့်အရေးရရှိရမည်ဖြစ်ပါသည်။ သို့ပါ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသား လွှတ်တော်အနေဖြင့် ဤအမှုကိစ္စကို အလေးထားလေ့လာလျက်ရှိပါသည်။ အဆွေတော်နှင့်တကွ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြုညီလာခံ၏ အရေးပါသောအခန်ကဏ္ဍကို အလေးထားလျက်။
ဦးခင်အောင်မြင့်ဥက္ကဋ္ဌအမျိုးသားလွှတ်တော် ဟုဖြစ်သည်။
အဆိုပါသ၀ဏ်လွှာပေးပို့မှုနှင့်ပတ်သက်ပြီး အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက “သာမန်အားဖြင့်တော့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့သ၀ဏ်လွှာကို လွှတ်တော်ကိုတင်ပြပြီးမှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ သို့သော်လည်း ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာအားလုံး ကို မခြွင်းမချန်အပြည့်အ၀ဆောင်ရွက်နေတာဖြစ်ပါတယ်။ လွှတ်တော်ဝိုင်းအနေနဲ့လည်း ဒီလို သ၀ဏ်လွှာပို့ သင့်တယ်ဆိုတဲ့နေရာမှာ အမျိုးသားလွှတ်တော်ရဲ့ ထောက်ခံချက် ရရှိဖို့အတွက် ဦးခင်မောင်ရည်က အရေးကြီးအဆိုတင်သွင်းမှာဖြစ်ပါတယ် ” ဟုပြောကြားခဲ့သည်။

ထို့်နောက် ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၆) မှအမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဥပဒေ ကြမ်းကော်မတီဥက္ကဋ္ဌ မြန်မာ - ထိုင်းလွှတ်တော်ချင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ ဦးခင်မောင်ရည်က “အမျိုးသားလွှတ်တော်ဥက္ကကြီးက သ၀ဏ်လွှာပါးခြင်းသည် ပြည်သူ့ဆန္ဒပြည်သူ့မျှော်လင့်ချက်ကို လွှတ်တော် ကဖော်ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက်ကြောင့် ဒီသ၀ဏ်လွှာကို ပေးပို့သင့်ပါကြောင်း၊ အမျိုးသား လွှတ်တော်ကြီး က တစ်ခဲနက်တညီတညွတ်တည်း ထောက်ခံပါကြောင်း ကျွန်တော်ကအဆိုတင်သွင်းအပ် ပါတယ်” ဟုပြောကြားသည်။

ယင်းနှင့်စပ်လျဉ်းသည့် အဆိုကိုတင်သွင်းခဲ့ပြီးနောက် တင်သွင်းအဆို နှင့်ပတ်သက်၍ မန္တလေးတိုင်း ဒေသကြီးမဲဆန္ဒနယ်အမှတ် (၁)မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစိုးထွန်းက ထောက်ခံ ခဲ့ပြီး အဆိုအားအမျိုးသား လွှတ်တော်၌ အတည်ပြုနိုင်ရန် မဲခွဲဆုံးဖြတ်ခဲ့ရာ ကန့်ကွက်သူမရှိ ထောက်ခံ ခဲ့ကြသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ